ပွေလီ .. မချော

ဒီကဗျာလေးက သူငယ်ချင်းတစ်ယောက်အတွက် ခံစားချက်ပြင်းလို့ ကိုယ်ကိုယ်တိုင် ခံစားပေးပြီး
ရေးစပ်လိုက်တဲ့ ကဗျာလေးပါ .. သူငယ်ချင်းဆိုတာ ဘလော့ခ်လောကထဲက မဟုတ်ပါ ..။
ခံစား နားလည်ပေးနိုင်ပါစေ ..


မိန်းကလေး ...
နှုတ်မရတဲ့ ဆူးချက်တွေက
ချွင်းချက်မပါ ရင်းလျှက်နေတာ
ရင်တစ်ခြမ်းမှာ အမြစ်တွယ်နေလို့
ငါ.. နာကျဉ်နေပြီ

မိန်းကလေး ...
အမှောက်မှားနဲ့ ခြောက်ခြားညမို့
သွေးပျက်မတတ် ရူးထွက်သက်လို
အဖေါ်မယ့်စွာ တိတ်တဆိတ်နဲ့
အေးစက်ခန္ဓာ ငြိမ်သက်နေပြီး
အရှုံးများနဲ့ အမုန်းကြားမှာ
ငါ .. ခေါက်ထုံးဖြေတယ် ..

မိန်းကလေး ...
အမြင်ဆန်းပြီး အပီလှမ်းကာ
ပြောင်းလဲခြင်းနောက် တကောက်ကောက်နဲ့
မင်းလေးတစ်ယောက် စိတ်တွေဖေါက်လို့
နောက်တစ်ယောက်နဲ့ ပြောင်းလဲချစ်လည်း
အလဲအကွဲနဲ့ အစွဲမြဲကြီးတဲ့ .. ငါ
တိမ်းစောင်းလည်တဲ့ ဟောဒီကမ္ဘာမှာ
တစ်ရွေ့ရွေ့နဲ့ ပွဲသိမ်းရလည်း
လောကဓံကို ထိုးနှက်နေပြီး
ငါ .. မှတ်ချက်ပေးတယ်..

မိန်းကလေး ...
ရပ်,ကြည့်,သွား ... သတိနဲ့
မှတ်မိသွား အဖြစ်တွေကို
ရှပ်ထိသွား ငါ့နှလုံးသားက
လှည့်ကြည့်မသွား မင်းလုပ်ရပ်ကို
ခုချိန်များ ပြုံးနေမိတာ
မင်း .. သိစေချင်တယ်

အမောဖေါက်လို့ ယော,ဆောနယ်လို,
ပြုစားတတ်တဲ့ အဖြစ်မျိုးမို့
ဇွဲနပဲနဲ့ အသည်းကွဲနေတဲ့ .. ငါ
ကုစားမရလို့ ခံစားရလည်း
ငါ .. ကျေနပ်နေတယ်

ထပ်တလဲလဲ ဟက်တက်ကွဲလို့
ရင်အစုံမှာ ပွင့်အန်ကျတော့
မဟားတရားကို ..
အားယားနေတဲ့ ပါစပ်ဖျားမှာ
တရားဆန်စွာ ပြောရမှာလား ..

ဝှက်ဖဲတစ်ချပ်နဲ့ အရွက်ထပ်လဲ,လည်း
နောက်ကွယ်ရာက အောက်ဖဲချပ်မှာ
အေ့စ်အဖြစ်က .. ငါတစ်ယောက်ပဲ

အလိမ်အညာ စကားတွေနဲ့
ယုံရခက်တဲ့ မင်းပါစပ်က
ချိုမြိန်စွာ ဟစ်ကြွေးပြတာ
ဘာ... ချစ်သေးတယ်တဲ့
သွားပြောစမ်းပါ .. ခြေရာခွက်က
ဖားသားငယ်ကို ..

