အတွေ့ချင်ဆုံး ၁၀ယောက်

အတွေးချင်ဆုံး ၁၀ယောက်ဆိုပြီး ပန်းခင်းလေး က တက်ခ်ထားတာပါ.. ကြာပါပြီ ... မအားတာနဲ့ မရေးဖြစ်တာ ခု တက်ခ်အကြွေးတွေ များလာပြီဆိုတော့ စတင်ရေးပြီဗျာ စာရေးတဲ့မောင်နှမတွေထဲမှာ တွေ့မြင်ဖူးတဲ့ မောင်နှမတွေရှိသလို မတွေ့မမြင်ဖူးပဲ ခင်မင်တဲ့မောင်နှမတွေလည်း အများကြီးပါ .. အတွေ့ချင်ဆုံး၁၀ ယောက်ဆိုတော့ စာရေးတဲ့ မောင်နှမတွေထဲမှ အပြင်မှာ တွေ့ခွင့်ရချင်တဲ့ တွေ့ချင်မိတဲ့ ၁၀ယောက်ကိုပဲ ဖေါ်ပြလိုက်ပါတယ် ..။၁၀ယောက်ထဲ ကန့်သတ်ထားတော့ ခက်သားပဲ ..။ ဘလော့ခ်စာမျက်နှာပေါ်မှာ သိကျွမ်းခွင့်ရခဲ့တဲ့ မောင်နှမတွေ အားလုံးကိုတွေ့ချင်မိတာတော့ ရင်ထဲက ဆန္ဒပါ ..။

၁ ... ဘလော့ခ်စရေးတုန်းက တတိယမြောက် ခင်မင်ခဲ့ရတဲ့ ညီမလေး .. ဝေလေး ပါ ..။ညီမလေး ဝေလေးနဲ့ ကဗျာအကြောင်းလေးတွေ စသည့်ဖြင့် ပြောခဲ့ရင်း သံယောဇဉ်တိုး ခင်မင်သွားတဲ့ ညီမလေးပါ ..။ခုတော့ တစ်ယောက်နဲ့ တစ်ယောက် ဘီးဇီး နေတာနဲ့ အရင်ကလို စကားသိပ်မပြောဖြစ်တာ ကြာပါပြီ ..။အခွင့် ရှိသေးမယ်ဆိုရင်ဖြင့် ညီမလေး ဝေလေးနဲ့ တွေ့ဆုံချင်ပါသေးတယ် ..။ပထမ စသိတဲ့တစ်ယောက်နဲ့ ဒုတိယကတော့ ပြည်တွင်း ပြန်လာတုန်းလေး တွေ့ဖူးသွားပါပြီ ..။

၂ ... စတုတ္ထမြောက်သိကျွမ်းခဲ့တဲ့ ညီမငယ် ငှက်ငယ်လေးပါ .. တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတဲ့အချိန်(နေ့ ၊ည )မှာ ညီမငယ်ငြိမ်းက မနက်ဆို ကျွန်တော်က ည ကျွန်တော်ညဆို သူက မနက် .. အလုပ်တစ်ဖက်နဲ့ အချိန်ပိုင်းလေးပဲ ပြောခွင့်ရခဲ့တဲ့ ညီမငယ် ငှက်ငယ်လေးကိုလည်း စကားတွေပြောရင်း ရင်းနှီးမှု ရလာတာနှင့် အမျှ တွေ့ချင်မိလာတဲ့အထဲ သူတစ်ယောက် အမြဲလိုလိုပါပဲ ..ခုတော့ စကားမပြောဖြစ်တာ တော်တော့ကို ကြာပါပြီ .. ခုဆို ကျွန်တော် ညပိုင်း အွန်လိုင်း တက်တဲ့ အချိန်တွေဆို ငြိမ်းကိုများ တွေ့မလားလို့ မျှော်နေတတ်မိပါတယ် ..။

၃ ... ညီမငယ် ငွန်ငယ်မိုးပါ .. စကားပြောရင် “ နော့ ” ဆိုတာလေး ထည့်ထည့်ပြောတတ်တယ် ညီမငယ်ပါ ..။
ငွန်ငယ် အားလို့ အွန်လိုင်းတက်လာတဲ့အချိန် ကျွန်တော်အွန်လိုင်းတက်တဲ့ အချိန်နဲ့ တိုးရင် စကားပြောဖြစ်တာ များပါတယ် ..။ခုတော့ မတွေ့ဖြစ်တာ ကြာပါပြီ .. ဘလော့ခ်လည်း သူကိုယ်တိုင် မရေးတော့ပါဘူး ..။ သူ့အစ်ကို ကိုလတ်ပဲ ဆက်ရေးပါတော့တယ် ။မောင်နှမ နှစ်ယောက်လုံးနဲ့လည်း တွေ့ချင်မိပါတယ် ..။ သတိတရလည်း ရှိပါတယ် ..။

၎ ...အဘွား နေရီနွယ်ပါ .. အဘွားနဲ့ကတော့ သူစာကျက်လို့ အိပ်ငိုက်လာတဲ့ အချိန် .. ပျင်းလို့ သက်ပြင်းချတဲ့ အချိန်တွေအပြင် တွေ့တိုင်း စနောက်ပြီး မောင်နှမအရင်းလို ပြောဖြစ်ကြတဲ့ အဘွားပါ ..(အဘွားလို့ ခေါ်ရခြင်းမှာ သူ့အိမ်ကို စသိခါစက စာဖတ်ပြီး ဆီပုံးမှာ ကျွန်တော့်ထက် အသက်ကြီးမယ်ထင်ပြီး အစ်မဆိုပြီး ရေးခဲ့မိတယ် .. နောက်ပိုင်း စကားပြောဖြစ်ကြတော့ ကျွန်တော့်ထက် အသက်ငယ်မှန်း သိခဲ့ရတယ် ...အဲမှာ သူက သူ့ကိုအသက်ကြီးတယ်လို့ ထင်တယ်ဆိုပြီး စိတ်ကောက်စွာနဲ့ ကျွန်တော့်ဆီပုံးမှာ အဘိုး ဆိုပြီး ပြန်လာအော်လို့ ကျွန်တော်ကလည်း သူ့ကို အဘွားလို့ စနောက် ခေါ်ခြင်းပါ . ။) စာတွေ ကြိုးစားနေတာလေ ..ကျွန်တော် လိုင်းပေါ် မရောက်တာနဲ့ ညီမလေး နဲ့ အေးဆေး မပြောဖြစ်တာ ကြာပါပြီ ..။ မောင်နှမအရင်းအဖြစ် သတ်မှတ်လို့ ကတိတွေ ပေးထားတဲ့ ညီမလေးပါ .. သူ့နဲ့လည်း တွေ့ချင်ပါတယ် .။ ပါးကွက်ကလေးကတော့ အမှတ်ရစမြဲပေါ့ ..။

၅ ... မကြီး အိန္ဒြာပါ .. ကဗျာတွေ အရေးကောင်းပြီး မောင်လေးတစ်ယောက်အပေါ် သွန်သင်ပြတဲ့ မကြီးပါ ..။
မကြီးနဲ့ မအားလို့ စကားမပြောဖြစ်ရင်တောင် အွန်လိုင်းမှာ မကြီး ရှိနေတယ် ဆိုရင်ဖြင့် ကျွန်တော်က ပျော်နေတတ်သူပါ ..စကားပြောဖြစ်တဲ့ အခါကျရင်တော့ အတိုင်းမသိ ပျော်နေမိတယ် .. ကဗျာအကြောင်းလေးတွေ ပြောလိုက် အလုပ်အကြောင်းလေးတွေ ပြောလိုက်နဲ့ နေ့ရက်ကလေးတွေ ကုန်လွန်လာတာနှင့်အမျှ မကြီးကိုလည်း တွေ့ချင်ပါတယ် .. တစ်ရက်တစ်ရက်နဲ့ မကြီးနဲ့ တွေ့ဖို့ နီးလာတာနှင့် အမျှ ပျော်နေမိတာလည်း အမှန်ပါ ..။ ဘ၀တာတိုမှာ ကျွန်တော် မြတ်နိုးရသော ကဗျာတွေ .. ကဗျာတွေကိုရေးနေသော မကြီး .. စသည်ဖြင့် ကဗျာတွေကြားမှာပဲ ကဗျာဆရာ .. မကြီးကို တန်ဘိုးထားပါ၏ ..။

၆ ... ကိုအိမ်ပါ .. ဟာသတွေပြောင်မြောက် ဖတ်ရသူ စိတ်အနောက်တွေ ပြေပျောက်အောင်ရေးနိုင်တဲ့ ကိုအိမ် ...
ပြီးတော့ ခုလက်ရှိ ချစ်သူ မရသေးဘူးလေ (လူတကာ သိအောင်လို့ ) ၊ အဲ့အစ်ကိုတော် ကိုအိမ်နဲ့လည်း တွေ့ချင်ပါတယ် ...မကြာတော့မဲ့ အချိန်မှာတော့ တွေ့ရမယ်တော့ မျှော်လင့်ရတာပါပဲ ..။

၇ ... အစ်မ၀ါပါ .. MBS နဲ့ ပတ်သက်တဲ့ ပို့စ်လေးတစ်ခု တင်တာကို ကွန်းမန့်သွားပေးရင်း ခင်မိခဲ့တဲ့ အစ်မပါ ..
အပြန်အလှန် စာတွေ ဖတ်ရင်း ရင်းနှီးချစ်ခင်ခဲ့တဲ့ အစ်မပါ .. အစ်မတော်လည်း ဘယ်အချိန် ပြန်လာမယ် မသိပေမယ့် အခွင့်ရှိသေးတယ် ဆိုရင်ဖြင့် တွေ့ချင်ပါသေးတယ် .. (အစ်ကိုနဲ့ သမီးငယ်လည်း ပါတယ်နော် ) ..။

၈ ... BLACK DREAM ပါ .. စာအရေးအသားကောင်းသလို နည်းပညာထဲမှာ ကျွန်တော် နှစ်သက်မိတဲ့အထဲ ဘလက်လည်း အပါအ၀င်ပေါ့ .. ပြီးတော့ ပြီးတော့ .... ထိုကြောင့် ထို့ကြောင့်လည်း သူ့ကို ခင်မိပါတယ် သူပြန်လာတဲ့ အချိန်တွေ့ရဦးမယ်လို့လည်း မျှော်လင့်မိသလို တွေ့လည်း တွေ့ချင်ပါသည် ..။သူကတော့ ပြန်ရောက်ရင် ဘယ်သူ့ကို အရင်တွေ့မယ် မသိ .. ဟိဟိ ..။

၉ ... အစ်မ ကောင်းကင်ပြာပါ .. အစ်မတော်နဲ့ ကျွန်တော် အကြိုက်ချင်း တူတာ တစ်ခုရှိတယ် .. ။ ဘလော့ခ်သွားဖတ်ရင်း တွေးမိတာက ကျွန်တော့်ထက် အသက်ငယ်မယ်ထင်တာ .. တစ်ကယ့်တစ်ကယ် သိပြီဆိုမှ ကျွန်တော့်ထက် အသက်ကြီးတာ သိတာ .. ဟီး .. ( ၁၆နှစ် ဟုတ်ဘူးနော် ).. ပြီးတော့ ပြန်လာမယ် ပြန်လာမယ်ဆိုပြီး ပြန်မလာသေးတဲ့အတွက်ရော အကြိက်ချင်းတူတာလေး အတွက်ရော ကဗျာလေးတွေ လာလာဖတ်တဲ့အခါ စိတ်ထဲက သံယောဇဉ်တိုးလို့ ခင်မင် တွေ့ချင်မိတဲ့ အစ်မပါ ..။

၁၀ ... ဦးနော်နဲ့ တီငယ်ပါ (နှစ်ယောက်ဆိုပေမယ့် ) ဘလော့ခ်တစ်ခုထဲမို့ တစ်ယောက်အဖြစ်ပဲ သတ်မှတ်တာ ..
တီငယ့် စာတွေဆို အရမ်းကြိုက်တယ် .. စာတွေ ဖတ်ရင်း ဖတ်ရင်း ခင်မင်မှုလေးတွေ ရတဲ့အခါ တီငယ်က သူရေးထားတဲ့ စာလေးတွေကို မေးလ်ကနေ ပို့ပေးဖူးတယ် .. ပြီးတော့ စသိခါစတုန်းက ပို့စ်တွေ အကုန်မဖတ်ရသေးပဲ မေးမိတာ တစ်ခုအတွက် တီငယ်ဖြေရှင်းချက် ထုတ်ရတာ မှတ်မိသေးတယ် .. ဟိ ..ပြီးတော့ ဦးနော် ကဗျာရွှတ်တဲ့ အသံ ...၊ နားထောင်ရပေမယ့် ဦးနော်မှန်း မသိတဲ့ အဖြစ် .. .. နားထဲမှာ ကဗျာတစ်ပုဒ်ရဲ့ အသံအနေအထား ပီပြင်ပြောင်မြောက်အောင် ရွတ်ဆိုနိုင်တဲ့ ဦးနော် .. အရေးကောင်းတဲ့အတွက်ရော .. စသည်ဖြင့် အဲလိုအဲလိုတွေကြောင့် တွေ့ချင်ပါ၏ ...

