မျက်နှာစာ

အချစ်တစ်ခု မွေးဖွားခြင်းနှင့်
အပြစ်လုပ် လူသားတွေထဲ
အမှားမကင်းတဲ့ ဒီချစ်ခြင်းမှာ
ငါ .. ခေါင်းငိုက်ကျတယ် ...

စုတ်တသတ်သတ်နဲ့
အဟုတ်မှတ်တဲ့ ဒီချစ်ခြင်းမှာ
လူဖြစ်မရှုံးလို့ ဘ၀င်ထိပ်ဆုံးဆိုရင်
ငါ .. မင်းကိုချစ်တယ် ...

အလည်အပတ်နဲ့ ခြာလည်သလို ,
မျက်စိလည် အချစ်နယ်မှာ
စိုးထိတ်လို့ တိုးတိတ်နေမယ် ...

စွဲလန်းလို့ အသည်းကျွမ်းရင်း
စိတ်ကူးပေါက်တဲ့ င့ါအတွေးရဲ့ ,
အသည်းစခန်းမှာ ပွဲကြမ်းနေတယ် ...

အတောင်အလက်တွေနဲ့
လေဆန်ကို အံတုပြိုင်လို့ ,
ပျံသန်းခြင်း အလျှင်မှာ
ဖြတ်ခနဲနဲ့ စွက်ကနဲထိုးကျရင်တောင် ,
ဟက်တက်ကွဲမယ့် နှလုံးသွေးဟာ
မြေပြင်မှာ စီးမျောလို့
ချင်းချင်းနီမယ် ...

ငါတစ်ကိုယ်ထဲ ..
လျှောက်လှမ်းနေတဲ့ ဒီခရီးကြမ်းမှာ
အချစ်စိတ်က တိုးကြိတ်နေလည်း
ဘ၀ .. မျက်နှာစာမှာ ,
တစ်ခါတစ်ရံ ..
ခွဲခြားမရတဲ့ သောကတွေက
ပိတ်လှောင်လို့ မွန်းကြပ်နေရင်း
ငါ .. လွင့်နေတယ် ...

15 comments:

s said...

ကဗျာလေး အရမ်းမိုက်တယ် အကို။ ထိပ်ဆုံးအပုဒ်နဲ့ နောက်ဆုံး ကို ပိုကြိုက်တယ်။ အကို က ရေးတဲ့ကဗျာတိုင်း ပြောစရာမလိုအောင် ထိ၂မိ၂ရှိပါတယ်ရှင်။ ဆက်ရေးနော် အားပေးနေမယ်။

ကိုတိုး said...

ကောင်းတယ်ဗျာ ကဗျာဆရာရေးထားတာတော်တယ်နော်။
အချစ်တစ်ခု မွေးဖွားခြင်းနှင့်
အပြစ်လုပ် လူသားတွေထဲ
အမှားမကင်းတဲ့ ဒီချစ်ခြင်းမှာ
ငါ .. ခေါင်းငိုက်ကျတယ် ... ဆိုတာလေးကမိုက်တယ်အကိုရေ။ နောက်နေ့ကျရင် ကဗျာရေးနည်းလာသင်အုံးမှာပဲ သင်ပေးပါအုံးအကိုရေ။

Anonymous said...

ကဗျာဆရာလို့ မပြောရဘူး...
ကဗျာလေးက စဆုံး အကုန်ကောင်းတယ်။ အသစ်အသစ်တွေကိုလည်း မျှော်နေမယ်နော်း)

ကိုရင်နော်ခင်လေးငယ် said...

ကောင်းမှကောင်း..
ပေါ်လွင်အောင် ရေးတတ်လိုက်တာနော်.. :)

အသည်းစခန်းမှာ ပွဲကြမ်းနေတယ် ... တဲ့..
ဘာတွေဘယ်လိုကြမ်း... :P

အိန္ဒြာ said...

အချစ်ဆိုတာ..

အသက်အရွယ် ရာသီ ရေခံမြေခံမှာ
စိုးရိမ်ရေမှတ်အထိ တက်တဲ့ ဒီရေပေါ

Anonymous said...

စကားလုံးတွေက လွှတ်ကောင်းနေပါလားဗျ

စွဲလန်းလို့ အသည်းကျွမ်းရင်း
စိတ်ကူးပေါက်တဲ့ င့ါအတွေးရဲ့ ,
အသည်းစခန်းမှာ ပွဲကြမ်းနေတယ်

အရမ်းခိုက်တယ် ကဗျာဆရာ ။

မြတ်သွယ် said...

-အလည်အပတ်နဲ့ ခြာလည်သလို ,
မျက်စိလည် အချစ်နယ်မှာ
စိုးထိတ်လို့ တိုးတိတ်နေမယ်-
-စွဲလန်းလို့ အသည်းကျွမ်းရင်း
စိတ်ကူးပေါက်တဲ့ င့ါအတွေးရဲ့ ,
အသည်းစခန်းမှာ ပွဲကြမ်းနေတယ်-

ကဗျာကတော့ ရှယ်ပဲ
စာလုံးတွေကလည်း မိုက်တယ်
-ပျံသန်းခြင်း အလျှင်မှာ
ဖြတ်ခနဲနဲ့ စွက်ကနဲထိုးကျရင်တောင် ,
ဟက်တက်ကွဲမယ့် နှလုံးသွေးဟာ
မြေပြင်မှာ စီးမျောလို့
ချင်းချင်းနီမယ်- ကြောက်၏

ပန်းခင်းလေး said...

ကဗျာလေးကို ရုံးရောက်ရောက်ချင်းအလုပ်မလုပ်ဘဲ
လာဖတ်သွားတယ် အစ်ကိုတော်
တစ်ပုဒ်လုံးပြောစရာမရှိအောင်
ကောင်းလွန်းနေတယ်..
ဆက်ရေးနော်

su wai said...

ကဗျာက ခံစားချက်တွေအပြည့်နဲ့ အရမ်းကောင်းနေပါလား။ လွင့်တုန်း..လွင့်ဆဲ..လွင့်ပြီးရင်လဲ ကဗျာတွေ ဆက်ရေးနေဦးပေါ့။

Smilemay said...

အချစ်ကဗျာလေး ဖတ်သွားပါတယ်။
နောက်လည်းထပ်ရေးပါအုံး

kiim said...

ကဗျာလေးကောင်းတယ်အကိုရေ့ ..
အချစ်တစ်ခု မွေးဖွားခြင်းနှင့်
အပြစ်လုပ် လူသားတွေထဲ
အမှားမကင်းတဲ့ ဒီချစ်ခြင်းမှာ
ငါ .. ခေါင်းငိုက်ကျတယ် ...
အဲဒါလေးမိုက်တယ်.. :)

Unknown said...

မိရထိရှတဲ့ကဗျာကောင်းလေးတစ်ပုဒ်ကို
နှလံးသားနဲ့ခံစားသွားပါတယ်....ု

အောင်မြေ said...

ဖတ်လို့ကောင်းတဲ့ ကဗျာလေး လာအားပေး ပါတယ်။ တကူးတက အလည်ရောက်ခဲ့လို့ ၀မ်းသာတယ်။

thinzar said...

နောက်ဆုံးပိုဒ်လေး ကောင်းတယ် အကိုရေ
ခံစားချက်တွေနဲ့ ပိတ်လှောင်ပြီး
လွင့်နေတဲ့အချိန်တွေ များပြီ...

Anonymous said...

ပြောစရာ မရှိအောင်ကောင်းပါ့ဗျာေ၇လည်လန်း
တယ်ဗျာ။