သူလေး

ဆံလွှာစင်းပင် ကေသာပိတုန်း
နုနယ်ပျိုဖြန်း ရုပ်၏စွမ်းနှင့်
အာရုံဖြင့်နှော စိတ်ဖြတ်သန်းတဲ့
သူလေးရဲ့ ... ဟန်

လှမ်းနေခြေကြွ ထူးကာလျှောက်တော့
မြင်သူလူငေး ငါလည်းကြည့်တော့
အညှာမခိုင် အစဉ်သာပိုင်တဲ့
ဒီအသည်းမှာ စွဲပျားလိုပဲ
အုံအဆင်နဲ့ ပြုံတစ်သလို
ချစ်စိတ်တွေက စီရီစီရီ ...

ပွင့်လွှာစကား ထွက်လွင့်သန်းတော့
သည်းခြေစုမှာ မြဲနေမြစ်လို
စွဲနေတာတွေ အမှန်ရယ်ပ
သူလေးရဲ ... အသံ

ဘာသာတရား လျစ်လျူမရှု
ကုသိုလ်ပြုလို့ တွန့်ဆုတ်မနှေး
လောကီရေးကို လမ်းမှန်လျှောက်ပြီး
ကြိုးစားအားထုတ် အပြုဆောင်တဲ့
မနောဖြူတဲ့ ချောနှမသူ ...

ကြိုက်၏တစ်သွယ် ရှိုက်ထိလွယ်လို့
စိုက်ကြည့်တစ်ဖန် သည်းထိမှန်ပြီး
အစိုးမရလို့ ရိုးရွနေတယ် ...

ဆုံတွေ့ခြင်းရဲ့ ဇတ်လမ်းလေးရယ်
မဖြစ်နိုင်မှန်း တွေးတောနေလို့
တင်းခံနေပြီး ငြင်းဆန်နေတယ် ...

ကြယ်စင်စုတွေ ကွယ်ပျောက်ခြင်းနှင့်
အလွမ်းပန်းလူ အနမ်းချူတော့
အိပ်စက်လမ်းက သူ့ထံပါးမှာ ...

ပျော့ဖယောင်းလို ညွှတ်ကိုင်းနေလို့
အရည်ပျော်ကျ ဒီညတွေမို့
ရက်တွေဆက်တိုက် ဖြိုးဖြိုးဖျောက်နဲ့
ဖက်စွတ်မိုးလို့ ဆွတ်ရုံကျမယ့်
တစ်စက်တစ်ပေါက် အအေးရောက်အောင်
သွန်းဖြိုးလှည့်ပါ သူ့တစ်ယောက်ရယ် ...

ညတစ်ချို့ရဲ့ ကြယ်လင်းစုံဟာ
သူ့ဆံနွယ်ကြား ပုန်းနေသလားပဲ ..
အရူးမူးနဲ့ ကြယ်ကြွေကောက်သူ
င့ါတစ်ယောက်တွက် အလင်းစင်နှင့်
သာယာလှည့်ပါ ညကမ္ဘာကို ...

အသည်းတစ်ပွင့်ရဲ့ ကမ်းလင့်အိပ်မက်
လှမ်းဆင့်မက်လို့ မှန်းတင့်တယ်ပြီး
လမ်းဖွင့်ထားတဲ့ အသည်းတံခါး ,
ဝင်မလာလေလို့ ကြွေကာညှိုးတယ် ...

အတွေးနယ်မှာ လွင့်ပျံ့ခြယ်တော့
သူတစ်ယောက်ရဲ့ ရင်ခုန်သံကို
လှိုင်းတစ်ဖြစ်နဲ့ ခတ်ဆင့်ရိုက်လို့
ထပ်တူပြုမယ့် နေ့ရက်အချိန် ...

ပန်းခင်းလမ်းမှ ဆူးပန်းပွင့်ကို
မခြွေရက်လို့ အနေခက်နေလည်း
ငါလေ .. ကြွေဆက်နေမယ် ...

