......ဆိုတာ

တခါတလေ သရဲသကြားလုံးလေးတစ်လုံးလိုပဲ
ချိုနေရာက...ချဉ်သွားတတ်သလို
ချဉ်နေရာကလည်း.......စပ်သွားတတ်တယ်...

တခါတလေ သေနတ်တစ်လက်လိုပဲ
ဆူပူဒုက္ခပေးဖို့...ဖြစ်နိုင်သလို
ငြိမ်းချမ်းဖို့ , လွတ်လပ်ဖို့လည်း ကြိုးစားလို့ရတယ်
သေနတ်ကိုကိုင်ထားတဲ့သူရဲ့
ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်...

တခါတလေ Hip Hop သီချင်းတစ်ပုဒ်လိုပဲ
Rap စာသားနေရာမှာ မြူးကြွနေတတ်ပေမဲ့
Featuring နေရာကျတော့လည်း
အလွမ်း အဆွေးတွေနဲ့ ခံစားရတတ်တာပဲ...

...... ဒါတွေကိုသိနေပေမဲ့လည်း
ကျွန်တော်အပါအ၀င် လူတော်တော်များများကတော့
'ရဲလေး' ပြောတဲ့....မတော်တဲ့ဖိနပ်ကိုပဲ
မိုက်မဲစွာနဲ့ ဒုက္ခခံပြီး ...
စီးချင်နေမိတော့တယ်...


1 comments:

Kaung Kin Ko said...

ကဗျာလေး လာဖတ်သွားတယ်ဗျာ။ ကဗျာလေး ကောင်းတယ်ဗျာ။