ဆုံ.....ထွက်မှတ်တိုင်

မှတ်တိုင်နေရာ ရပ်ကာနေလို့
ကားလာမဲ့ချိန် မျှော်နေရင်းက
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်မှာ
ဖိုင်တွဲလေးကိုင် ယဉ်ယဉ်လေးလှမ်း
လေပြည်အသိမ်း ဆံနွယ်အယိမ်းမှာ
အလှပကေး မူရာလေးမို့
လူတကာအငေး ၀င်ကာငေးရင်း
မြင်တွင်းအကြည့် စွဲကာမိလို့
ကြည်နူးမဆုံး ပီတိနှလုံး
ရှိစဉ်မှာပင် ကားပေါ်တက်လှမ်း
ထွက်ခွာအလွမ်းနဲ့ ငေးကျန်ရစ်ပြီ
ငါ့အတွေးစဉ်ထဲ အမြဲတမ်းပဲ
သတိရတဲ့ ဆံနွယ်ရှင်ရေ...
တွေ့ချင်ဇောနဲ့ နေ့စဉ်နေ့တိုင်း
စောင့်လို့ကြည့်ရင်း တွေ့ဖန်များလာ
မှတ်ဥာဏ်အလွှာ ရင်းနှီးခဲ့ပြီ
မင်းရဲ့အကြည့်နဲ့ ဆုံကာမိတဲ့
ခဏတာမှာ မျက်ဝန်းစိုနဲ့
ယှဉ်ကာပြုံးလို့ ဝှေ့ယမ်းလက်သွယ်
ယှက်ပြရင်းက ထွက်ခွာပြန်ပြီ
မှတ်တိုင်မှဆီ.....။

0 comments: