ငါသည်ယနေ့ ... မွေးနေ့အတွက်

၎လပိုင်း ၂၆ ရက်နေ့မှာ ရောက်ရှိတဲ့ မွေးနေ့အတွက် ကဗျာကို တစ်ရက်ကြိုတင်လိုက်တာပါ ...။
မွေးနေ့လက်ဆောင် ပေးခဲ့တဲ့ ညီမလေး ပန်းခင်းနှင့် မီးလေးဇာကို ကျေးဇူးကမ္ဘာပါ ...။
ကဗျာလက်ဆောင်ပေးခဲ့တဲ့ ဆုဝေ ကိုလည်း ကျေးဇူးကမ္ဘာ ..။



ငါ၏ခန္ဓာ ရုပ်သက်လွှာမှာ
ဖြစ်တည်ပေါ်ထွန်း စိတ်၏စွန်းနှင့်
လောဘ မောဟ ဗျာပါဒတွေ
နေ့စဉ်မခြား လူ့ဘ၀ကြား
လှုပ်ရှားရုန်းကန် ဖြစ်တည်မှန်နှင့်
သံသရာကြွေး မှန်းဆပေးလို့
အိတ်ထောင်ခါးပိုက် ပြည့်မှီဟိုက်ဖို့
ကြိုးစားနိုးကြား သက်ပိုင်းခြားလိုက်
ငြိတွယ်စိတ်ဝယ် လောကအလယ်
မပျက်ပြုလို့ လောကီအကြောင်း
နစ်မျောဟောင်းပြီး လောကုတ္တရာ
အဖြာဖြာကို မေ့မေ့လျော့လျော့
စိတ်ချဉ်ဖေါက်လို့ မပြုမလုပ်
စိတ်ညစ်စုတ်နှင့် ပစ္စုပ္ပန်စခန်း
ဘယ်လိုမြန်းမလဲ ပြန်လည်ဆန်းစစ်
နှစ်ဆယ့်ခြောက်နှစ် ရောက်ရှိချိန်ခါ
လူ့သက်တာမှာ အမှားမကင်း
လောဘဟင်းနှင့် မြိန်ရည်ယှက်စွာ
စားသုံးခဲ့လည်း ငါသည်ယနေ့
လူအများရှေ့ ယခင်ထက်တိုး
ပွင့်လင်းရိုးနှင့် ကောင်းစွာဆက်ဆံ
င့ါမနောမှန်က ..
ဘယ်သူမပြု မိမိမှုက
ကိုယ့်ကိုယ်ကိုသိ လူတစ်ချို့သိလည်း
ငါသည်အစွဲ ကျွတ်လွဲစေဖို့
သာသနာအရိပ် မိဘအရိပ်
သံယောဇဉ်အရိပ် ထိုထိုအရိပ်
အရိပ်သုံးပါး နားလည်စွဲပြီး
ခံယူမှတ်ချက် င့ါတစ်သက်မှာ
ပြုမူချိန်ခါ သိစိတ်ဖြာမှာ
တစ်ဖက်တစ်လမ်း ငါသည်လည်းပဲ
သေလမ်းသွားသူ အရုပ်ဆောင်မို့
နောင်သံသရာကြွေး တစ်ကယ်မပေးရအောင်
ရှာလေစီးပွား စည်းစိမ်ကြားမှ
ဘုရားကိုသိ တရားတော်ငြိလို့
ပြုမူနေထိုင် စိတ်၏အထိုင်မှာ
ရိုးသားကြိုးစား သာသနာအနား
တက်လှမ်းချီလို့ င့ါစခန်းပြည်မှာ
ဆက်ဆံသူအပေါင်း စိတ်အကြောင်းက
ဘယ်လိုဖြစ်တည် မှန်းလင့်သိလည်း
ငါသည် ငါ့အစွမ်း ငါမြန်းသလိုပဲ
ချစ်ကြင်မိတ်ဆွေ ..
ပေါင်းဖေါ်တွေလည်း ကိုယ့်နန်းကိုယ်စွမ်း
ကိုယ့်လမ်းတွေမှာ တရားကိုသယ်
လမ်းလွယ်မလိုက် စိတ်အအိုက်ကို
ဖြေလျော့မေ့ပျောက် လောကအောက်
ကျွန်ုပ်နှင့်ထပ်တူ ငြိမ်းချမ်းခြင်းကို
သာယာခြင်းအတိ လန်းဆန်းဖြစ်သို့
ရောက်ရှိစေသား ...။


ကျွန်တော်နှင့် မွေးရက် မွေးလ မွေးအချိန် ထပ်တူညီခဲ့ အစ်ကို မျက်လုံး ရဲ့ တစ်ဦးတည်းသော သားလေးကိုလည်း ဒီနေရာကနေ ကလေးဘ၀ကစလို့ နောင်အနာဂတ် ကြီးပြင်းသည်အထိ ချစ်သောအမိ အဖနှင့် တကွ ပျော်ရွှင်သော နေ့ရက်များစွာနှင့် ဘ၀သရဖူဆောင်းနိုင်ပါစေလို့ ဦးဦး ဆုတောင်းပေးလိုက်ပါတယ်..။

52 comments:

flowerworld said...

happy birthday ပါ ကိုနောင်ရေ
ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့လေးဖြစ်ပါစေချင့်
ယခုနှစ်မှသည်နောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်းနှင့်ကိုယ်၏ကျန်းမာခြင်း များပြည့်ဝပါစေချင့်

ပန်းခင်းလေး said...
This comment has been removed by the author.
megumi said...

၂၆ ရက်မှာ ၂၆နှစ်ပြည့်တာဆိုတော့ မိုက်တာပေါ့ ။
မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။

စကားမစပ်၊ မုန့်လည်း ကျွေးဘူး။ :P

မြတ်သွယ် said...

မနက်ဖြန်ခါ တို့အကိုမွေးနေ့ပေါ့
ဘာကျွေးမှာရဲဟင် ဟီးးး
-တစ်ဖက်တစ်လမ်း ငါသည်လည်းပဲ
သေလမ်းသွားသူ အရုပ်ဆောင်မို့
နောင်သံသရာကြွေး တစ်ကယ်မပေးရအောင်
ရှာလေစီးပွား စည်းစိမ်ကြားမှ
ဘုရားကိုသိ တရားတော်ငြိလို့
ပြုမူနေထိုင် စိတ်၏အထိုင်မှာ
ရိုးသားကြိုးစား သာသနာအနား-
ကဗျာထဲမှာ အဲ့ဒီနားလေးကို နှစ်သက်မိတယ် ... မွေးနေ့ဆုတော့ မနက်ဖြန်မှလာပေးမယ် :)

su wai said...

ဧပရယ်လ် နှစ်ဆယ့်ခြောက်

မွေးဖွားခြင်းမှ အစပြုလို့
ရရှိလာသော ဘ၀တစ်ခု..
ခရီးနှင်ဖြတ်သန်း
နှစ်ဆယ့်ခြောက်နှစ်တာ လှမ်းခဲ့ပြီးပြီ…

လမ်းခရီးတစ်လျှောက်
အမှားအမှန် အဆိုးအကောင်း
ကျိုးကြောင်းများစွာ ရောပြွန်းစုပေါင်း
မင်း ကြုံကောင်းကြုံခဲ့လိမ့်မယ်…

ချစ်သူမုန်းသူ အထွေထွေကြား
ခံစားချက်တွေေ၀၀ါးစွာနှင့်
စိတ်ညစ်ညူးစရာ အချိန်ကာလများ
မင်းဘ၀မှာ ရှိခဲ့လိမ့်မယ်…

ထိုနည်းတူစွာ..
ရေခြားမြေခြား ဝေးပင်ဝေးငြား
မိသားစုပမာ ရင်းနှီးချစ်ခင်
သံယောဇဉ်ထား သူငယ်ချင်းများစွာ
မင်းအနားမှာ ၀န်းရံကာလို့
ကြည်နူးဖွယ်ရာ ခဏတာများ
ပိုင်ဆိုင်ထားခိုက် မက်မောနှစ်ခြိုက်
မင်း ပျော်ပိုက်ခဲ့ဖူးမယ်…

ဘာပဲဖြစ်ဖြစ် အရုပ်ကလေးရေ..
ဤမွေးနေ့မှ နှစ်ပေါင်းရာတိုင်
ခိုင်ခိုင်မြဲမြဲ ချစ်သူလက်ကိုတွဲလို့
ကြုံလာသမျှ လောကဓံ
ရင်ဆိုင်အံတု အဆင်ပြေမှုတွေ
ပိုင်ဆိုင်စေကြောင်း ဆုမွန်တောင်းသည်
ဧပရယ်လ်နှစ်ဆယ့်ခြောက်မှာ
ပျော်ရွှင်ဝမ်းမြောက်ပါစေ…။

( ဧပရယ်လ် ၂၆ မှာ ၂၆ နှစ်ပြည့်တဲ့ မွေးနေ့အတွက် အမှတ်တရ )


ခင်မင်စွာဖြင့်
ဆုဝေ

tartar said...

happy birthday ako...........
May each hour & minute be filled with delight, and your birthday be perfect for you!
nyima
tar

ပန်းခင်းလေး said...

အဓိပ္ပာယ်ရှိလှတဲ့  မွေးနေ့ အမှတ်တရ ကဗျာလေးကို
သေသေချာချာဖတ်သွားပါတယ်။
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိလို့  ရရှိလာတဲ့ 
အသိတရားလေးတွေကို မောင်နှမတွေအတွက်
သတိပေးထားကျေးဇူးပါ ။
ကိုကြီးလည်း 26 /4/2009 (တနင်္ဂနွေနေ့ ) မှာ
ကျရောက်သောမွေးနေ့ မှ သည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်တဲ့ ခင်တဲ့ သူတွေနဲ့ အတူ
ပျော်ရွှင်စွာနဲ့ ဘ၀ကို ဖြတ်သန်းနိုင်ပါစေ ။
အလိုရှိတာတွေလည်း တောင့်တတိုင်း ပြည့်နိုင်ပါစေလို့ 
ဆုတောင်းပေးခဲ့ တယ်နော်။

ချစ်တဲ့  ချစ်သူနဲ့ လည်းပျော်ရွှင်စွာနဲ့ ဘ၀ကို

ဖြတ်သန်းသွားနိုင်ပါစေလို့ 

28 နဲ့  26 မှားတွားလို့  ထပ်မန့် တာနော်

ဆောတီးကိုကို ! :P

ပျော်ရွှင်ဖွယ်မွေးနေ့ လေးဖြစ်ပါစေ !

မနက်ဖြန်ကျရင် လက်ဆောင်လှလှလေးရမယ်လို့ 

အာရုံထဲ မှာမြင်နေတယ်သိလား ..

ရ, မရ ပြန်ပြောပေးဦးနော်

ညီမလေး ပန်းခင်း

Dream said...

ဒီကဗျားလေးက ကောင်းတယ်...
မွေးနေ့မှာ စိတ်ဧ။်ချမ်းသာခြင်း ကိုယ်ဧ။်ကျန်းမာ ခြင်းနဲ့ ပြည့်စုံပါစေ။ သာသနာ အကျိုးလည်း သယ်ပိုးနိုင်သော
သားကောင်းသားမြတ် သားလိမ္မာ တစ်ဦး ဖြစ်ပါစေလို့ မက်မက်က ဆုတောင်းပေးပါတယ်.......

အထူးဆုအနေနဲ့.. (ပါးဂျယ်ယိုးကား တစ်စီး).. အဲ.. ဟုတ်ပါဘူး.. ရောကုန်ပြီ.. ဟီးး

အထူးဆုအနေနဲ့ ကိုယ်ချစ်တဲ့သူနဲ့ မခွဲမခွာ ပျော်ရွှင်စွာဖြင့် ဘ၀တစ်လျှောက်လုံး လက်တွဲလျှောက်လှမ်းနိုင်ပါစေ။ လူပျိကြီး ဘ၀မှလည်း အ မြန်ကျွတ်လွတ်နိုင်ပါစေဗျားးး

:P ဟဲဟဲ.... ဆုပေးပြီးသွားပြီ.. ဘယ်မှာလဲ စားစရာ... :P

sandar said...

