နားမလည်တဲ့ အမြင်

ငါ့အတ္တ ငါ့မာန်မာနနဲ့
ငါ့အကျင့်တွေ ခ၀ါချပြီး
မင်းဆီလှမ်းလို့ လာခဲ့ပါပြီ
သို့ပေမဲ့လည်း
မင်းဘက်က မာန်တွေတင်း
အမြင်တွေစောင်းပြီး
အထင်တွေလွဲနေမှတော့
ငါ့လုပ်ရပ်က
ဖြူစင်မှုပကတိ မရောက်ရှိပဲ
အမှောင်လောက တိမ်ဖုံးရာသို့
ဆိုက်ရောက်ရပြီ
မင်းထံပို့ဆက် စကားတွေလည်း
လေလှိုင်းဖုန်းမှ
မင်းနားစည်သို့ရောက်လည်း
အတွင်တွင်ခါခါ နားမလည်မှတော့
ငါ့ခံစားချက်
ငါ့အချစ်များလည်း
မင်းသိပေမဲ့
လေလှိုင်းမှာတင် ပျောက်ကွယ်ခဲ့ပြီ..။


0 comments: