"ပစ္စက္ခ" ..... “ဒီနေ့ထက်ထိ”

"ပစ္စက္ခ"

ကောင်းကင်ကို ပစ်တင်လိုက်တဲ့မြားးဦးမှာ
ရင်ဘတ်တန်းလန်းနဲ့
ပက်ပက်စက်စက် ခြောက်သွေ့နေပုံက....
..........
ငါ့ကိုယ်ငါ မေ့နေလောက်အောင်
ပြိုကျခဲ့တဲ့ တိမ်တွေ လိုက်ကောက်နေခဲ့
လေညှင်းရယ် အပြစ်အခတ် ရပ်စဲပေးပါ...

တစ်ချိန်က မင်းနဲ့အတူဖြိုချခဲ့တဲ့ ကမ်းပါးတွေ
မင်းနဲ့ငါ့ကို တစ်စစဝေးကွာစေရင်း
မြစ်ကျိုးအင်းအဖြစ်နဲ့
ပုံ့ပုံ့လေးလဲကျကျန်ရစ်ခဲ့တဲ့ငါ...

ငါ့အိပ်ရာခင်းတွေ ခမ်းနားစေချင်လို့
အလိမ္မာနဲ့ဖြန့်ခင်း ထိုင်ကြည်းရင်း
ရာဇဝင်ထဲမှာ နိစ္စဓူဝတွေ ကျဆုံးခဲ့...

ရုန်းကြွစေချင်လို့ မာနတွေအသားမာအတက်ခံပြီး
ကုန်းထပေးခဲ့တာ အကုန်မြင့်မလာပဲ
တစ်ချို့နစ်မြုတ်သွားတယ်...

ပေါက်ကွဲဖျက်ဆီးခဲ့ပြီးမှ အိနြေ္ဒရရ
ကြေးပန်းအိုးဘဝနဲ့ အနာရွတ်တွေတိုက်ချွတ်ပြီး
ဈေးကွက်တင်ထားတဲ့ ဥပစာ
အဲဒီနောက်ဖက်က အနာတရနဲ့
ဆုတ်ဖြဲခံခဲ့ရတဲ့ ငါ့ရဲ့ကြော်ညာ..

ယောနသံလို ခပ်မြင့်မြင့်ပျံချင်ခဲ့
အတောင်ပံတွေ ကောင်းကင်နဲ့ငြိပြီး
ဟင်းလင်းပြင်ကြီးထဲ အကြိမ်ကြိမ်ကျွံကျ
ကျိန်စာသင့်ခဲ့တဲ့ညညတွေ...

လက်ယဉ်နေတဲ့ လှည့်ကွက်ထဲ
ဘဝကိုထည့်ပြီးအချိုးခံ ကုလားဖန်အကြိမ်ကြိမ်ထိုးပေမဲ့
နှပ်ကြောင်းနဲ့အမြဲတိုးခဲ့တဲ့ ငါ
ရနံ့တွေ အငွေ့ပျံ သွားတဲ့ ရေမွှေးတစ်စက်လို
အစွန်းကွက်သက်သက်..

ဘယ်လိုမှမတူညီနိုင်တဲ့ ဆန့်ကျင်ဖက်လားရာနှစ်ခု
ညီမျှခြင်းအတုအဖြစ် မာယာကိန်းသေတွေချ
သက်တန့်ကွေးကွေးလေးနဲ့ ပဉ္စလက်ပြခဲ့တာ
အက်ရာတွေထမှ ကောခဲ့တဲ့မြစ်တစ်စင်း
ဆက်စီးဆင်းနိုင်ပါ့မလား...

မိတ္တူကူးထားတဲ့ စာမျက်နှာတွေနဲ့
ရွာနာခဲ့တဲ့ငါ ..
ပွင့်ချပ်တွေ ကြွေကျနေပေမဲ့
နေရသလောက်တော့ ဝေပြချင်တဲ့သောက
အနင်းခံပြီး ငါ့မာနနဲ့ငါ တင်းခံမယ်..

ပစ္စက္ခမှာ ကိုယ်တိုင်သွေးခဲ့တဲ့ဓါး
ရင်ဝနားမရောက်ခင်ထိ
ကောင်းကင်ကြီးနဲ့ ဝတ်မူန်ကူးပြီး
ငါ့ကဗျာတွေ ဒီကမ္ဘာကြီးအတွက်
ရှိုက်ကြီးတငင် သွန်ချလိုက်မယ်.. ..၊၊ ( ၂၀၀၈)



“ဒီနေ့ထက်ထိ”

သိပ် သတိရတယ် (....) ရေ....

ပိုင်ဆိုင်ခွင့် မရှိခဲ့ပေမဲ့
ဆိုင်ခဲ့တဲ့ စက္ကန့်လေးတွေ တမ်းတရင်း
အလွမ်းတွေ တနင့်တပိုးနဲ့
လက်ကျန် ဘဝ ဆက်ဖြတ်သန်းဖို့
ရင်ဘတ်က ချုပ်ရိုးတွေ ပွတ်သပ်
ဒီနေ့ထက်ထိ အမှတ်ရနေဆဲပါ...။

ထားရစ်ခံခဲ့ရတဲ့ ပျော်ရွင်မှုတွေက
နာကျင်စေတာ မှန်ပေမဲ့
နာကျည်းမှု တစက်မှမပါတဲ့ သတိရခြင်းအဖြစ်
သိပ်ချစ်ခဲ့တာပဲလေဆိုတဲ့အတွေးနဲ့
မင်းအပြုံးလေးတွေ မနက်ခင်းတိုင်း
ဒီနေ့ထက်ထိ အနိုင်ပိုင်းနေဆဲပါ...။
......
သူများတကာ မေးငေါ့ခံပြီး
ချစ်ပြခဲ့တဲ့ အမှတ်တရလေးတွေနဲ့တင်
တစိမ်းရင်ခွင်မှာ ပျော်ရွင်နိုင်ပါစေ
ဓါရိုးကမ်းတယ်လို့ ကိုယ်နှလုံးသားကဆိုဆို
မင်း ငိုနေတာ မကြည့်ရက်တဲ့ငါ
ဒီနေ့ထက်ထိ အလွမ်းတွေပိနေဆဲပါ...။

တဘဝစာခြားသွားတဲ့ အဖြစ်က
ကိုယ့်မှာ အပြစ်ရှိခဲ့လို့လား
သံယောဇဉ်ကို သစ်တပင်လိုပိုင်းဖြတ်
မေ့တတ်ခဲ့ရင်တောင် မက်ခဲ့တဲ့အိပ်မက်တိုင်း
မင်းရဲ့ သမိုင်းကြောင်းတွေအဖြစ်
ဒီနေ့ထက်ထိ မျှော်မိနေဆဲပါ...။

ရေလဲမကြည် မြက်လဲမနုတဲ့ဘဝ
တပည့်တော် မြတ်နိုးခဲ့သမျှဟာ
အငြိုးအတေးကင်းကင်းနဲ့
ချစ်ခြင်းသက်သက်ပါ....

ဤ မှန်သောသစ္စာစကားကြောင့်
ဖြစ်လေရာဘဝတိုင်း
ထားရာနေ စေရာသွား
သူ့အလိုကျ ဖြစ်ရမဲ့အတူတူ
ကိုယ်က ချစ်ရတဲ့သူ မဖြစ်ပါရစေသား...။ ( ၁၉၉၁ )

( ဘာရယ်မဟုတ်ပါဘူး ငယ်ငယ်က ကဗျာလေး တိုက်ဆိုင်မှုတခုကြောင့် ပြန်စဉ်းစားပြီး ရေးလိုက်တာပါ...မလွဲလောက်ဘူးထင်ပါတယ်...လက်ရှိအနေနဲ့တော့ကဗျာကရီစရာကလေးကလား ဖြစ်နေတယ်..ပြီးတော့ကာ...ကာရံ သမားဘဝကနေ မော်ဒန်လိုင်းအကူး တကယ့်ကို ဟိုမကျ ဒီမကျ ကဗျာလေးပါ ...ကျနော့်အသက် ၂၅ လောက်က ကဗျာပါ ) <<<< အစ်ကိုသု ပြောတဲ့ စကားလေးပါ ..။ အစ်ကိုသု ရေးထားတဲ့ ၂၀၀၈က ကဗျာနဲ့ ၁၉၉၁က ကဗျာနှစ်ပုဒ် တွဲတင်လိုက်ခြင်းပါ ..။

11 comments:

Anonymous said...