နှောင်သွားခဲ့တဲ့ အတိတ်နေ့ရက်
ပြန်လှန်ဆွဲထုတ် အမှန်သာဟုတ်တာ
ဘယ်နှစ်ကြိမ်များ ရှိဖူးခဲ့လဲ

သုံးမရလို့ အများတကာ
မုန်းကြတဲ့ အဖြစ်တွေမို့
ဗျာပါများတဲ့ မင်းရဲ့စိတ်ကို
အကြိမ်ကြိမ်ခါ စမ်းစစ်ဖူးလား ...

မင်းကိုယ်မင်းတော့ ဖီးလိမ်းကာပြင်
ကျော့ယမင်းရယ် ပုရိသကြား
ညှို့ချက်တွေနဲ့ ဆွဲအားပြင်းလေတော့
စစ်ခင်းရတဲ့ ကို,မောင်ချောများ
ဘယ်နှစ်ယောက်လဲလို့ တွေးမိရဲ့လား ...

အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့
မင်းမမူ အကျင့်ရူးတွေကြား
မင်း ပုံမှားရိုက်တာ
တော်ပါပေ၏ ...

သို့ပေမယ့်လည်း ခြေဆေးအိုင်ဖြစ်
ရောက်ရှိတတ်တဲ့ မင်းစရိုက်မို့
မသူတော်တောင် သူတော်ဖြစ်တယ် ...

နှစ်သစ်မှာ အချစ်သစ်နဲ့
ပျော်တော်ပါးတဲ့ မင်းတစ်ယောက်ကို
ချိန်ခွင်လျှာ တင်ရင်တောင်
တစ်ဖက်စွန်းထွက်လို့
အသာစီးပေးမယ့် င့ါအချစ်တွေ
နှစ်ဟောင်းမှာ ကျန်ခဲ့လေပြီ ...

အမှန်မလိုက်လို့ အာဖျံကြိုက်တဲ့
မင်းလေးတစ်ယောက် နေခဲ့ဦးတော့
နှစ်ဟောင်းရဲ့ ရမ္မက်ဆူးမှာ ... ။

18 comments:

Anonymous said...

ကဗျာလေးက မိုက်တယ် ပွေလီမလေးတွေ အတွက်တော့ လိုက်နာသင့်တဲ့ အချက်တွေကို ကဗျာဆရာက ချပြသွားတာပဲ လေးစားတယ် ။အနော် မောင်ပွေလီမဟုတ်ပါး)

ကိုတိုး said...

ရေးထားတဲ့ကဗျာလေးက အရမ်းကောင်းတာပဲအကိုရေ။ ညီလာခံစားသွားတယ်ဗျာ။ ကဗျာလေးကို ဘယ်လိုကွန်မန့်ပေးရမှန်းတောင်မသိတော့ပါဘူးဗျာအကိုရယ်။ အရမ်းကောင်းလို့လေ။ ရင်ထဲကလာတဲ့ကဗျာတွေရေးထားတာသေချာတယ်ဗျာအကိုရဲ့။ နောက်လည်းအားပေးနေမယ်နော်အကို။

ကေမောင်ငြိမ်း said...

ကဗျာလေးနဲ့ လက်ရှိဖြစ်နေတဲ့ မိန်းကလေးတွေကို ပညာပေးထားတာပဲ၊ မဆိုဘူးဗျာ၊ ကဗျာလေးနဲ့ ပိုပြီးတော့ ကောင်းသွားတယ် အစ်ကိုရာ။

:D

ညီအကိုများ said...

ခံစားသွားပါတယ်...

လင့်သွားပါတယ်ခင်ဗျာ..

မိုးကြယ်

Anonymous said...