လူ့သက်တာမှာ အမှားမကင်း
လောဘဟင်းနှင့် မြိန်ရည်ယှက်စွာ
စားသုံးခဲ့လည်း ငါသည်ယနေ့
လူအများရှေ့ ယခင်ထက်တိုး
ပွင့်လင်းရိုးနှင့် ကောင်းစွာဆက်ဆံ
မနောမှန်ဖြင့်
ငှက်ပျော်တစ်သိန်း ကိန်းသည့်အ၇ိပ်
သစ်တစ်ပင်လို မယိုင်ခန့်သည့်
သားကောင်းတစ်ယောက် အမျိုးစောင့်သည့်
မွေးဂုဏ်မြင့်တင် ဆောင်ကျည်းပါလေး
ဤမွေးနေ့မှ စပြုလေ

သားဖြိုး said...

happy birthday ပါ ဦးဦး အဟိ... ခုကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်တိုင် ပျော်ရွှင်ခြင်းများစွာနဲ့ ပြည့်စုံပါစေဗျာ...

Dodi said...

April 26
ရာသီဥတုပူပူကြားထဲကမွေးခဲ့ပေမဲ့
ဒီပူနေတဲ့နေ့ကနေစ
နောက်ဆုံး
အေးချမ်းတဲ့ နေ့ရက်တစ်ရက်ဆီကို
ရှိချင်တဲ့ အရိပ်အောက်က
ဆူးများကိုရှောင်ရင်း
အနာပိစိကွေးနဲ့
နောင် April 26 တိုင်းကို
အထီးမကျန်ဘဲ
ဖြတ်သန်းနိုင်ပါစေ


မန့်တာကနည်းနည်းတော့ရှုပ်နေတယ်
ကြည့်ဖတ်
မနည်းမန့်ထားတာနော်
အဟဲ

Kyaw Nyo Thway said...

နောက်ထပ်မွေးနေ့ပေါင်းများစွာတိုင်
ပျော်ရွင်စွာဆက်လက်ဖြတ်သန်းနိုင်ပါစေဗျာ

အရုပ်ကလေး said...

flowerworld ၊ megumi ၊ ပြတ်သွယ် ၊ ဆုဝေ ၊
တာတာ ၊ ပန်းခင်းလေး ၊ မက်မက် ၊ မယ်မဒီ ၊သားဖြိုး
ဒိုဒီ ..တို့ကို ဆုတောင်းပေးတဲ့အတွက် ရင်နှင့်အမျှ ကျေးဇူးတင်ပါ၏ ..။

အရုပ်ကလေး said...

မြတ်သွယ်ရေးတာ ပြတ်သွယ် ဖြစ်သွားတယ် .. ညီမရေ .. စိတ်မရှိပါနှင့်နော် ..

ထပ်မန့်သွားတဲ့ ညီ ဂစ်တာ ကိုလည်း ကျေးဇူးကမ္ဘာ

WWKM said...

HAPPY BIRTHDAY TO U.

ပျော်ရွှင်ဘွယ်မွေးနေ့လေးဖြစ်ပါစေ မောင်လေးရေ.
မွေးနေ့မှသည် စိတ်ချမ်းသာခြင်း ၊ကိုယ်ကျန်းမာခြင်းနဲ့
ပြီးပြည့်စုံပြီး လိုရာဆန္ဒမှန်သမျှ ပြည့်စုံနိုင်ပါစေ.