ညီမလေး ပန်းခင်းရေ .... ခုမှပဲရေးပေးဖြစ်တာ နားလည်ပေးပါနော့ .... တော်သေးတယ် အကြွေးရှင်က မေ့နေတာ နေမယ် ..အကြွေးမတောင်းလို့ ...။ သတိရတုန်းလေး ရေးလိုက်တာ ... ဆက်ရေးရင် ဘလော့ခ်စာရင်းဝင် အကုန်ပါမှာ သေချာတယ် ..။တွေ့သာတွေ့ချင်တာ .. ၁၀ယောက်လုံးရဲ့ဘလော့ခ်တွေ နောက်ပိုင်း မဖတ်ဖြစ်တာ များနေပြီ .. စိတ်ဆိုးနဲ့နော် ..မအားလို့ပါ ..။နောက်များ မကြာမီ အိမ်တွေ ပြန်လည်လို့ စာဖတ်ဖြစ်တော့မှာပါ ..။ ခုတော့ ဘူးသီးနော် ..။

23 comments:

ကိုရင်နော်ခင်လေးငယ် said...

ဦးနော်နဲ့ တီငယ်ကလည်း အရုပ်လေးကို အရမ်းတွေ့ချင်တာပါ..

အရုပ်လေးရဲ့ ကဗျာတွေ စာတွေမှာ ရင့်ကျက်တည်ငြိမ်မှုတွေ အထင်းသား တွေ့နေရပါတယ်.. အရွယ်ငယ်ပေမယ့် လေးစာချစ်ခင်ဖွယ်ပါ..

အရုပ်လေးရေ..
တစ်ရက်တော့ တွေ့ကြမယ်နော်..
အဲ့ဒီတစ်ရက်မှာ ကဗျာတွေ၊ စာတွေ အကြောင်းပြောကြမယ်.. ရယ်စရာတွေ ပြောကြမယ်..
ဦးနော်က ကဗျာရွတ်ပြမယ်၊ တီငယ်က ကဗျာလွတ်ကပြမယ်..း)

ချစ်ခင်စွာဖြင့်..

ဦးနော်၊ တီငယ်

အရုပ်ကလေး said...

ဦးနော် ကဗျာရွတ်ရင် တီငယ်က ကဗျာလွတ်ကပြရင် ပျော်စရာကြီး .. တွေ့ခွင့်ရမဲ့ နေ့လေးကို စောင့်နေမယ် ဦးနော်နဲ့ တီငယ် ..။

Unknown said...

တွေ့ကြသေးတာပေါ့ဗျာ..။ ငှဲ ငှဲ ငှဲ..။ :P

ပြန်လာရင် ကျွန်တော်က ဧည့်သည်ဖြစ်နေပြီဆိုတော့ အိမ်ရှင်ဖြစ်တဲ့ အစ်ကိုကပဲ ဒကာခံလိုက်ပေါ့နော်..။ တရားမျှတသွားအောင်..။ :P

အခုလိုမျိုးအမှတ်တရ ထည့်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကို..။ :)

အရုပ်ကလေး said...

မဟုတ်ဘူးလေ .. ဘလက်ရ .. ညီ ပြန်လာရင် ညီရှိတဲ့ နေရာကို အစ်ကို လာခဲ့မယ် . အဲတော့ ညီက အိမ်ရှင် ... အစ်ကိုက ဧည့်သည်ဆိုတော့ ညီပြုစုရမယ် .. ဒါဖဲ .. ဒါဖဲ . ဟုတ်တယ်ဟုတ်။

MoeThwayNge said...