အပိုင်းအစ တစ်ချို့တစ်ချို့
နှိုင်းပြလို့ မရတာမို့
လှမ်းတပြစာ လမ်းကျဉ်းလေးမှာ
ဟိုက်ကျစွာ ပြေးနေမိလည်း
ကမ်းလင့်ကာ လှမ်းဆင့်ရင်ဖြင့်
ကံတင့်တယ် အမှန်တစ်ဖြစ်ကွဲ့
အဖြစ်အပျက် အမှန်မှားနဲ့
စံဖြစ်မယ့် င့ါချစ်ခြင်း ...
သူတစ်ယောက်တွက် ပုံအပ်နှင်းတယ် ..။

23 comments:

s said...

ကဗျာအရေးအသားအဖွဲ့အနွဲ့လေးတွေအရမ်းကောင်းတယ်။ အကို


ဒီအပိုဒ်လေး ပိုကြိုက်တယ်။

ပျော့ဖယောင်းလို ညွှတ်ကိုင်းနေလို့
အရည်ပျော်ကျ ဒီညတွေမို့
ရက်တွေဆက်တိုက် ဖြိုးဖြိုးဖျောက်နဲ့
ဖက်စွတ်မိုးလို့ ဆွတ်ရုံကျမယ့်
တစ်စက်တစ်ပေါက် အအေးရောက်အောင်
သွန်းဖြိုးလှည့်ပါ သူ့တစ်ယောက်ရယ် ...

K. said...

အလွန်ရှည်သောကဗျာတွေရေးနိုင်တာ တော်တော်လေးစားပါတယ်
ကောင်းပါ့နော် ကာရံတွေညီနေတာက တော့ ဆရာကြီးတစ်ဆူပါဘဲနော်

Unknown said...

သူလေးအတွက်ဂုဏ်ယူပါတယ်
အရုပ်ကလေးရေ...........
အားပေးနေတယ်နော်။
ခံစားရတာနဲ့တင်အချစ်တွေကိုမြင်လိုက်ရတယ်.........

ညီအကိုများ said...

ကဗျာကောင်းတစ်ပုဒ်ပါဗျာ။
ခံစားသွားပါကြောင်း...

မိုးကြယ်

flowerworld said...

အမလေးဗျာ ဖွဲ့နွဲ့ပြီးရေးထားလိုက်တာ အိပ်ငိုက်နေတဲ့အချိန်ဖတ်မိလို့လားမသိဘူး
အိပ်တောင်ပျော်တော့မယ် မပြောလိုက်ချင်ဘူး
ပြောတော့ဘယ်သူမှမရှိပါဘူးလေးဘာလေးနဲ့
သူလေးရယ်..........အီးလွန်းလို့အချဉ်စာလိုက်ဦးမယ်
အဟီးးးးးးးးးးစတာပါအကိုရေ အဆင်ပြေပါစေနော်..သူလေးရယ်..ဟိဟိ

Anonymous said...

ဖွဲ့နွဲ့လို့ မကုန်နိုင်ပါလား..ကောင်းတယ်..အားပေးလျက်ပါ
အဆင်ပြေပါစေဗျာ

♥ Acacia ♥ said...

သြော်...... သူလေး... သူလေး.......

မြတ်သွယ် said...

ကဗျာလေးက ကောင်းကောင်းကောင်းး)
-ပန်းခင်းလမ်းမှ ဆူးပန်းပွင့်ကို
မခြွေရက်လို့ အနေခက်နေလည်း
ငါလေ .. ကြွေဆက်နေမယ် ...-
လှရက်လေတဲ့ ကဗျာစာသားလေးတွေ
အားပေးလျက်ပါပဲ ကိုအရုပ်ကလေး
း)

Anonymous said...

အားပါး.. လန်းလှချည်လား..

မသက်ဇင် said...

ကဗျာလေးလာဖတ်ပါတယ်---
စကားလုံးတွေ ရွေးခြယ်ထားတာကောင်းတယ်--
ခံစားချက်ကို လှပစွာ ဖွဲ့နိုင်ပါတယ်--
ပျော်ရွှင်ပါစေ---

တုတ်ကြီး said...

အိမ်း..ကောင်းလေစွ..
ဆက်လုပ်တော်မူ..
စောင်ကြည့်ယူမယ်..မောင်မင်း..