စလေဦးပုညရဲ့ ဆဒ္ဒဆင်မင်းပြဇာတ်တော်ထဲက မုဆိုးတပိုင်း မိန်းမရိုင်းဆိုတဲ့ ဇာတ်ရုပ်ကို ကွက်ကနဲ မြင်မိပါတယ် ... စကားလုံးတွေက နာကျည်းမှုနဲ့ ဆေးခြယ်ထားပြီး အချစ်အတွက် သိပ်ရဲရင့်တဲ့ ရင်ကွဲချစ်သူတစ်ယောက်ရဲ့ ဟန်ကို ရှင်းလင်းကျစ်လစ်စွာ မြင်နေရတယ် ... ကောင်းတယ်ဗျား ... တော်တယ် ချီးကျူးတယ် ... သဘောကျနှစ်ခြိုက်သွားတာ သိပ်သေချာနေတယ် ... ။

su wai said...

သူငယ်ချင်းနေရာမှာ ကိုယ်စားဝင်ပြီး ခံစားရေးစပ်ထားတဲ့ ကဗျာရှည်ကြီးက စကားလုံးတွေ ပြောင်မြောက်လှပါတယ်။ အဲဒီမိန်းကလေးသာ ဒီကဗျာဖတ်မိရင် စကားလုံးတွေရဲ့ ထိချက်နဲ့တင် ပစ်လဲလောက်တယ်။

testing said...
This comment has been removed by the author.
Unknown said...

ကဗျာလေးကို အသေအချာဖတ်သွားပါတယ်
ဒါပေမယ့် အဲ့ ထဲမှာ မီးမပါဘူးနော် ဟီးးးး

ယုံတယ်မဟုတ်လား :P

ညီမလေး

ပန်းခင်း

အလင်းစေတမန် said...

အဲဒါပြောတာ မရှိမကောင်း ရှိမကောင်း မသုံးလည်းခက် သုံးလည်းခက် (အင်တာနက်)အဲ ဟုတ်ပေါင်

Dream said...

ဟူး.. တော်တော်လဲ ရှည်လျားလိုက်တဲ့ ကဗျာ...

ချီးကျူးပါတယ်... အဟဲ... ဖတ်ရတာ နားနားပြီး ဖတ်နေရတယ်... ဦးယုတ်ကြီးရ.. :P :P

မယားတရာကို အားယားနေတဲ့ပါးစပ်ဖျားမှာ တရာနဲ့ ပေးရတဲ့ဆန်နဲ့ချက်ကျွေးမယ်ဆိုပါလား... ဟိဟိ... :P :P

မြတ်သွယ် said...

ပထမအပိုဒ်ရဲ့ ခံစားချက်နဲ့ အောက်ဆုံးနှစ်ပိုဒ်ရဲ့ ခံစားချက်က ကွာတယ်နော်
ကဗျာအလည်ကဆက်သွယ်မှုတွေလည်း ဇာတ်လမ်းတစ်ပုဒ်ကိုပြောပြနေသလိုပဲ
အရေးအသားကတော့ အားကျလောက်အောင်ကို ကောင်းတယ် ကိုအရုပ်ကလေး
သူငယ်ချင်းအတွက်ခံစားနားလည်ပေးတတ်တဲ့ ကိုအရုပ်ကလေးရဲ့ ကဗျာကို အားပေးသွားပါတယ်
ကိုအရုပ်ကလေးနဲ့ သူငယ်ချင်း အဆင်ပြေပါစေနော်

thinzar said...

အင်း........
ဘာပြောရမှန်းတောင်သိတော့ဘူး
ခုခေတ်ကလေးတွေကတော့ ဒီလိုပါပဲလေ
မပြောချင်တော့ပါဘူး.....

ဟိဟိ.. ဆရာကြီးလေသံနဲ့။

♥ Acacia ♥ said...

ဟိုနေ့ က link မှား ချိတ်မိလို့ comment ကို delete ပြီး ပြန်သွားတာ တွေ့ပုချိ....
ကဗျာက စဖတ်ကတည်းက မျောပါသွားတာ..... ကောင်းတယ်ဗျို့ ခုခေတ်ရဲ့ တစိတ်တဒေသဆိုးနေတဲ့ မိန်းခလေးတွေအကြောင်းကို ရေးတတ်ပါပေတယ် လေးစားပါတယ်

tartar said...

