ညိုပြာလေးရဲ့ ချိုစွတေးနောက်

အခုတလော ဖြစ်ပျက်နေတဲ့ အနေအထားတစ်ခုမှာ မိန်းကလေးတစ်ချို့ရဲ့ သရုပ်ကို ရေးချင်နေတာနဲ့
ရေးဖြစ်တဲ့ ကဗျာလေးပါ .. စကားလုံးတွေရိုင်းပြရင် နားလည်ပေးပါလို့ တောင်းဆိုပါရစေ ..။


စိတ်ကျစေမယ့် အပြောတွေကြား

တနင့်တပိုး ဆောင့်လျှက်တိုးတဲ့
မင်းပြောစကား ငါမလိုလားလို့
ခဏလေးတော့ ရူးနေမယ် ...

အညာခံဘ၀ကို တစ်ခါပြန်ကျော့ရင်
စာလှန်ပြဆို အပိုတွေချွဲလို့
လိမ်နေတာတွေ.. ခံပြင်းစိတ်နဲ့
တစ်ခါပြန်မထအောင်
ဆွဲရင်တောင်မှ ငြိမ်နေမယ့်ပုံ ...

အဆိုးအကောင်း ဒွန်တွဲနေလို့
မင်းနဘေးမှာ စွဲမြဲစေသလို
ရွဲကွဲနေတဲ့ လူတစ်ချို့ကြား
တွဲမြဲပျော်ကာ ဆွဲရမ်းခေါ်တာ
ပုပ်ရင်ပေါ်ပြီး ဟုတ်ရင်ကျော်မို့
လူတိုင်းသိလို့ အပူလှိုင်းတောင်မိတယ် ...

စိတ်ယုတ်နေလို့ ဘေးထုတ်ခံရတာဆိုပြီး
ဖြူစင်စိတ်နဲ့ လူတွင်ကျယ်တော့မလုပ်နဲ့
နဂိုအမှန်စိတ်က ပိုမှန်နေတာ
မင်းအသိဆုံးမို့ ရှက်သင့်ပါတယ် ...

မင်းကတော့ မှောင်လျှက်လင်းနေတဲ့
ညဆလိုက်အောက် ဆောင်ရွက်ခွင်းမဲ့
သူတွေရှေ့မှာ လှစ်ဟာပြလို့
ချစ်ပါချစ်ပါ .. ဟဆို
သံသာဟစ်ကြွေး တကြော်ကြော်တေးနဲ့
ပြုစုလို့ ချူငင်ဆွဲတာ
ဖိတ်ခေါ်ပြီး သိပ်ပျော်နေတယ် ...

ရင်ဘတ်တစ်ခြမ်းမှာ ထင်ဟပ်လွမ်းတာ
ပြောင်းလဲစိတ်ထဲ မပြောင်းလဲပါ
အရင်လိုဆို ..
ညိုပြာရယ် ချစ်ပါတယ်လို့
မထင်လိုက်နဲ့ ..
အရင်တစ်ခါမှာ အပီသာပျက်ခဲ့ဖူးတဲ့
မင်းဘ၀တစ်ဆစ်ချိုး ဆက်တိုးလို့
အမျက်တန်ခိုး ထနေတယ် ...

ဒီရင်ထဲ ကြိတ်ကြေကွဲလို့
စိတ်တွေပျက်ဆို ပတ်သက်ခဲ့သမျှ
အရှုံးတွေထပ်ပြီး အမုန်းတွေဖက်တာ
မင်းတစ်ယောက်ကို ...

င့ါအရှုံးနဲ့ငါ ပြက်လုံးတွေရှာရင်
ဟာသ..လို ကျီစယ်သလိုနဲ့
မှန်မှားကို ဝေဖန်စေဖို့
ပရိတ်သတ် ရှေ့တော်မှောက်မှာ
နိမိတ်ဖတ် အာရုံတွေနဲ့
အဆိပ်တက် အချစ်အကြောင်း
ပြန်ပြောင်းလို့ ဟစ်အော်လိုက်မယ်
သီချင်းတစ်ပုဒ်ရဲ့ ဇာတ်ရုပ်မှာ
မင်းနဲ့ပတ်သက်လို့ ,
အချစ်ဟာ ခါးခါး..ဆိုပြီး ...

တစ်ချို့က ပြုံးရယ်ပြပြီး
နောက်ကွယ်မှာတော့ ပုတ်ခတ်မှုတွေ ,
အတင်းဖျင်းလို ပြောစကားတွေကြား
မင်းအကြောင်းတွေ ရက်ပေါင်းများစွာ
အပ်ကြောင်းထပ်တာ င့ါနားနှစ်ဖက်မှာ ...

