လွမ်းခရီးသည်

မတွေ့ရတာ ကာလကြာပြီ
ဘယ်မှာသူရှိ မသိနိုင်ဘူး
ငေးငိုင်ငူငေး အဆွေအဖေါ်
အပျော်ဆိုတာ ဘာခေါ်တာလဲ
ရင်ထဲမသိ အဘိမာန်တွေ
လှန်ရှာဖွေလည်း လက်တွေညောင်းရုံ
မျက်စိမှုန်ရုံ စိတ်သာကုန်ရော
မတွေ့ရလျှင် မရွှင်ပြတဲ့
ရင်မှာဓလေ့ မပျော်မွေ့နိုင်
တ၀သောက တွက်ရေပြလျှင်
လက်တွေကညောင်း မျက်ရည်စက်ပေါင်း
ချောင်းလေးလိုစီး လွမ်းခရီးသည်
သူ မကယ်လျှင် အပူနယ်မှာ
နေ၀င်ချုပ်ငြိမ်း တစ်ဇတ်သိမ်းမည်
မတွေ့ရလျှင် သူလေလိုပဲ
စိမ်းပြီးနေမယ် စိတ်ထဲရွယ်လည်း
ရွယ်ရုံသာရှိ ပြန်ကြည့်သူ့စာ
လွမ်းလိုက်တာတွေ ဝေးလေဝေးလေ
ပိုချစ်နေမယ်...။


(လွန်ခဲ့သော ၁၄ နှစ်ခန့်က လမ်းလျှောက်ရင်းစာရွက်ခေါက်လေးတွေ့ရှိရာမှဖတ်ကြည့်မိရင်း
အဓိပ္ပါယ် သေချာမသိပေမဲ့ ကဗျာတစ်ပုဒ်မှန်းသိပြီး မှတ်မှတ်ရရသိမ်းထားရင်းမှ ခုချိန်ခါမှ
ဆန္ဒပြင်းပြလွန်းလို့ တင်လိုက်ရတာပါ)

0 comments: