ဗလာ

နေ့ရက်တွေခြား
တွေ့နေပေမဲ့
ကြိုးစားတိုင်းလည်း
အရာမထင်ခဲ့
မင်း အပေါ်ထားတဲ့
ငါ့ ရဲ့ အချစ်
ငါ့ ရဲ့ မေတ္တာ
ငါ့ စေတနာ တွေကို
မင်း သိအောင်လို့
မီးမောင်းထိုးပြီး ပြသခဲ့လည်း
မျက်လွှာလေးချ အိပ်နေမှတော့
ငါ့ ဇတ်လေးလည်း ပြီးသာသွားတယ်
ဘာမှမရ ..
ဗလာလက်မှတ်
ကိုင်ဆောင်ကြည့်တဲ့
မင်း ရဲ့စိတ်က
ရုံထဲရောက်ရင်
အိပ်မောကျသတဲ့ ...

1 comments:

စိုင်းစိုင်းလားရှိုး said...

ဗလာလက်မှတ်လေးလိုချင်တယ် ဟေဟေး