အင်း ညီငယ် ..ညီမအစား အကို က ပြောခဲ့မယ်။
ခင်မင်စရာ ကောင်းပြီး စိတ်ထားကောင်းတဲ့ ညီငယ် ကို အကို ရော ညီမ ကပါတွေ့ ချင် ပါ တယ်။တစ်ချိန် မှာတော့ တွေ့ခွင့်ရမယ် ထင်ပါတယ်။
အကို စကားလက်ဆောင်ပါးလိုက်ပါမယ့် ညီမငယ်ကို။ အခြေနေနဲ့ အခက်အခဲ့ တစ်ချို့ကြောင့် ညီမ က ဘလောက်လောက ကနေ ထွက်ခွာ သွားပေမယ့် အကိုနဲ့ညီ် အွန်လိုင်း ပေါ်မှာ ခဏခဏ စကား လက်ဆုံကျ ခဲ့ လို့ ညီကို ခင်မင်လျှက် ညီရေးတဲ့ စာတွေ ကဗျာလေးတွေကို အားပေးနေလျှက်ပါ။

ခင်မင်မှုဖြင့်
အားလုံးကို ပျော်စေချင်တဲ့ -

ကိုလတ်။

အရုပ်ကလေး said...

တွေ့ခွင့်ရမဲ့ နေ့လေး ရောက်ရင် သုံးယောက်စလုံး ရင်ထဲ ပျော်နေမှာ အသေအချာပဲ ကိုလတ် ...
အဲနေ့လေးကိုသာ ညီတို့ သုံးယောက် ဆုတောင်းကြတာပေါ့ .။

Anonymous said...

အဟီး..လျှောက်ဖွနေပြန်ပြီ.. ကိုအရုပ်တမာကတော့..။

အရုပ်ကလေး said...

ဖွတာလို့ ထင်တာလား .. နာ့အစ်ကို လူပျိုးကြီးဆိုတာ သိအောင်လို့ပါနော့ .. ဖွတာ ဘယ်သူလဲ ...။

မယ့်ကိုး said...

ကျွန်မကို မတွေ့ချင်တာလည်း ဝမ်းသာပါတယ်။ နို့မို့ သရဲခြောက်ခံရသလို ဆယ်ရက်လောက် စိတ်နောက်သွားမှာစိုးလို့ =)

Eaindra said...

ွှအရုပ်ကလေးရေ...

ကိုသု မင်္ဂလာဆောင်မှာဆုံကြတာပေါ့...

အမ လဲတွေ့ချင်ပါတယ်...
ခပ်ပေပေ ခပ်ဂျစ်ဂျစ်မောင်တစ်ယောက်ကို...

အစစအရာရာအဆင်ပြေပါစေ..
ကဗျာတွေ စာတွေလည်း အများကြီးရေးနိုင်ပါစေ..
အောင်မြင်ပါစေ..

ခင်ခင်မင်မင်

အိန္ဒြာ

ကောင်းကင်ပြာ said...

ရုပ်ရုပ်ရေ အမ ကလဲ တွေ့ချင်ပါတယ်ကွ၊ ပြန်လာမယ် ပြောတာက ပြန်ချင်တဲ့ စိတ်က များပြီး ပြန်ဖို့ အဆင်မပြေသေးလို့ပါ၊း)တွေ့မယ်နော်

ငှက်ငယ်လေး said...

ဟုတ်တယ်နော် ၂ ခါလောက်ပဲစကာစးပြောဖြစ်ပြီး မတွေ့ တော့ဘူး...။ မထင်မှတ်ထားပေမဲ့ ညလေးကိုခင်တယ်ဆိုတာသိရတော့ ၀မ်းသာမိပါတယ်...။ အမှတ်မထင်တွေ့ ခဲ့ ၇င်လည်းခေါ်နော်...ခင်တဲ့ ငြိမ်း

အရုပ်ကလေး said...

အားလုံးကို တွေ့ချင်ပါသည် .. ဆုံနိုင်ဖို့ မျှော်လင့်ရင်း စာမျက်နှာတစ်ခုအပေါ် ငါအိမ်ဆောက်နေတယ် ..။။။


ငြိမ်း .. ဘာနှစ်ခါတွေ့တာလဲ . .. မှတ်လဲ မမှတ်မိဘူး ..။

ငှက်ငယ်လေး said...

ငြိမ်းပြောတာက ဂျီမေးမှာပြောတာပါး( ခုနက ခန့် မှန်းနဲ့ ပြောလိုက်တာပါ....အဲထက်တော့ ပိုတာပေါ့...နေ့ နဲ့ ညဆိုတော့ ခနတဖြုတ်ပဲစကားပြောဖြစ်တယ်လေ...မမှတ်မိလို့ မဟုတ်ပါဘူး....ငြိမ်းမှတ်မိပါတယ်ဂျာ...ခင်လည်းအရမ်းခင်ပါတယ်..တကယ်ပြောတာပါ....

ပန်းခင်းလေး said...

Tag ထားတာ မေ့ တောင်မေ့ သလိုလိုရှိနေပြီ
Tag ကြွေးလည်း ခဏခဏတောင်းရလွန်းလို့ 
မေ့ နေတာ ... အခုလို မအားတဲ့  ကြားကနေ
ရေးပေးတဲ့  ငါ့ ကိုကြီးကို ကျေးဇူးတင်တယ်နော်
အရမ်းလည်း ချစ်သွားပြီ .... ညီမလေးTag ထားတာကို အချိန်ကြာပေမယ့်  မမေ့ မလျော့  မှတ်မှတ်ရရ ရေးပေးတဲ့  ကိုအရုပ်ကို အာဘွားအမြှောက် တစ်သိန်းပေးခဲ့ ၏ ...


ပျော်ရွှင်ပါစေ!

ညီမလေး

ပန်းခင်း

WWKM said...

အရုပ်ကလေးရေ..

တွေ့ချင်တဲ့သူ ၁၀ ဦးထဲမှာ အစ်မပါလို့ ၀မ်းသာပါတယ်.
တွေ့ရမယ်..တွေ့ရမယ်. ပြန်လာတော့မှာ မကြာတော့ဘူး။မုန့်ကျွေးဘို့သာပြင်ထား.ဟဲဟဲ
ဘလက်ပြောသလို အရုပ်ကလေးက အိမ်ရှင် ၊အစ်မတို့
က ဧည့်သည်ပြန်ဖြစ်သွားပြီ.း))
အရုပ်ကလေး မင်္ဂလာဆောင်ရင်ဖိတ်လိုက်.လက်ဖွဲ့ကြီး
ကြီးနဲ့ အစ်မတို့မိသားစု ဆက်ဆက်လာခဲ့မယ်နော်.

ခင်မင်စွာနဲ့

အစ်မ၀ါ

ဝေလေး said...

ဝေလေးအကြောင်းရေးထားတယ်ဆိုလို့ ဘာများလဲလို့ တဂ်ကြွေးဆပ်ထားတာကိုး.... ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့.. အဲ ဟုတ်ပါဘူး အဲဒါ တွေ့ပြီး ခွဲရမှ ပြောတဲ့စကားကြီး..... :D
ပြန်လာရင်တွေ့ကြတာပေါ့ အစ်ကို..... တစ်နေ့နေ့ပေါ့.. =)

အရုပ်ကလေး said...

ပန်းခင်းလေး >>>
အောင်မလေးဗျ .. ပန်းခင်းလုပ်မှ .. ပါးတွေတောင် ချိုင့်ကုန်ပြီ ...နာ့ပါးလေး သနားပါတယ် .. ကျွတ်ကျွတ် ...။

မကြီး <<< ခပ်ပေပေ ခပ်ဂျစ်ဂျစ်တဲ့ ... ဟီး
ဟုတ်လို့လား .. ဟုတ်ပါဘူးနော် .. အနော်က လူအေးလေး ..။ သိတယ်ဟုတ်

ငြိမ်း >>> မှတ်မိရင် ပြီးရော .. ဟီး ..

အစ်မ၀ါ >>> ဘလက်ပြောသလို ဟုတ်ပါဘူး .. အစ်မ၀ါပြန်လာရင် အစ်မ၀ါ အိမ်ကိုပဲ လာလည်မယ် .. အဲတော့ အစ်မ၀ါက အိမ်ရှင် .. အနော်က ဧည့်သည် ...အဲတော့ အစ်မ၀ါ ကျွေးရမယ် ..
အင် .. မင်္ဂလာဆောင်တဲ့ အကြောင်းက ဘယ်ကနေ ဘယ်လိုစိတ်ကူးးပေါက် ပြောတာလဲဗျ .. အနော်က ချစ်သူတောင် ရှိဘူး .. ခုမှ ရှာမလားလို့ .. တစ်ယောက်ထဲ ငြီးငွေ့တာတော့ အမှန်ပဲ .. အစ်မ၀ါကိုပဲ ရှာခိုင်းရင် အဆင်ပြေမယ် ထင်တယ် ..။ ကူညီမယ်ဟုတ် ..။

ဝေလေး <<< ညီမလေး ပြောသလို တစ်နေ့နေ့ဆိုတာ ရောက်လာမှာပဲလို့ အစ်ကိုလည်း တွေးမိပါတယ် .. ကံဇာတာတွေက ရှာကြံကာ တွေ့ဖြစ်ကြမယ် ထင်ပါရဲ့ ..။

အစ်မကောင်းကင်ပြာ <<< ပြန်ဖို့ အဆင်ပြေပါစေလို့ တောင်းဆုပြုပါ၏..။

မယ်ကိုး >>>> တွေ့ချင်ပါတယ် .. အဆုံးမဲ့ ချစ်တတ်တဲ့ မယ်မယ်ကိုးလေးရ ..သရဲခြောက်သလို ခံစားရဆိုလည်း ခံစားပါ့မယ်ဗျာ... ဘာပဲဖြစ်ဖြစ် မယ်မယ်ကိုးရဲ့ ရုပ်က သရဲနဲ့ တူသလား မတူသလား ပြောပေးမယ်လေ .. ဟီး ..။

နေရီနွယ် said...

ဟဲဟဲ နာ့အတိုကြီး ကတွေ့ ချင်တဲ့လူထဲမှာ နာပါတယ်ကွ
အဟီးးးးးးး ပြော်ရိုက်တာ ဟားဟား အဟဲ အပျင်းကြီးတယ့် အကြောင်းထည့်ရေးထားတယ် .. အဟင့်ဟင့်.. ဟုတ်ကဲ့ အခွင့်ရေးရမယ် ဆိုရင် ကိုအရုပ်ကိုလည်း တွေ့ ချင်ပါတယ်ရှင့်

နေရီနွယ် said...

အဘိုး ကလည်းကြော်ငြာတွေ ဝင်ထားတယ် ဝါကျွတ် တော့မယ် ရှာမယ်ဆိုလည်း မြန်မြန်ရှာဗျာ

အရုပ်ကလေး said...

အဘွား >>> <<<
ဝါကျွတ်တာတွေ ထပ်တလဲလဲရောက်
အချစ်ကလည်း ပျောက်ပျောက်ဆိုသလို
မတွေ့မရှိနဲ့ တွေ့ရှိဖို့ နေနေသာသာ
အလုပ်တစ်ဖက်နဲ့ ပြုံးလျှက်သာနေတဲ့ဘ၀ကြား
အချစ်က ခပ်ပါးပါးဆို အလွှာကြည်တစ်ခုရဲ့
ဆွဲငင်အား .. ဘယ်ပွဲဝင်က အဖြေပေးမလဲလို့ ..
အခြေအနေအရဆို တစ်ဝါဆိုလို့ တစ်ဝါထွက်
ခပ်ပြတ်ပြတ်ပဲ ပြောမယ် .. အဘွား ..
အချစ်ဆိုတာ ဘာလဲဟင် .. ဟိဟိ
အချစ်ကို သိမှ ၀ါကျွတ်တာ နားလည်မှာ ..
ဟုတ်တယ်ဟုတ် .. မဟုတ်လည်း မဟုတ်ပေါ့ .. ဟိဟိ

နေရီနွယ် said...

အဘိုးးးး..... အချစ်အကြောင်းသိချင်ရင်တော့ အရုပ်ကလေး ရေးတဲ့ “အချစ်ဆိုတာ” Tag ကိုဖြေထားခြင်းမှာ သွားဖတ်နိုင်ပါတယ်ရှင့် အချစ်အကြောင်း သေချာသိသွားနိုင်ပါတယ် စေတနာဖြင့် >>>>> ဟားဟား

အရုပ်ကလေး said...

အချစ်ဆိုတာနဲ့ အချစ်ဆိုသည်မှာ နှစ်ပုဒ်ပါ .. တစ်ပုဒ်ကျန်သေးတယ် .. အဟားဟား ..။