ဖြေသိမ့်မရ

အရေးအကြောင်းရှိမှ ဖုန်းဆက်တတ်တဲ့သား
အမေးအဖြေ မညှိခင်မှာပဲ
သားအတွက် ကြွေကြွေကျခဲ့ရတာ ...

ဒီနေ့ မထင်မှတ်ထားဘူး
တော်ရုံအဖြစ်မျိုးနဲ့ ဖုန်းမဆက်တတ်တဲ့ .. အမေ
ဆက်ဖူးတဲ့ ဖုန်းသံတိုင်းနဲ့ မတူ
အဆက်ထူးတဲ့ စကားသံ
အမေ့ ကျောက်ကပ်ရောင်နေပြီတဲ့ ...

ရေမြေခြားပေမယ့် သွေဖယ်မသွားတဲ့ အမေ့မေတ္တာ
မပြေလည်လို့ ရှောင်ဖယ်အားတွေနဲ့
အနေတွေကြန့်ကြာခဲ့တဲ့ ... သား
တစ်သက်မပြောနဲ့
တစ်နှစ်ကလေးတောင် လုပ်ကျွေးမပြုနိုင်သေးဘူး

သားဘ၀ သားကံကြမ္မာ
သားအသိပေမယ့်
ဖြည်မဆည်နိုင်တဲ့ ဒီဘ၀ လူဖြစ်ခြင်း
သား ॥ ယူကျုံးမရဘူး .. အမေ

အမေ ဆက်တဲ့အချိန်
သားဝေဒနာ အဖျား၁၀၃ ရှိတယ် အမေ
မကွယ်မ၀ှက် မလိမ်တတ်ခဲ့တဲ့ .. သား
အဖျားငွေ့လေး ရှိတယ် ဆိုရုံလောက် လိမ်ခဲ့မိ ...
သားရဲ့ လိမ်ညာခြင်းမှာ အမေ့ဝေဒနာ သက်သာပါစေ ...

ကျားကုတ်ကျားခဲနဲ့ အကျိုးအမြတ်တွေ ထုတ်နေပေမယ့်
စေညွှန်ရာ ဘ၀လမ်းက
ရုန်းမကြွလို့ လုံးဝကျစေတယ် ....

အသက်ကြီးမှ မွေးခဲ့တဲ့ အထွေးဆုံးသား
အမေ့အတွက်တော့ အကောင်းဆုံးဖြစ်စေချင်ခဲ့တာ
ဒီကြားထဲ ...........
...........................
.............
သားလေ ..
တစ်ချိန်က ရူးရူးမိုက်မိုက်နဲ့ သွေးမာန်ခဲ့တာ
သွေးကြွချိန်တွေ ပြန်စဉ်းစားတိုင်း ..
အခုရှူရှိုက်တဲ့ လေနုတိုင်းက ကြမ်းစေတယ် အမေ

အမေ့သား ကျွန်တော်
ရိုးရိုးကုတ်ကုတ်ပဲ နေတတ်ခဲ့ပြီး
အဖေ့သွေးပါတဲ့ အမေ့သားထွေး
တွေမရှောင် ငြိရင်ဆွဲတဲ့အကျင့်
လုံးလုံးလျားလျား မဟုတ်ခဲ့ပေမယ့် ခ၀ါချတတ်နေပြီ

အမေ့သား အရွယ်မငယ်တော့ဘူး
ငယ်စဉ်လို အမေ မစိုးရိမ်ပေမယ့်
သားကိုသား ... စိုးရိမ်နေတယ် အမေ ....။ ။

8 comments:

ဝေလေး said...

လိမ်ညာခြင်းမှာလည်း ဖြူစင်တဲ့ လိမ်ညာခြင်းရှိတတ်ပါတယ်။

အစ်ကို့အမေလည်း ကျန်းမာပါစေ...။
အစ်ကိုလည်း ကျန်းမာပါစေ....။

Mhu Darye said...

ဝေလေး ပြောသလိုပဲ..။

အရုပ်အမေလည်း ကျန်းမာပါစေ
အရုပ်လည်း ချမ်းသာပါစေ။:D
(အဓိက အဓိကပဲမို့..အဦးဆုံးဆုတောင်းပေးတာ။)
ပြီးတော့...
ဟုတ်တယ် အသက်တွေမငယ်တော့ဘူးး)
“ငယ်စဉ်လို အမေ မစိုးရိမ်ပေမယ့်
သားကိုသား ... စိုးရိမ်နေတယ် အမေ ..””

