ဆုံတွေ့ခြင်းရဲ့ နေ့လေးတစ်နေ့

အခုတလော ငယ်သူငယ်ချင်းတွေနှင့် ဘလော့ခ်မောင်နှမတစ်ချို့ပါ ပြည်တွင်းကို အလည်အပတ်ရောက်နေတာကြောင့် လျှောက်လည်နေသည့်အတွက် ပို့စ်မတင်ဖြစ်သလို ဘလောခ့်အိမ်တွေကိုလည်း စာတွေ လိုက်မဖတ်ဖြစ်တာပါ..။

18.1.2009 (sunday) မှာ မက်မက် ရဲ့ ဆန္ဒအတိုင်း ဘလော့ခ်ဂါတွေနဲ့ ဆုံတွေဖို့ အစီအစဉ်လေး ဖြစ်မြောက်ခဲ့ပါတယ် ..။ အလုံမြို့နယ်ပိုင်းအတွင်းက ကော်ဖီဆိုင်လေး တစ်ဆိုင်မှာပါ..။ အဲဒီမှ ကန်တော်ကြီး (မျှော်စင်ကျွန်း) မှာ ဂိမ်းလေးတွေ ကို မောင်နှမတွေ ပျော်ပျော်ပါးပါး ကစားခဲ့ကြပါတယ်..။ ညပိုင်းမှာ အစား အသောက်တွေ စားသုံးရင်း မောင်နှမတွေ အားလုံး ပျော်ရွှင်ခဲ့ကြပါတယ်..။ အပြင်မှာ တွေ့ဆုံဖူးတဲ့ မောင်နှမတွေ ပါသလို အမြင်တွေ့ဖူးတဲ့ မောင်နှမတွေပါ ဆုံတွေ့ခွင့် ရတဲ့ပွဲလေးမို့ အားလုံးကိုယ်စီ ရင်ထဲအထိနဲ့ စိတ်အသိမှာ ကြည်နူးကြမှာ ဧကန်မုချပါ ..။ပွဲလေးကို ဖိတ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တဲ့ မောင်နှမတွေကိုလည်း နောက်တစ်ကြိမ်တွေ့ဆုံဖြစ်ခဲ့မယ်ဆိုရင်ပါဝင်နွှဲပျော်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီပွဲလေး အထမြောက်အောင် ပါဝင်ဆင်နွှဲ ဆုံတွေ့ခဲ့ကြတဲ့ မောင်နှမတွေ အားလုံးကိုလည်းကျေးဇူးကမ္ဘာပါ ..။

8 comments:

သက်တန့် said...

အကိုရေ...
မလာဖြစ်တဲ့အတွက် တောင်းပန်ပါတယ်...
နောက်တစ်ကြိမ်မှာ ပါဝင်ဆင်နွဲနိုင်အောင် ကြိုးစားမယ်...
ပျော်စရာကြီးပဲနော်...

WWKM said...

အယ်..ပျော်စရာကြီး. ရေးထားတာက တိုတိုလေးပဲ.
ဓါတ်ပုံတွေပြပါဗျို့.. ဒါပဲ..မပြရင် ရဲတိုင်မယ်.. ဟတ်
ဟတ်... :D တန့်တန့်သွားဘူးပေါ့။။။ မမပြန်လာမှ တွေ့
ကြရအောင်နော် ညီမလေးရေ.. ပျော်စရာကြီး။း)

thinzar said...

ပျော်စရာကြီးပါလား...
ဝင်မနွှဲလိုက်ရတာ နာတာပဲ

ပျော်ကြပေါ့ ပျော်ကြပေါ့
ပြန်လာမှ အတိုးနဲ့ ပျော်ပစ်မယ် ... ဟင့်....

မြတ်သွယ် said...

ပျော်စရာကြီးပါလား
ညီမလေးတို့အလှည့်ရော ရှိသေးရဲ့လားဂျ :P

ကိုရင်နော်ခင်လေးငယ် said...

ဦးနော်တို့ ကိုတော့ ဘယ်သူမှ မဖိတ်ကြဘူး..
ဦးနော်တို့လည်း လာချင်တာပေါ့... :)
မက်မက်တစ်ယောက် ပြန်လာမှ ခေါင်းခေါက်ရမယ်..
တော်တော်ပျော်စရာကောင်းမယ်နော်..
မဝါပြောတာ ဟုတ်တယ်ဟေ့ ဓါတ်ပုံတွေတင်..

ခင်တဲ့

HAPPY CLOUD said...

မိုက်တယ်... ဒါပေမယ့် ကော်ဖီဆိုင်မှာ တွေ့တာတော့ မကောင်းဘူး.. လူညီရင်..(...) ဆိုင်ဆို မကောင်းဘူးလားကွယ်တို့ :D..


အပျော်ပါ..
မိုးမောင်(happycloud)

ကေမောင်ငြိမ်း said...

ကျွန်တော် မလာနိုင်တာ စဉ်းစားရင်း စဉ်းစားရင်း တော်တော် စိတ်မကောင်းဘူးဗျာ၊ တစ်ခုကောင်းပါတယ်ဗျာ၊ ကျွန်တော်က အဆော့မက်၊ အစသန်တော့ တော်ကြာ အားလုံးစိတ်ညစ် ကုန်ပါ့မယ်၊ အဟတ်ဟတ် :D

Anonymous said...

ဟာဗျာ ဘယ်တုန်းကဘယ်လို တွေ့ကြတာလဲဗျ
ကျနော်လဲလာမှာပေါ့ဗျာ ခုတော့ သွားပြီ။