ဘာ...ဘာ....ဘာ မှ မသိ

ဘာမှန်းတော့ မသိခဲ့ဘူး...

အရာရာက စမ်းတ၀ါးဝါးနဲ့...

ဟောဟိုက ရေပြင်ငယ်လေး..

ကြည့်မိတဲ့ ခဏမှာပဲ...

အလွမ်းတွေက တစတစ တိုးနေသလို

တည်ငြိမ်စပြုနေပါပြီ..

လေညှင်းရဲ့ မြူးထူးတဲ့အဆော့မှာ

သက်ဆင်းကြွေတဲ့ ရွက်ကြွေလေးတွေက

ငါ့စိတ်ကိုရုတ်ချည်းပြောင်းလဲခဲ့တယ်..

မပြောဖြစ်တဲ့ စကားလုံးတွေတောင်

တစ်စို့ နေခဲ့တာ...

ဗလာဖြစ်နေတဲ့ နှလုံးသားမှာ

အစစအရာရာ နားလည်တတ်တဲ့

မျက်ဝန်းတွေက အစ....

အဆုံးသတ်မှုအားလုံး

ပျက်သုဉ်းလုလုဆဲ...

နှလုံးသားရဲ့ အခြားတစ်ဖက်

ဟောဒီ အခန်းပျက်ကလည်း.........? ?

တစ်ချက်တစ်ချက် အပြုံးမပျက်တတ်ခဲ့တာလည်း...??

ဒီလိုနဲ့ ပဲ....

ဘာမှန်းမသိတဲ့အချစ်

ဘာမှန်းမသိတဲ့ မျက်ဝန်း

ဘာမှန်းမသိတဲ့ နှလုံးသား

ဘာဆိုဘာမှ ကို မသိလိုက်ချိန်

ဘယ်အရာက....

ဘာ့အတွက် လွတ်ကျခဲ့တာလဲ....။ ။


လဲ့ရည် ၊ တာတာ ၊ မျိုးသက်ပိုင်နဲ့ ဆုံမိတဲ့နေ့က လဲ့ရည်ရဲ့ ဘာမှန်းမသိတာလေးကို ခံစားပြီး ရေးဖြစ်ခဲ့ခြင်းပါ ..။

3 comments:

Mhu Darye said...

ဟူးးးး ဘာဘာ..ဘာမှမသိ တခုတည်းကို
ဟိုပြေး ဒီပြေး ဟိုရေး ဒီရေး :P

ဘာမှမသိချိန်မှာတောင်
ဘယ်အရာက
ဘာ့အတွက် လွတ်ကျခဲ့ရတာလဲ??????

(မေးစရာတော့ ဖြစ်လာပြီ ^.^)

နွေဆူးလင်္ကာ said...

ဘာမှန်းမသိတဲ့ ကဗျာ ဖြစ်နေပြီ ..

နေ့အိပ်မက် said...

တစ်ဆို့တာပါ ဦးရေခဲတုံး.. အဲလေ ဦးရေခဲရေရယ်

ဒါနဲ့ “လုလုဆဲ”ဆိုတဲ့ အသုံး တစ်ခါမှ မကြားဖူးဘူး

လွှတ်ချလိုက်တာကတော့ ဖမ်းမယ့်သူရှိတယ်ထင်လို့နေမှာပေါ့.. :D