မှူးလည်း ကိုယ့်ကိုယ်ကို စိုးရိမ်မိတယ်း)
ဒါပေမယ့် တခုခုဖြစ်လာဖို့ စောင့်မနေချင်ဘူး။ ကလေးဘ၀ လမ်းလျှောက်သင်ခါစရွယ်တုန်းကလိုပေါ့။ ထရပ်လိုက်ရင် လဲမှာသိရက်နဲ့ အကြိမ်ကြိမ်ထရပ်လိုက် လဲကျလိုက်နဲ့ သင်ယူရင်း နောက်ဆုံးတော့လည်း တို့တတွေ လမ်းလျှောက်တတ်ခဲ့ကြတာပဲ မဟုတ်လား။ လဲကျလို့ နာကျင်မှာစိုးနေလို့သာ ထမရပ်ခဲ့ကြရင်..
ခုချိန်ထိ ဘီးတပ်ကုလားထိုင်ပေါ်မှာ ဘ၀သေနေလောက်ပြီပေါ့။

ဒါကြောင့် မှူးကတော့ စိုးရိမ်တွေးတွေထဲမှာ ကိုယ့်ကိုယ်ကို ချုပ်ချယ် ကန့်သတ်မထားချင်ဘူး။
မှားခါမှမှားရော .. အမှားများတော့အမှန်မြင်လာမယ်။
ပြဿနာတွေ့ကာမှတွေ့ရော.. အခက်အခဲတခုကို ကျော်လွှားခဲ့သူတိုင်းဟာ ရင့်ကျက်လာကြတယ် မဟုတ်ဖူးလား...။

အရုပ်လည်း အခက်အခဲတွေအများကြီးရင်ဆိုင်ဖြတ်သန်းခဲ့ရဖူးပြီပဲ။ ဒါ့ကြောင့် ခုနေ တယောက်ကများ အရုပ်အဖြစ်ချင်ဆုံးက ဘာများလဲဆိုရင်.. မဆိုင်းမဆွ ဖြေဆိုနိုင်ပြီး.. ကိုယ်လိုချင်ရာကိုလည်း မိမိရရ ဆုပ်ကိုင်နိုင်လောက်ပြီလို့ မှူးယုံကြည်တယ်...။

အရုပ်ရဲ့  ကံကြမ္မာဟာ အရုပ်လက်ထဲမှာပဲ..လိုသလို ထုဆစ်ကြည့်ပါလို့....။

(လျှာရှည်သွား၏ :P )

အဖြူရောင်နတ်သမီး said...

အသိတရားလေးရှိနေသေးသ၍ ကံကြမ္မာကောင်းတွေကလည်း အရုပ်ကို ကြည့်မနေပါဘူး..။
အမေ“ရှိ”နေတဲ့ အချိန်လေးမှာ...
အရုပ်ဘက်က “သိ”ဖို့ အရေးကြီးတယ်နော်..။
ဖျားနေတာ မသိဘူး..(sorry)။
ဘီယာဆိုင်မှာ တွေ့ဆုံပွဲလုပ်တာတွေ များပြီး ပမ်းဖျား ဖျားသွားတယ်နဲ့တူတယ်..။
အမြန်နေကောင်းပါစေ...

Anonymous said...

ငါ့အကိုတစ်ယောက်ပြောခဲ့သလို
'ညီမလေး ဘဝမှာ အရေးကြီးဆုံးက ပိုက်ဆံလို့ နင်ထင်နေရင် အဲ့ဒီပိုက်ဆံတွေရလာတဲ့အခါ နင့်ရဲ့အရေးကြီးဆုံးတွေက နောက်တစ်မျိုး ပြောင်းသွားလိုက်မယ်...
တကယ်အရေးကြီးဆုံးက အဖေနဲ့ အမေပဲတဲ့.. အစားထိုးမရနိုင်တဲ့ တန်ဖိုးအကြီးဆုံး ကိုယ့်ဘဝအတွက် အရေးကြီးဆုံးတဲ့'..
အမေ့ကို ဂရုစိုက်ပါ.. အမေတွေ လိုချင်တာ သားပဲ.. ပိုက်ဆံမဟုတ်ဘူး ..အခု နင်လိုအပ်နေတာလဲ အမေပဲ ဖြစ်မှာပါ..

Unknown said...

i m not so sure which words can relieve your stress..only i can say is "try to overwhelm all the challenges and be happy..the good things will come to you soon..."

နေ့အိပ်မက် said...

ဟင်း... ဒီတိုင်းကဗျာရေးတာလား.. တကယ့်ခံစားချက်ကြီးလား.. တကယ်ဆိုရင်တော့ ဖတ်ရတာ စိတ်မကောင်းပါ... ;( ကိုရေခဲရေရော၊ အမေရော၊ မိသားတစ်စုလုံးပါ ပျော်ရွှင်ကျန်းမာကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်

lovelessguiter said...

ကဗျာလေးကို ဖတ်ရတာ ရင်ထဲတမျိုးပဲကွာ...
အမေ့သား အရွယ်မငယ်တော့ဘူး ငယ်စဉ်လို အမေ မစိုးရိမ်ပေမယ့် သားကိုသား ... စိုးရိမ်နေတယ် အမေ ....။
အဲဒီစာသားလေးကို ကြိုက်တယ်..။ ဟုတ်တယ်ကွ..

သုခုမလေဒီ said...

ခံစားချက်ကဗျာလေး လာဖတ်တယ်။
အမေရှိတုန်း ဂရုစိုက်ပေါ့နော်။ အဆင်ပြေပျော်ရွှင်ပါစေ အရုပ်ကလေး...