နောက်တစ်ကြိမ်မှာ စောင့်ချိန်ကာ
ချစ်လိုက်စမ်းပါ ထာဝရတွက်
မမေးမစမ်းပဲ ရမ်းတော့မ၀င်နဲ့
ပေါက်ထွက်ဆိုးလို့ မြှောက်တက်ပင့်ပြီး
ရိုက်ချက်ပြင်းရင် မင်းအထိနာမယ် ...

ဘ၀တာမှာ အကြိမ်ကြိမ်မှားရင်
အရှိန်တွေတိုးတဲ့ ခေတ်ရေစီးမှာ
ပိန်လိန်စွာနဲ့ ကျရှုံးနေမယ့်
အဖြစ်တစ်ခုကို အနှစ်ရအောင်
လေ့လာရင်းနဲ့ လုပ်ဆောင်ပြုလို့
ဘ၀တက်လမ်း လာပါလှမ်းလို့
မကောင်းမှုတွေ ရှောင်ခွာပစ်ပြီး
ကောင်းခြင်းဖြာတွေ ယူဆောင်သစ်ပါ
မင်းအနာဂတ်ရဲ့ ဘ၀နေ့တွေဆီ ...

17 comments:

thinzar said...

စကားလုံးတွေက ပြင်းလှခြည်လား ကိုအိကုရဲ့

လောကကြီးမှာက အဖြစ်အပျက်တွေ စုံတယ်လေ...။
ဒါမှလည်း ရသ စုံပေမပေါ့.....။
အဖြစ်အပျက်တွေ မြင်တက်ပြီး ခံစားရေးဖွဲ့တက်တာ
အားကျစရာပါပဲ..။

su wai said...

လမ်းမှားကို အလွယ်လိုက်ချင်နေတဲ့ မိန်းကလေးတွေ အခုခေတ်မှာ ပိုများနေသလိုပါပဲ.. ကဗျာနောက်ဆုံးပိုဒ်မှာ ရေးထားသလို အနာဂတ်ရဲ့ဘ၀နေ့တွေမှာ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ ရှင်သန်နေထိုင်သွားကြဖို့ အမြင်မှန် ရကြပါစေလို့ပဲ ကဗျာဖတ်ရင်း ဆုတောင်းပေးသွားပါတယ်။

အားပေးလျက်!
ဆုဝေ

Dream said...

အင်း.. ကဗျာကလည်း တော်တော်ရှည်တယ်...
ဖတ်ရင်းဖတ်ရင်းနဲ့ ရိုက်သတ်ပစ်ချင်စရာ... ခစ်ခစ်...
နောက်တာနော်... အရေးအသားက လန်ထွက်နေတာပဲ... အဲ့ဦးနှောက်က ဒါမျိုးဆို ထွက်ပါ့... ဦးယုတ်လို့ မပြောရဘူး..တော်ချက်က မက်မက်အတိုင်းပဲ.. :P အဟား... မှားလို့...

ကဗျာဆရာလို့ မပြောရဘူး.. ..လန်ထွက်နေတာ

အခုတော့မိန်းကလေး အကြောင်းရေးတယ်....
အင်မတန်ကောင်းတဲ့ ကဗျာလေးပါ....နောက်ကျလည်း ယောင်္ကျားလေး အကြောင်းရေးပေးပါ....

ဒါပဲ.. တချက်လွတ်အမိန့်တော်...
ပုံ..မက်မက်(တီတီဒွင်းတူမ) ဒန်ဒန်ဒန်...

သတင်းတွေကြားတယ်နော်.. မိတ္ထိလာမှာ မင်္ဂလာပြန်ဆောင်တယ်လို့ ... ဟိဟိ... လူပျိုကြီး ဘ၀က ကျွတ်လွတ်သွားပြီနော်.. ဟဲဟဲ.. ခဲနဲ့လာပေါက်မယ်.... အော်.. ဟုတ်ပေါင်... ခဲဖိုးလာတောင်းမယ်.. ပြောတာ.. ဟိဟိ.. :P
ခင်လို့စတာနော်.. ဟိးးး

နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဦးယုတ်ရေ..

Dream said...
This comment has been removed by the author.
family said...

.......စကားလုံးတွေက မှန်လွန်းလို့
ဘာပြော၇မှန်းကိုမသိတော့ဘူး
ခုခေတ်မိန်းကလေးတွေ ခေတ်ပေါ်ပင်တွေ
လိုက်ရင်း ဖြစ်နေတဲ့ဘ၀လေးကို တန်းခနဲမြင်လိုက်ရတယ်
ခုခေတ်မှာ လမ်းမှားလိုက်တဲ့ မိန်းကလေးတွေ များနေတဲ့ ခေတ်ထဲမှာ ဒီလိုစာပေတွေ ဖတ်ပီး ကောင်းမွန်လမ်းမှန်တဲ့ ဘ၀လမ်းကြောင်းပေါ်ကို
ရောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.....

Min Myat Soe said...

သေသေချာချာကို လာဖတ်ပါတယ် နောင်တော်ရေ၊ သူများတွေပြောတော့ မင်္ဂလာပြန်ဆောင်တာဆို၊ :)

♥ Acacia ♥ said...

မိန်းကလေးတွေအကြောင်းပဲ ရေးရေးနေတယ် ယောက်ျားလေးတွေအကြောင်းလည်းရေးအုံး ပျက်နေတာ မိန်းကလေးတွေမှ မဟုတ်ဘူး ပျက်နေတဲ့ ယောက်ျားလေးတွေအကြောင်းလည်း ရေးအုံး.. ခွိခွိခွိ ပျက်တာတော့ ပျက်နေကြတာပေါ့.. ကဗျာက ကောင်းတယ် ဟိ ပျင်းလို့ တ၀က်ပဲ ဖတ်သွားတယ်.. နောက်နေ့မှ နောက်တစ်ပိုင်းလာသောက်မယ် အဲလေ နောက်တစ်ပိုင်းလာဖတ်မယ်.. စကားမစပ် ဘယ်မှာသွားလေ့လာထားတာလဲဟင်... လေ့လာတာလည်း လေ့လာ.. လူပေါင်းလည်း မှားမယ် သတိ ပညာပေးတယ်ဆိုပြီး... အဟိ
ဆလိုက်တွေရော ကလပ်တွေရော အဟီးးး
သားသား နှစ်သစ်မှာ ပျော်ရွှင်ပါစေ..

အရုပ်ကလေး said...

နယ်ကို ပြန်ပြီး မောင်နှမတွေနဲ့ သင်္ကြန်လည်တာပါခင်ဗျ
ဘွားဘွားမက်မက် လုပ်မှ မိန်းမရလို့ ...။
မိန်းမ.. ပြန်ယူတာ မဟုတ်ပါ ..အမလေး ...
ချစ်ချစ် သိရင် မေးဦးမယ် ..(ကြွားတာ)
ကဗျာလေးကို မန့်သွားတဲ့ မောင်နှမတွေ အားလုံးကို
ချစ်ခင်လေးစားလျှက်ပါ ...။

Eaindra said...

ွှအရုပ်ကလေးရေ..

ကဗျာတွေက.ဒါမျိုးတွေချည်းပါလား..
ဖီလင်တစ်ခုခုရှိတယ်...ဟုတ်..???

အိန္ဒြာ

emayarKhin said...

ကဗျာလေးဖတ်ရတာ......
တော်တော်ရက်နာနာနဲ့
ရေးထားသလိုပဲ................
ကဗျာကတော့ခံစားချက်တွေနဲ့
မို့တော်တော်လေးကောင်းတယ်.....

မြတ်သွယ် said...

ခံစားချက်ကော ရေးသားထားတာပါ ကောင်းတယ် ကိုအရုပ်ကလေးး)
အမြင်တစ်ခုနဲ့ ချရေးတတ်တာကို အားကျမိပါရဲ့း)

နှစ်သစ်မှစ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းရင်းး)

- မြတ်သွယ် -

ညလေး said...

ကဗျာက အပီကို ခံစားထားတာပဲ....
မင်္ဂလာနှစ်သစ်ပါ ကိုအရုပ်

ကောင်းကင်ပြာ said...

ရုပ်ရုပ်ရေ မင်းပြောတာလေ ခံစားချက်ရှိမှ ရေးလို့ရတာဆိုတော့ ငါ့မောင်လေး ခံစားချက်တွေ ပျင်းထန်နေပုံရတယ်၊ တော်တော် ကောင်းတဲ့ ကဗျာလေးပါ

Anonymous said...

အင်း... တယ်ဆော်ထားတယ်ပဲ ပြောသွားတယ်ဗျို့ ဟိ

poemflower said...

ကဗျာလေးကောင်းတယ် ကိုအရုပ်ကလေး ပျော်ရွင်ပါစေ..

ပန်းခင်းလေး said...

ကဗျာလေးဖတ်သွားတယ်နော်
မအားသေးလို့  အရောက်နောက်ကျတာ ဆောတီးးးး

ညီမလေး

ပန်းခင်း

Anonymous said...

ရှယ် ပါ့ဗျား.. စကားလုံးတွေ ထိမိပါပေ့။
ကြည့်ရတာ ကိုယ်ဆရာ လူမှားပြီး ကြိုက်မိတာထင်တယ်။ သတိထားဗျို့