စိတ်ကူးယဉ်ခြင်း၏ အခြားတစ်ဖက်

စိတ်ကူးယဉ်ခြင်း ရူးသွပ်ခြင်းကြောင့်
အတွေးမှာတင် ပျော်ခဲ့သော်လည်း
တကယ့်လက်တွေ့ ပီပြင်ဘ၀တွင်
စိတ်ကူးယဉ်မှု လက်တွေ့သရုပ်နှင့်
ကွာဟခြားနား လားလားမှမတူ
လူ့ဘ၀မို့ ယဉ်သည့်အတွေး
ဖြတ်တောက်ခဲ့ပါ ဒီမျှသာမို့...။


1 comments:

su wai said...

ကဗျာဟောင်းလေးတွေ ပြန်လိုက်ဖတ်ရင်း ဒီကဗျာတိုလေးကို ကြိုက်လို့...

စိတ်ကူးယဉ်ခြင်းရဲ့ အခြားတစ်ဖက်မှာ လက်တွေ့ဘ၀ဆိုတာ ရှိနေတယ်နော်.. စိတ်ကူးယဉ်ဖူးတာနဲ့ ခြားနားနေတဲ့ လက်တွေ့ဘ၀ကို လက်ခံနိုင်မှဖြစ်မယ်။