ရနံ့

ငါ .. ယုယခဲ့တယ်
ပန်းလေးတစ်ပွင့်ကို ...
မနမ်းရက် မရှိုက်ရက်အောင်
တန်ဘိုးထားရင်း ...
ဒီပန်းတွေထဲ အမြတ်နိုးဆုံး
ပန်းပွင့်လေးကို တသသနဲ့ ...
မပွင့်လန်းပါနဲ့ ပန်းပွင့်လေး
ဒီအတိုင်းပဲ ရှိနေပါ ..
စွန့်လွှတ်ဖို့ မဖြစ်နိုင်တဲ့
ဆန္ဒအချစ်စိတ်ကြောင့်
ကိုယ်ပျိုးခဲ့တဲ့ ပန်းလေးတစ်ပွင့်ကို
လက်လှမ်း ခူးဆွတ်တော့မယ် ...
သင်းရနံ့တို့ မပျက်ပြယ်အောင်
ငါ ယုယမှုနဲ့ သိမ်းထားမယ်...
ပန်းပွင့်လေးရယ် ရနံ့မပြယ်ပါနဲ့
ငါ ..တောင်းဆုပြုနေမယ် ..

2 comments:

ရင်ကွဲငှက် said...

ကဗျာလေးကကောင်းတယ်ဗျာ တစ်ကယ်ရင်ထဲထိတယ်

ဇင်ယော် said...

အမြတ်တနိုး တန်ဖိုးထားတတ်သူ တစ်ယောက်ရဲ. ရင်ထဲက ပန်းလေးတစ်ပွင့်ကို အစဉ်ထာဝရ သင်းရနံ့ 
မပြယ်ပဲ လန်းဆန်းနေနိုင်ပါစေလို့  ကူပြီး ဆုတောင်းပေးခဲ့ ပါတယ်။