ဆောင်းညထပ်တူ

ချစ်သူ...
မြူမှုန်ဝေတဲ့ ဆောင်းမနက်မှာ
လန်းဆန်းခြင်းနဲ့ လှမ်းမမြင်တဲ့
ဟိုး .. အဝေးကို ငေးမောနေရင်း
ငါ့အာရုံတွေ ပျံ့လွင့်နေတယ်

ချစ်သူ...
နံနက်ခင်းရဲ့ အမြင်တွေကြား
နေခြည်အလာ မြက်ခင်းတွေမှာ
ခိုတွဲနေတဲ့ ဆီးနှင်းလေးတွေ
ဆောင်းပုလဲဖြစ် ပြိုးပြက်နေတာ
ငါ့အမြင်တောင်ေ၀၀ါးစေတယ်

ချစ်သူ...
အေးစက်စက်နဲ့ ဆောင်းညတွေမှာ
ခိုးနားနေရာ အခန်းကျဉ်းထဲ
ဝတ်ရုံအလွှာ ဆွဲကာခြုံလို့
ဆွေးရပုံမှာ ရင်နင့်စရာ

ချစ်သူ...
မြောက်ပြန်လေညှင်း တိုးဝှေ့ခြင်းနဲ့
ရင်ကိုရိုက်ခတ် အသည်းခိုက်လည်း
နှလုံးအိမ်မှာ နွေးထွေးခြင်းနဲ့
မင်းတစ်ယောက်ကို တမ်းတမိတယ်

ချစ်သူ...
နှင်းငွေပမာ ပ၀ါအလား
ရစ်ခြုံသိုင်းလို့ ချမ်းမြပါတဲ့
နှစ်တစ်နှစ်ရဲ့ ဒီဆောင်းညမှာ
မင်းတစ်ယောက်ကို လွမ်းမိနေတယ်

ချစ်သူ...
ဆုံတွေ့ရတဲ့ အချိန်မှစ
ဒီရင်ဘတ်ထဲ အဆုံးမရှိလို့
မျှော်ကာတွေးတော့ ငါ့စိတ်တွေက
မီးလင်းဖိုဘေး ထိုင်ကာနေရင်း
ဝေးမနေရဲလို့ ဆွေးနေရတယ်

ချစ်သူ...
ရင်မှာဖြစ်တည် သံယောဇဉ်နဲ့
တစ်နေ့တစ်ရက် အမေ့ခက်လို့
မင်းဆီအပ်နှင်း ဒီချစ်ခြင်းကို
ဆောင်းညထပ်တူ အေးမြမှုလို
ပုံဆောင်ပမာ တည်ပါစေ၏


9 comments:

Anonymous said...

ကဗျာလေးအရမ်းကြိုက်တယ်ဗျ။
မိုက်တယ် အတွေးလေးကလန်းတယ်

emayarKhin said...

ချစ်သူ....ဒီကဗျာလေးကိုဖတ်မိပါစေ....

Welcome said...

ကဗျာကောင်းလေး ခံစားသွားတယ်၊

http://winzaw-mdy.blogspot.com/

flowerworld said...

ချစ်သူ...
ဆုံတွေ့ရတဲ့ အချိန်မှစ
ဒီရင်ဘတ်ထဲ အဆုံးမရှိလို့
မျှော်ကာတွေးတော့ ငါ့စိတ်တွေက
မီးလင်းဖိုဘေး ထိုင်ကာနေရင်း
ဝေးမနေရဲလို့ ဆွေးနေရတယ်............
ထပ်တူပါပဲအကိုရေ.......ဝေမှာကြောက်နေတာကဗျာလေး
ကောင်းတယ်.........

Unknown said...

ကဗျာလေးကိုစောင်ခြုံပြီးဖတ်သွားတယ်
ဟီဟီ အလကားစတာနော်
အရမ်းကောင်းတယ်
နောက် ဒါမျိုးလေးတွေ
များများရေး

ညီမတော်

ပန်းခင်းလေး

su wai said...

မြူမှုန်ဝေတဲ့ ဆောင်းမနက်တွေမှာ..
အေးစက်စက်နဲ့ ဆောင်းညတွေမှာ..
နွေးထွေးတဲ့ချစ်ခြင်းကို တမ်းတရင်း
ချစ်ကြသူတိုင်း လွမ်းနေကြရမှာပါပဲ…

ကဗျာလေး အရမ်းကောင်းပါတယ်။
`ဆောင်းညထပ်တူ´ဆိုတဲ့ ကဗျာခေါင်းစဉ်လေးက အဓိပ္ပါယ်ရှိစွာနဲ့ ပိုလှနေတယ်။

မြတ်သွယ် said...

ကဗျာခေါင်းစဉ်လေးကို ကြိုက်တယ်
ကဗျာကလဲကောင်းတယ်
-ချစ်သူ...
မြောက်ပြန်လေညှင်း တိုးဝှေ့ခြင်းနဲ့
ရင်ကိုရိုက်ခတ် အသည်းခိုက်လည်း
နှလုံးအိမ်မှာ နွေးထွေးခြင်းနဲ့
မင်းတစ်ယောက်ကို တမ်းတမိတယ်- ချစ်ရတဲ့သူကို လွမ်းတိုင်း ရင်ထဲမှာ အေးတ၀က် နွေးတ၀က် ဆွေးတ၀က် ပျော်တ၀က် နဲ့ ခံစားချက်တွေစုံတယ်နော်...
တည်ပါစေ ကိုအရုပ်ကလေးရေ ...

WWKM said...

ချစ်သူ...
ရင်မှာဖြစ်တည် သံယောဇဉ်နဲ့
တစ်နေ့တစ်ရက် အမေ့ခက်လို့
မင်းဆီအပ်နှင်း ဒီချစ်ခြင်းကို
ဆောင်းညထပ်တူ အေးမြမှုလို
ပုံဆောင်ပမာ တည်ပါစေ၏

ကဗျာကောင်းလေးတစ်ပုဒ်ပါ မောင်လေးရေ.

အလင်းစေတမန် said...

ကဗျာလေး လာဖတ်ပါတယ် ကျွန်တော်ကတော့ ကာချင်း ကို ချာချင်းဖြစ်အောင် စပ်တက်ပါတယ် ဟဲ