သွေးပျက်ခန်းမှ ကကြိုးသင့်ည

စိတ်ကူးယဉ်မိပြီး ရေးမိတဲ့ ကဗျာတစ်ပုဒ်ပါ ..။

ဒဏ္ဍာရီဆန် ဇာတ်လမ်းကျဉ်းမှာ

အဆုံးသတ် ပျက်သုဉ်းခဲ့တဲ့
ဟိုရင်အတိတ် ဒီစိတ်မှာ
ထင်ဟပ်နေတာ သူမသိလည်း
ငါငြိဆဲ .. မင်းပုံရိပ်ကြား ...

ညမှောင်မှောင် လရောင်ခမ်းတဲ့
အချိုးကွေ့မှာ မှိန်တပြစာ
မီးလင်းရောင်နဲ့ တင်းမာလမ်းလေး
ရွံ့နွံအဝေးကို လွတ်ကင်းစေဖို့
မိုးစက်တွေကြား ခြေဖြောင့်ရလေအောင်
အနားသို့တိုး အရိပ်လိုမိုးပြီး
တိတ်တဆိတ်နဲ့ တူယှဉ်လျှောက်တာ
မင်း ... မလွမ်းလောက်ပေမယ့်
ငါလွမ်းနေတယ် ...

မင်း,ထားရစ်ခဲ့တဲ့ တစ်လှည့်စာ
ကမ္ဘာငယ်မှာ တိမ်လွှားကြားထဲ
ကွယ်ပျောက်နေတဲ့ ကြယ်စင်တွေကို
မြင်မတွေ့ပေမယ့် အစဉ်တွေ့ချင်စိတ်က
ပြူထွက်မလားလို့ ငေးမောရင်းနဲ့
တစ်လှည့်တစ်ခါ င့ါကမ္ဘာငယ်မှာ
ရောယှက်စွာနဲ့ ရူးသွပ်ခဲ့တာ
မင်း .. အဆိပ်အတောက်နဲ့
င့ါသည်းခြေမှာ သွေးပျက်နေပြီ ...

ပွေးတစ်ကောင် မဟုတ်ပေမယ့်
လူဖြစ်ခြင်းနှင့် လင်းမှောင်ကြားမှာ
တဒင်္ဂ အိပ်ပျော်ခဲ့တာ ..
ကြယ်စင်တွေကတော့ ခြားကမ္ဘာမှာ
ဖေါ်စုံမြူးစွာ သာယာလင်းတာ
အလှမ်းဝေးတဲ့ င့ါအဖြစ်က
ညမှောင်မှောင်မှာ ရူးကြောင်ကြောင်နဲ့ ...

ကိုယ့်ကြိုးကို ကိုယ်ညှိနေရင်း
ရက်ပျောက်သွားတဲ့ င့ါခန္ဓာဟာ
အောက်မှအထက် အထက်မှအောက်နဲ့
ကကြိုးသင့်နေတာ ကြာပါပြီ ...။

13 comments:

Dream said...

wow...ကဗျာလေးက တော်တော်ကောင်းတယ်ဗျာ.......

ဦးယုတ်ကြီး ဘယ်တုန်းထဲက ကကြိုးသင့်နေခဲ့တာပါလိမ့်... ဟိဟိ.. :P

ဂျူဝသန် said...

ညမှောင်မှောင် ရူးကြောင်ကြောင် နဲ့.......
သိပ်ကောင်းတဲ့ စာသားလေးပေါ့ကွာ...
ထိတယ် ထိတယ်.... လူတိုင်း တွေးနိုင်ပေမယ့်
မင်းတွေးလိုက်တာ ထိတယ် ထိတယ်.....
ဟော့ဒီ နေရာကိုလာထိတာ ကွ..
ကောင်းတယ် သယ်ရင်း
ဆက်ရေးကွာ ငါ မင်းကို ဘီယာတောင် တိုက်ချင်လာပီ။

နေရီနွယ် said...

ကိုအရုပ်ကလေး ကဗျာကအရမ်းလန်းတယ် နှစ်သစ်နဲ့ အတူ ပျော်ရွှင်ပါစေ မွေးနေ့ မှာတင်မယ့်ကဗျာ လေးလည်း စောင့်မျော်လျှက် ... :)

thinzar said...

ကဗျာလေးကောင်းတယ် အကိုရေ...
ခရီးထွက်ပြီးပြန်လာတာ moodတွေ ရနေတယ်ပေါ့..

ကဗျာဦး said...

"သွေးပျက်ခန်းမှ ကကြိုးသင့်ည"
ကဗျာကတပုဒ်လုံးလန်းတယ်
ကြိုက်တယ်
လင့်ထားပါရစေရှင့်

Eaindra said...

အရုပ်ကလေး
ဘာအရုပ်ကလေးပဲဖြစ်ဖြစ် အရုပ်ကလေးပါပဲ ကလေးဘ၀ကတည်းက အရုပ်ကလေးတွေနဲ့ ဆော့ကစားပြီး ပျော်ရွှင်ခဲ့ဖူးမှာပါ.. အခုအရုပ်ကလေးကတော့ အလွမ်း အဆွေး ခံစားမှုလေးတွေပဲ ပေးတတ်တယ်

ဆိုတာလေးကို..ခုမှသတိထားမိတယ်..
အတွေးလေးကောင်းလိုက်တာ...။

စိတ်ကူးယဉ်ပြီးရေးတဲ့ကဗျာကလည်း..
ကောင်းပါတယ်..
စိတ်ကူးတွေယဉ်ယဉ် ရိုင်းရိုင်း...
ကဗျာတစ်ပုဒ်အဖတ်တင်လိုက်ရင်ပဲ...အမြတ်တွက်လို့
တွေးလို့ရပြီပေါ့...

ကဗျာကို...ကိုယ်ပြောချင်တာရောက်ချင်ရင်
ကာရန်ကို သိပ်ခေါင်းထဲမထားပဲ
ကွက်တိရေးချတာကောင်းတယ်လို့အကြံပေးပါရစေ..။
ကဗျာက..သူ့အသံနဲ့သူ စီးသွားပါတယ်...
ရေးပါများရင်သိလာပါလိမ့်မယ်...

ခင်မင်စွာ

အိန္ဒြာ

ပန်းခင်းလေး said...

စိတ်ကူးယဉ်ပြီးရေးထားတဲ့ ကဗျာလေးကိုဖတ်သွားတယ်နော်
သူများသားသမီးတွေများ စိတ်ကူးယဉ်ပြီးရေးလည်း
ကောင်းနေတာပဲ
အားကျတယ် ... ညီမလေးတို့ တော့ မရေးနိုင်သေးပါဘူး

ညီမလေး

ပန်းခင်း

su wai said...

စိတ်ကူးယဉ်ကဗျာလေး လာဖတ်သွားပြီ..
ကကြိုးသင့်ည ဆိုတဲ့ စကားလုံးလေးက လှပဆန်းသစ်နေတယ်..။

may16 said...

Good Idea ကဗျာလေးကောင်းတယ်....

tartar said...

ကကြိုးသင့်နေတယ်.............?
ပြောရောပေါ့ကွယ် ...ကုစားပေးမှာပေါ့
အဟက်..အဟက်
(ကဗျာကောင်းလေးဖတ်သွားပါတယ်)

မြတ်သွယ် said...

စိတ်ကူးယဉ်ပြီးရေးမိတဲ့ ကဗျာလေးကို လာအားပေးသွားပါတယ် ကိုအရုပ်ကလေးး)
-ညမှောင်မှောင် လရောင်ခမ်းတဲ့
အချိုးကွေ့မှာ မှိန်တပြစာ
မီးလင်းရောင်နဲ့ တင်းမာလမ်းလေး
ရွံ့နွံအဝေးကို လွတ်ကင်းစေဖို့
မိုးစက်တွေကြား ခြေဖြောင့်ရလေအောင်
အနားသို့တိုး အရိပ်လိုမိုးပြီး
တိတ်တဆိတ်နဲ့ တူယှဉ်လျှောက်တာ
မင်း ... မလွမ်းလောက်ပေမယ့်
ငါလွမ်းနေတယ် ...-
စာသားတွေကလှတယ်

Anonymous said...

ကောင်းပါ့ဗျာ တော်သေးတယ်မှတ်ပါ ဟိုကဗျာ
ထပ်ေ၆၇းရင် တော့ ဒီပါးစပ်နဲ့ တွေ့ပြီး ဆိုပြီး မောင်းတင်ပြီးဖတ်တာ တော်သေးတယ် မဟုတ်လို့ ဟုတ်လို့ကတော့ ဟင်းဟင်း...
နာပြီသာမှတ်

အဖြူရောင်နတ်သမီး said...

“တိတ်တဆိတ်နဲ့ တူယှဉ်လျှောက်တာ
မင်း ... မလွမ်းလောက်ပေမယ့်
ငါလွမ်းနေတယ် ”...