ပစ္စက္ခကဗျာကိုကြိုက်တယ် .. စကားလုံးတွေနဲ့ အတွေးတချို့ကိုလေ့လာသွားတယ်.. အောက်က ကဗျာရေးတုန်းက သားသားတို့ ၁နှစ်သားပဲရှိ၏.. လူမှန်းတောင်မသိသေး..း)
ရေးထားတာမဆိုးပါဘူး .. တော်တော်ပေးဆပ်တတ်သူပေပဲ..

နေ့အိပ်မက် said...

ပစ်ခတ်တာဟုတ်ဘူးလားဟင်....
နောက်ပြီး. က္ကုနြေ္ဒလို့ပေါင်းတယ်ဟုတ်ဘူးလား....
နောက်ပြီး သူစိမ်းလားလို့..

အမှန်တော့မဟုတ်ဘူး.. ကဗျာတွေကကောင်းလွန်းလို့ ပြောစရာမရှိလို့ မရှိရှိတာ ရှာပြောကြည့်တာ...

အရုပ်ကလေး said...
This comment has been removed by the author.
ရင်ရဲ့ ရိုးရာ said...

ပစ္စက္ခကို တော်တော် ကြိုက်တယ် စကားလုံး သုံးတာလေးတွေ လေ့လာသွားပါတယ် ကောင်းလွန်းလို့ဘာပြောရမှန်းမသိ ဘူး အဟီး
ဒီနေ့ထက်ထိ ကဗျာရေးတုန်းကဆိုရင်တော့ အဟီး ကျွန်တော် ဘောင်ဘီတိုလေးနဲ့ ကျောင်းမှာ ပြေးတုန်းအချိန် ထင်တယ်း))

ပန်းခင်းလေး said...

“ဘယ်လိုမှမတူညီနိုင်တဲ့ ဆန့်ကျင်ဖက်လားရာနှစ်ခု
ညီမျှခြင်းအတုအဖြစ် မာယာကိန်းသေတွေချ
သက်တန့်ကွေးကွေးလေးနဲ့ ပဉ္စလက်ပြခဲ့တာ
အက်ရာတွေထမှ ကောခဲ့တဲ့မြစ်တစ်စင်း
ဆက်စီးဆင်းနိုင်ပါ့မလား...”

ဒီအပိုဒ်လေးကို သဘောကျတယ် ...
အလုပ်ကိုရောက်ရောက်ချင်းလာဖတ်သွားတာ
အလုပ်များမှာမို့ 
လာမဖတ်ရင်လည်း ဘူးသီးထပ်လာဝယ်နေမှာစိုးလို့ လေ


ပျော်ရွှင်ပါစေနော်!

ညီမလေး

ပန်းခင်း

NangNyi said...

ဘာမှပြောတတ်ဘူး..
စာလုံးပေါင်းတွေ မှားတာတွေတော့ မြင်မိတယ်

လင်းဦး(စိတ်ပညာ) said...

ရောက်ရောက်ချင်း ကဗျာကောင်းတွေနဲ့ တိုးတော့တာပဲ....

အဆင်ပြေပါစေ :D

emayarKhin said...

ကဗျာကောင်းလေးတွေကို...
ဝေမျှပေးတဲ့အရုပ်ကလေးကို..
ကျေးဇူးးးးးးးးးးး

Anonymous said...

ပိုးစိုးပက်စက်ကို လန်ထွက်နေတယ်ဗျာ... ဖုံးဖုံးဖိဖိလေး နေပါနော်..။ မိုက်တယ်.. ကဗျာလေး ခံစားသွားတယ်..။

lovelessguiter said...

အမယ်.. ၉၁ တုန်းကရင်း နင်က ခံစားတတ်နေပြီပေါ့လေ...
ခုကော ကဗျာလေးထဲကလို တောင်းတဲ့ဆုနဲ့ ပြည့်နေပြီလား...။

Unknown said...

မောင်လေးရေ အမ ကြိုက်လို့ နည်းနည်း ကူးသွားတယ်...