လေပြည်

ညခင်းဆည်းဆာ ချိန်ခါလေးမှာ
နှလုံးသားကို ရိုက်ခတ်သွားတဲ့
လေပြည်လေး ...ရေ
ခြေလှမ်းလေးတစ်စုံ တရွေ့ရွေ့နဲ့အလာ
မြင်တွေ့ရတဲ့ မင်းအပြုံးလေးကို
ကြည့်လို့မ၀တာ ငါတစ်ယောက်ပါ...
ရိုးမသွားတဲ့ အမူအရာလေးပမာ
ငေးမောရင်းနဲ့ ..
ချစ်နေမိတာ ငါတစ်ယောက်ပါ...
အထီးကျန်ဆန် ငါ့ဘ၀ထဲ
ဝင်လာရဲတဲ့ ပါရမီရှင်ရေ ...
မင်းလေးရဲ့ ဟန်ဆောင်ကင်းတဲ့
ချစ်ခြင်းတွေကြောင့် စိတ်အစဉ်မှာ
ခွန်အားတွေဖြစ် ..
အချစ်တွေပြည့်တာ ငါတစ်ယောက်ပါ...
ဖြူစင်အပြုံး ရှင်းသန့်မျက်နှာ
တောက်ပအကြည့်တွေ ပေါင်းစုနေတဲ့
မင်းတစ်ယောက်ကို ...
ဒီရင်ထဲ မေ့လို့မရတော့
လေညှင်းလေးလို တိုးဝှေ့လှည့်ပါလို့
တောင်းဆုခြွေပါ၏ ...

3 comments:

su wai said...
This comment has been removed by the author.
su wai said...
This comment has been removed by the author.
su wai said...

လေပြည်လေးရဲ့ အေးမြတဲ့ချစ်ခြင်းကြောင့် အထီးကျန်ဆန်တဲ့ ဘ၀လေး စိုပြည်လာပါစေလို့ ကဗျာဖတ်ရင်း ဆုတောင်းပေးသွားပါတယ်။