အစာ

စိတ်ကူးယဉ်မိတဲ့ အဖြစ်တွေကြား

ဇာချည်ပန်းထိုး အတတ်တွေနဲ့

အပ်ထည်တွေ တရစပ်...

မရပ်မနားပါပဲ..

ခပ်နုံနုံအဖြစ်တွေကြားမှာပဲ

သူ့ရုပ်လွှာတွေ

တစ်စတစ်စ အသက်ဝင် ..

ငါ...ရူးပြီ မိန်းကလေး

ရူးသွပ်မိတဲ့ ညတွေမှာပဲ

ခပ်မှိန်မှိန် အလင်းရောင်အောက်

ငါ့ဘဝတွေ အစအနပျောက်ခဲ့ဖူးတယ်...

လမ်းတွေမသင့်ဘူးနဲ့တူပါတယ်

ခရောင်းလမ်းတွေမဟုတ်ဘူး

ခရေပန်းလေးတွေ

ပွင့်တဲ့ညမှာပဲ...

လွင့်ပါးသွားရတဲ့ ဥယျာဉ် ...

ကိုယ့်အတွက် ကိုယ် အစာရှာနေမိတယ်

ငတ်မွတ်တောင့်တနေတဲ့အစာ

အဲဒီအရာ အချစ်....။



3 comments:

Cameron said...

နာ့အရုပ်မ ဘလောက်ကျမှပဲ နာတစ်ရတော့တယ်....

အဖြူရောင်နတ်သမီး said...

နာက(၂)ပေါ့...

အရုပ်ကလေး said...

မမိုးနဲ့ မနန်းက ၁တွေ ၂ တွေလုပ်နေတယ်
ဒီမောင်လေး ဖဘမှာ အပေါင်းအသင်းများတာကို ပီတီဖြစ်ရမှာကို:))