ကိုတိုး said...

အကိုရေ ကဗျာလေးကတော့လန်းနေတာပဲနော်အကို ကောင်းကောင်းကောင်းနဲ့တောင်နေသေးတယ်နော်အကို
ပန်းခင်းလမ်းမှ ဆူးပန်းပွင့်ကို
မခြွေရက်လို့ အနေခက်နေလည်း
ငါလေ .. ကြွေဆက်နေမယ် ...
အဲ့အပိုဒ်လေးကိုကြိုက်တယ်အကို နောက်လည်းကဗျာလေးတွေများများဆက်ရေးနိုင်ပါစေအကို အားပေးနေပါတယ်နော်။

Unknown said...

အစ်ကိုတော် ကဗျာလေးက တော်တော်ကောင်းတာပဲ
ကဗျာအရှည်ကြီးတွေရေးနိုင်တယ်နော်
ခံစားချက်တွေတော်တော်များနေတယ်ထင်ပါရဲ့ 
ဟဲဟဲ ဒါနဲ့ စကားမစပ် သူလေးဆိုတာ ဘယ်သူလဲဟင်
အဆင်ပြေပါစေအစ်ကိုတော်

ညီမလေး

ပန်းခင်း

Smilemay said...

ကဗျာလေး ဖတ်သွားပါတယ်။

နှင်းဆီနက် said...

စံဖြစ်မယ့် င့ါချစ်ခြင်း ...
သူတစ်ယောက်တွက် ပုံအပ်နှင်းတယ် ..။

စောနောင်ရေ ဒီစာသားလေးကိုတော့ပိုကြိုက်တယ်ကွယ် ကိုယ်ချစ်တဲ့သူဆီမှာ အချစ်တွေပုံအပ်တာကောင်းတာပေါ့နော် ချစ်သူတွေတစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိချစ်နိုင်ကြပါစေ

su wai said...

တစ်ပိုဒ်ချင်းစီမှာ အဓိပ္ပါယ်တွေ အပြည့်အ၀ပါတဲ့ ကဗျာရှည်ကြီးကို လာခံစားသွားပါတယ်။
သူလေးဆိုတာ တစ်ယောက်ယောက်ကို တင်စားထားတာ ဖြစ်မယ်ထင်တယ်နော်။
ဖြစ်ချင်တာတွေ ဇြစ်ခွင့်ရပါစေလို့ ဆုတောင်းပေးသွားပါတယ်။

ဝှိုက်ဝှိုက် said...

ကဗျာကောင်းလေးတစ်ပုဒ်ကို လာရောက်ခံစားသွားပါတယ်ရှင်
အရေးအဖွဲလည်းကောင်းတယ် ကဗျာအရှည်ကြီးရေးနိုင်တာလည်း အားကျတယ် :P

Unknown said...

ကဗျာလေးလာခံစားသွားတယ်...
သူလေးကိုလာကြည့်သွားတယ်..အဟဲ..
ခံစားချက်ပါတယ်နော်..
သိနေသလိုပဲ..အဟမ်း.. :P

Unknown said...

အခုတလော သူ တို့  သူလေတို့ များနေတယ်ဗျ..အဟီး
ခံစားချက်တွေ ပေါက်ကွဲကုန်ကြတယ်ထင်ပ..
ကဗျာကောင်းလေး လာအားပေးပါတယ်..

thinzar said...

ဖွဲ့ထားတာလေးက
ပန်းချီ တစ်ချပ်လိုပဲ....

ကေမောင်ငြိမ်း said...

ရှေးရှေးက ပြောသလိုပါပဲ၊ တဖြည်းဖြည်း ကဗျာ တွေက နက်နဲလာပြီး :)

စိုင်းစိုင်းလားရှိုး said...

ဟိုက်ရှားပါး... လန်းတယ်ဝေ့။ ပုံပြီးတော့တာ အပ်နှင်းလိုက်တော့။

မေမိုးမခ said...

အဖွဲ့အနွဲ့တွေ အရမ်းမိုက်တယ်
ကာရံတွေနဲ့ ပိုပြီးလိုက်တယ် ကဗျာလဲကောင်းတယ်