ပြန်လည် Tag ခြင်း ၁

ကိုယ့်ရဲ့ အမည် idulize (မမေးနဲ့နော် ...အဓိပ္ပါယ်ကိုမသိတာ ..)
သူငယ်ချင်းတွေကခေါ်ကြတယ် ရုပ်ကြီး ၊ ရုပ်ရုပ် ၊ ရုပ်လေး ...လို့
ချစ်သူကတော့ခေါ်တာ အချည်ပေါင်းတဲ့ ...( အချည်ကြိုက်တယ်နဲ့ တူပါရဲ့ )
ဒီမှာနေတယ် Hotelမှာနေတယ် (နှစ်ချုပ်နဲ့ကိုနေတာ ..ပေါနေလို့ )
ဖုန်းဆက်ချင်ရင် ၀၁ ........ မေ့နေတာ , ချစ်သူတောင်မပြောရသေဘူး
နောက်မှပြောတော့မယ် ...

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် ( အဖြူ ၊ အနက် )
အ၀တ်အစားဆိုရင် လုံခြုံရင် အကုန်ကြိုက်
အစားအစာ ရွေးတယ်နော် .....( ..ဖြစ်ပါ့မလား ..)
သီချင်းဆိုရင် pop သီချင်းလေးတွေဆို ကြိုက်တယ်
( လေးမဆိုလို့လေ )
စာရေးဆရာဆိုရင် ဖတ်ဖူးသမျှ စာရေးဆရာတွေ ကြိုက်ပါ့
ဖတ်တာများနေလို့ သိပ်မမှတ်မိတာ ( ထင်လား )
အချစ်ဆုံးသူတွေက မိသားစုလေး ၊ ပြီးတော့ ... တစ်ယောက်သောသူပေါ့ ..(ဟဲဟဲ)
အလေးစားဆုံးသူက ဈေးထဲက ကြက်သားသည်လေ ( အလေးခိုးခိုးပြီး သူ့အတွက်ကျန်
အောင် စားနေလို့ )
အများဆုံးနားလည်ပေးနိုင်သူ မေ ... ( မေမေကိုပြောတာနော်)
ရင်အခုန်ဆုံးအချိန် ဆိုးသမျှ မေမေ သိသွားတဲ့ အချိန်..(မဆိုးပါဘူး ..တစ်ကယ်ပြောတာ)
အကြောက်ဆုံးအချိန် ချစ်သူက ထားခဲ့မှာအကြောက်ဆုံး (ယောက်ျားဆိုပေမဲ့ အချစ်နဲ့
ပတ်သက်ရင် ခံစားလွယ်လို့ ..ဟဲဟဲ)
အပျော်ဆုံးအချိန် သိန်း (၅၀၀)ထီ ခြောက်ကြိမ်ပေါက်တုန်းကလေ
ပိုက်ဆံလိုလား လာယူနော် ..(ရောက်ရင်တော့ ပြန်ပေးခဲ့ဦး )
အမှတ်တရနေ့ ပြောတော့ပြောချင်တယ် ဒါပေမဲ့ ချစ်သူက မပြောရဘူးတဲ့
သူပြောမယ်တဲ့ .. (ယုံလား )
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် လူ့စည်းစိမ်ကို အပြည့်အ၀စံစားရပါလို၏လို့ ဆုတောင်းမှာ
အချစ်ဆိုတာ ဘုရားကပေးတဲ့ ဆုလာဘ်လား ...( ကိုလေးဆိုတာ ..)
အမုန်းဆိုတာ လုံးဝကိုမရှိတာ ..
အချစ်ဆိုတာ ကိုယ့်ရဲ့ အချစ်တွေကို သူနဲ့ထပ်တူထပ်မျှ ပုံအပ်ကာချစ်တဲ့သူ
အလွမ်းဆိုတာ ဘယ်သူ့ကိုပဲချစ်ချစ် , ချစ်ပြီးရင်အကြောင်းအမျိုးမျိုကြောင့်
အလွမ်းဆိုတာ ဖြစ်လာတာပဲလို့ ထင်တာပဲ (မှားရင်တော့မသိ)
သံယောဇဉ်ဆိုတာ လူတွေပြောပြောနေတဲ့ အရိပ်သုံးပါးနားမလည်ဘူး ဆိုတဲ့အထဲက
သံယောဇဉ်အရိပ် ကိုပြောတာ ( ဟုတ်လား )
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် မမြဲတဲ့ ခန္ဓာကိုယ်ကြီးပါလားလို့ .. (တရားရတယ်မထင်နဲ့နော်..)
အပြောချင်ဆုံးစကားတစ်ခွန်း ဘ၀မှာ ဘယ်တော့မှ နောင်တမရပါနဲ့လို့...
နောင်တရရင် အရခံရတဲ့ သက်ရှိ ၊ သက်မဲ့က စိတ်ညစ်စရာ,
အသုံးမ၀င်တာဖြစ်ရော (ဟုတ်တယ်မို့လား)
ကိုယ့်စကားမဟုတ်ဘူးနော် ( သူများစကား )

ခင်တဲ့သူငယ်ချင်းတွေကိုတော့ မ tag တော့ပါဘူး ...
သူငယ်ချင်း နန်း .. ဖြေပြီးသွားပြီနော် ..

2 comments:

su wai said...

အ၀တ်အစားက လုံခြုံရင် အကုန်ကြိုက်တယ်ဆိုတော့ အာရပ်စော်ဘွားတွေ ၀တ်တဲ့ပုံစံမျိုးကို အကြိုက်ဆုံးဖြစ်မယ် ထင်တယ်နော် ( ခေါင်းပါ လုံပြီးသားဆိုတော့လေ .. :D )

ဝေလေး said...

မမေးနဲ့ဆိုသိပ်မေးချင်တယ်.. နာမည်ကဘာလဲလို့ ဟိ.. :P
ဟိုတယ်မှာနေတယ် ဂယ်လားး.. ထင်ပါဘူးနော်
ကြိုက်တဲ့အရောင်ကလည်း ဆန့်ကျင်ဘက်ကြီးးး အဖြူ နဲ့ အနက်တဲ့...
ဟိ... :P