အချစ်ဆုံးမို့

ချစ်သူ ...
တစ်ချိန်တစ်ခါက အချစ်ဆိုတာကို
ဝိုးတ၀ါးနဲ့ လမ်းပျောက်နေတဲ့
မျက်ကန်းတစ်ယောက်လို စမ်းလျှောက်ခဲ့ဖူးပါတယ်...
ပြန့်ဖြူးမနေတဲ့ ကျင်းနှုတ်ခမ်းတွေမို့
ငါ့ခန္ဓာမှာလည်း
ချို့ယွင်းနေတဲ့ နာရီတစ်လုံးလို
တစ်စစီပြန့်ကျဲနေရင်း ရပ်တန့်ခဲ့ဖူးပါတယ်...
ချစ်ခြင်းရဲ့အနှစ် ခံစားခြင်းရဲ့အပြုကို
ခုန်မင်စွာ ကြောက်ရွံ့နေရင်း
ငါတစ်ယောက်ထဲ ဒဏ်ရာတွေကို
အချိန်နှင့်အမျှ ကုစားလို့နေခဲ့မိတယ် ..
အခုတော့ ..
အတ္တစိတ်တွေ များပြားခြင်းနဲ့
ဟောဒီကမ္ဘာကြီးထဲမှာ
ငါလေ ... မင်းတစ်ယောက်ကို
မမျှော်လင့်ခြင်းနဲ့ ဆုံတွေ့ရသလို
မထင်မှတ်ပဲလည်း ချစ်သွားခဲ့တယ် ..
အတမ်းတဆုံး ရင်ခွင်တစ်ခု
အဖေါ်မဲ့နေ ငါ့ဘ၀အတွက်တော့
အလိုအပ်ဆုံး မင်းတစ်ယောက်ကို
ယုံကြည်ခြင်းတွေနဲ့ ..
စုန်ချီဆန်ချီ လိုက်ပါမျောရင်း
လှမ်းမမြင်တဲ့ ကမ်း(အနာဂတ်)ပြင်ကို
ခွန်အားအပြည့်နဲ့ ကူးခတ်နေလို့
ဒီသံသရာ လူ့ဘ၀တာမှာ
မင်းတစ်ယောက်ကို မရှောင်ပုန်းစွာနဲ့
အချစ်ဆုံးပါလို့ ပြောလိုက်ပါရစေ ...

3 comments:

su wai said...

ကဗျာလေးကို လာခံစားသွားပါတယ်။ လူတိုင်းလိုလိုမှာ အတိတ်ကဒဏ်ရာတွေ ရှိခဲ့ဖူးပါတယ်။ အရေးကြီးတာက လက်ရှိအချိန်နဲ့ ခံစားချက်တွေကို တန်ဖိုးထားတတ်ဖို့ပါပဲ။
အချစ်ဆုံးသူနဲ့အတူ အနာဂတ်ပင်လယ်ပြင်ကို နားလည်မှုအပြည့်နဲ့ ကူးဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်။

kiim said...

က ဗျာ လေး က တော့ ရှယ် ပဲ ရှင့်...ခံ စား ချက် တော် တော် ပြင်း တယ် နော်..အ ရမ်း ကြိုက် မိ ပါ တယ် ...အား ပေး နေ ပါ တယ် နော်...

Chaos said...

အချစ်ဆုံးဆိုသူနဲ့
အချစ်ရဲ့ အနက်အဓိပ္ပါယ်ကို သိခဲ့ရတယ်ပေါ့