ဖေဖေ့ အုတ်ဂူ

မိုင်တွေဝေးလို့ ခြားနားနေပြီ ..
ဟိုအဝေးက တောင်ပြာတန်းနှင့်
အေးချမ်းလှတဲ့ ဒေသလေးကို ...
ရင်မှအလွမ်း မှန်းဆရည်ရွယ်
တမ်းတမိတယ် ဖေဖေ့အုတ်ဂူ
မှိန်ဖျော့ဖျော့ရယ် ..
ရက်တွေပြောင်းလဲ နှစ်တွေဟောင်းလည်း
ဖေဖေ့စကား ဖေဖေ့အသွေးကို
သားရဲ့ခန္ဓာ သားရဲ့အသိမှာ
နှလုံးသွင်းလို့ မှတ်ယူထားတာ
ယနေ့ထိပါ ...
နောင်အနာဂတ် ကံကြမ္မာအကြောင်း
ဘယ်လိုပြောင်းလဲ ဟောင်းခြင်းပျက်ပြီး
အသစ်တည်လည်း သားရဲ့စိတ်မှာ
ဖေဖေဆိုတာ ထာဝရအမြဲ
ရှင်သန်နေမှာ သားအသိပါ ...

6 comments:

ဝေလေး said...

ဒီကဗျာလေးကောင်းတယ်အစ်ကိုရေ.....

စိုင်းစိုင်းလားရှိုး said...

နင့်ရဲ့ အဖေအပေါ် ခံစား
မယ်ဆိုရင်........
ငါလည်းလိုက်ခံစားပေးမယ်
အားမငယ်နဲ့

Chaos said...

ကဗျာလေးကောင်းတယ်
မိုင်တွေဝေးနေပေမယ့် တစ်ချိန်က နီးခဲ့တယ်လေ။

သက်တန့် said...

ကဗျာဖတ်ပြီး ၀မ်းနည်းလာတယ် အကိုရေ...

su wai said...

ကဗျာလေးဖတ်ပြီး စိတ်မကောင်းဘူး။ အဖေ့ကိုလွမ်းတဲ့ သားတစ်ယောက်ရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ ဆုဝေ ဖေဖေကိုလဲ အရမ်းသတိရမိတယ်။ မိုင်တွေဝေးပြီး ဘ၀ချင်း ဘယ်လိုပဲ ခြားနားနေပါစေ … အဖေဆိုတာ သားသမီးတွေရဲ့ စိတ်ဝိညာဉ် အသွေးအသားထဲမှာ ထာဝရအမြဲ ရှင်သန်နေမှာ အမှန်ပါပဲ…။

ကိုရင်နော်ခင်လေးငယ် said...

ကျမမှာ ဖေဖေ မရှိတော့ဖူး...
မိသားစုကို ခွဲသွားတာ ဆယ်စုနှစ် တစ်ခုကျော်လာပြီမို့.....
ဝဲတက်လာတဲ့ မျက်ရည်တွေနဲ့ ခံစားသွားတယ်..

အရမ်း ရင်ကိုထိတယ် လို့ဘဲ
ပြောပါရစေ...