အစ်ကိုကဗျာဆရာရေ..........မီး မပါဘူးနော် တိရား။ ဒါပေမဲ့ တိပ်ကောင်းတယ်။ အဲလိုမဟေသီတွေတော့ အစ်ကို ကဗျာဆရာရဲ့စကားလုံးတွေနဲ့ တင်........... ဟဲ။ ကိုယ်တွေ့ဟုတ်လောက်ပါဘူးနော်။

မသက်ဇင် said...

အမောဖေါက်လို့ ယော,ဆောနယ်လို,
ပြုစားတတ်တဲ့ အဖြစ်မျိုးမို့

ကဗျာတပုဒ်လုံးကြိုက်တယ်---
အဲဒီ အပုဒ်ပဲမကြိုက်ဘူး---
ဝေဖန်တာ စိတ်မဆိုးပါနဲ့--
ယောဘက်ကိုရောက်ဘူးတယ်--
ယောသားတွေဟာ အင်မတန်ရိုးသားကြတယ်--
ရှေးလူကြီးတွေဟာ ဘာကြောင့်များ ယော--ဆော--
နယ်တွေကို ပြုစားတတ်တယ်လို့--
လက်ဆင့်ကမ်းခဲ့ကြပါလိမ့်---
စိတ်မကောင်းဘူး---
---------------?

flowerworld said...

ကဗျာကရှည်တော့မောတောင်မောတယ်
ဒီနေ့အကို့ကဗျာနှစ်ပုဒ်ဖတ်ပြီး အိပ်တော့မယ်ဗျာ
မောလို့.........ဟီးးးးးးးး
သူငယ်ချင်းအတွက်မို့လို့ပဲနော် အကို့အတွက်သာဆိုရင်ဒီထက်ကောင်းမယ်
ဟုတ်တယ်ဟုတ်

su wai said...

cbox မှာ ရေးထားတဲ့ ဖြေရှင်းချက်ကို ဖတ်ပြီး ကော်မန့်ထပ်ပေးချင်စိတ် ပေါ်လာလို့ပါ။ စာရေးတဲ့သူ၊ ကဗျာရေးတဲ့သူတွေဟာ တခါတလေမှာ ကိုယ်ပေးချင်တဲ့ message နောက်ကို လိုက်ရင်း နားလည်မှုလွဲစေတဲ့ အရေးအသားမျိုးတွေ မရည်ရွယ်ဘဲ ရေးမိတတ်ပါတယ်။ စာဖတ်သူက ကိုယ်ပေးချင်တဲ့ message ထက် ကိုယ့်ရဲ့ အရေးအသား၊ အသုံးအနှုန်းကို အာရုံစိုက်မိသွားတဲ့အခါ အခုလို ပြဿနာမျိုးတွေ ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် နယ်သူနယ်သားတွေက နယ်စွဲ၊ ဒေသစွဲ အင်မတန်ကြီးပါတယ်။ ကဗျာဈာန်ဝင်ပြီး ရေးမိသွားတဲ့ အရေးအသားတစ်ခုအတွက် ကိုယ့်ဘက်က လိပ်ပြာသန့်နေမယ်ဆိုရင် တစ်ချိန်မှာ နားလည်သွားကြမှာပါ။

အားလုံးအဆင်ပြေပါစေ အရုပ်ကလေးရေ…

မေမိုးမခ said...

ကိုမောင်မျိုးပြောတာမှန်တယ် ဒါပေမဲ့ အဲဒီလိုမျိုးမေမိုးတို့မပါဘူး ဟိဟိ
ကဗျာလေးကို အဲဒီမိန်းကလေးဖတ်ရရင်တော့ အသဲတွေ ဘယ်လိုနေမလဲမသိဘူးနော်
ကဗျာဆရာကြီးကို လေးစားပါတယ်
များများရေးနိုင်ပါစေ