ပြောပါလေ .. တအား

ချစ်ခြင်းတွေသီလို့ သူ့အလှမှာနစ်မျောပါဘိ
ညှို့နိုင်လွန်းသူရဲ့...မျက်ဝန်းရှင်


သည်းညှာမခိုင် ရင်အစိုင်ထဲသို့

စုရုံးရောက်သတဲ့လေ...

ချစ်ခြင်းစေညွှန်ရာနှင့်

မျက်ဝန်းရှင် အကြည့်စူးမှာမှ
ကြွေမိတဲ့အဖြေ...

ဒီရင်ခွင်မှာ ချစ်လွမ်းဝေသီနှင့်

မြစ်နဒီကွေ့ အနောက်တောင်ဆွယ်မှာ
ဖွင့်မပြောသာ နေရခက်တယ်
မိုးတိမ်စိုင်ရဲ့ အုံ့ဆိုင်းရီဝေ...

ရှင်းသန့်ဖြာ ကျော့ယမင်းရယ်ပ

ယဉ်တိုင်းမှာ ဆင်းရနံ့သာလို့
အဆင့်တိုင်းမှာ မြင့်မြတ်လှတဲ့သခင်
ချစ်မိပြီ...အစဉ်...

ကြားချင်လို့ ဖြေခဲ့ပါ့ခုချိန်ခါ

သိချင်တာ ဖြေပါလျှင် အရာရောက်မှာမို့
မျှော်ရသူ့...ရင်

ခွန်းခြွေလို့ တုန့်ပြန်လေတော့

ကြွေသဟန် နှုတ်ခမ်းတစ်စုံဆီက
ဖြေရန်မှာ ကျန့်ကြာခဲ့ပြီ...

ကောင်းကင်ယံထက် လမင်းရောင်ဝါရှိန်နှင့်

လင်းချင်းဖြာ အေးချမ်းမည်ကြောင့်
လှမ်းလင့်ကာ ခွန့်တုံ့စကား
ကြွေဆက်ပါ သခင်...

ဟန်မူရာ စိတ်ညွှတ်ကွင်းမှာလှ

ခဏတာဝေးလို့
ဖြေသိမ့်မရတဲ့ လွမ်းငွေ့တဝေဝေ...

ရီဝေအပြုံးမှာတဲ့ ကြည့်မလွှဲဖယ်မကုန်

ဟောဟို...
အနောက်တောင်ရိုးဆီက မြူခိုးတွေလွင်...

ဆည်းဆာချိန် နေဝင်စောင်းသော်အခါမှ

ဖြည်မဆယ်နိုင် ဆွေးရရုံလေးနှင့်
ရင်ခွင်မှာမှေးစက်ချင်ပါဘိ
လွမ်းပို့ပွေလီ...

ရော်ရီမှန်းဆ သခင့်ဘုံနန်းဆီမှ

ရာသီတွေ တလှည့်ပြောင်းပါလို့
ဟောင်းကျန်ခဲ့ပြီ....

ရှစ်မျက်နှာတစ်ခွင်

ရေးစပ်လျှင် ကုန်မည်မထင်
သခင့်အလှ နစ်မျောတဲ့...အစဉ်

ချစ်သက်ညှာ တစ်ခွန်းဝယ် ထပ်ဖြေပါလေစ

တစ်သက်ဖယ်မခွာ ချစ်ပါတယ်လို့
ပြောပါလေ..တအား

တမ်းတမ်းတတ နွမ်းလျတဲ့ရင်မှာ

မောဟိုက်လို့နှုံး...။

3 comments:

ညလင်းအိမ် said...

ကဗျာတွေက တအားမိုက်တယ်ဗျာ ...
အဲလို အဖွဲ့အနွဲ့မျိုး ကြိုက်တယ် ...

ခင်တဲ့
ညလင်းအိမ်

နွေဆူးလင်္ကာ said...

မောရင်လဲ ရေသောက်ဗျာ .. ကျနော်လည်း ကဗျာ ဖတ်ရတာ မောတယ် :-)

Unknown said...

အရုပ်လေး

ကဗျာတွေ အတိုးချဖတ်သွားပါတယ်။
အဖွဲ့တွေ အရမ်းကောင်းတယ်။

အားပေးနေတယ်နော်...

နီနီ