ဟဲဟဲ.. အစ်မကြီးဆိုတော့ ဆုပေးသွားတာ..း)
ဒါနဲ့ အရုပ်ကလေးက ပြိဿရာသီဖွားဆိုတော့ ဦးဥာဏ်
နဲ့တူတယ်လေ... အရမ်းချစ်တတ်မှာပေါ့..ဟဟ
အရမ်းချစ်ရတဲ့ ညီမလေးနဲ့ ဖူးစာဆုံနိုင်ပါစေကွယ်. :D

ပျော်ရွှင်ပါစေ.

အရုပ်ကလေး said...

မြတ်သွယ်ရေးတာ ပြတ်သွယ် ဖြစ်သွားတယ် .. ညီမရေ .. စိတ်မရှိပါနှင့်နော် ..

ထပ်မန့်သွားတဲ့ ညီ ဂစ်တာ ကိုလည်း ကျေးဇူးကမ္ဘာ

ငယ်ဆူးအိမ် said...

HaPpY BiRtHdAy Ako...

အမုန်းတွေနဲ့ဝေး အလွမ်းတွေနဲ့ဝေး
အကြင်နာအပြုံး၊ ပျော်ရွှင်စရာဘ၀တစ်ခုနဲ့
ထာဝရခရီးဆက်နိုင်ဖို့ ဆန္ဒပြုရင်း.....

အရုပ်ကလေး said...

အစ်မ၀ါ .. ဆုတောင်းပေးတာ ကျေးဇူး ..။
အရမ်းချစ်တတ်တာတော့ ဟုတ်ပါ့ .. ဟိဟိ
ဒါနဲ့ အရမ်းချစ်ရတဲ့ ညီမလေးဆိုတော့ .. ဘာကြီးတုန်း
အစ်မ၀ါကတော့ အစ်တာလား ထင်ကြေးပေးသွားတာလားတော့ သိဘူး .. ဟဟ

WWKM said...

အသက် ၂၆ နှစ်ရှိပြီလေကွယ်...
ဒီအရွယ်မှ အမြီးမပေါက်တဲ့မျောက်.. ဘာမျောက်တုန်း.
:D

Anonymous said...

၂၆ နှစ်ရောက်ပြီကိုး.. ဟဲဟဲ.. ကဗျာလေးမဆိုးပါဘူး.. အဲ့ထဲကလို ငြိမ်းချမ်းခြင်းတကယ်ရပြီး တကယ်လူကောင်းလူတော်ဖြစ်ပါစေဗျာ..

အရုပ်ကလေး said...

ကဗျာရေး ကောင်းခဲ့တဲ့ ညီမ ငယ်ဆူးအိမ် ကိုလည်း
ကျေးဇူးကမ္ဘာပါ ..။

အိန္ဒြာ said...

၂၆နှစ်မြောက်မွေးနေ့မှစလို့

ပျော်ရွှင်နိုင်ပါစေ..

စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ..

တစ်သက်တာ..ငြိမ်းချမ်းသာယာနိုင်ပါစေ...။

အောင်မြင်မှုတွေအထွဋ်အထိပ်အထိရောက်နိုင်ပါစေ..။

ဆန္ဒဆုမွန်နဲ့..

ခင်ခင်မင်မင်..

မကြီးအိန္ဒြာ

အရုပ်ကလေး said...

လမ်းဆောင်ညွှန်တဲ့ မကြီး ..၊
ညီငယ် ကာတွန်း ကိုလည်း
ကျေဇူးကမ္ဘာ ..။

မိုးမြင့်တိမ် said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေ ညီ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ပန်းခရေ said...

၂၆ရက်နေ့မှာ ၂၆နှစ်ပြည့်ပြီး တူလေးနဲ့မွေးနေ့ထပ်တူကျတဲ့
ဒီလောက်တိုက်ဆိုင်မှုများတဲ့ မွေးနေ့လေးမှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင်
စိတ်ချမ်းသာခြင်းပေါင်းများဖြင့် ဘ၀ကိုဖြတ်သန်းနိုင်ပါစေလို့
ဆုတောင်းလိုက်ပါတယ်..

thinzar said...

ကိုအိကု.. ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ အကိုရေ.။

ကိုယ့်အကိုမွေးနေ့ ဘာဆုတောင်းပေးရမှန်းတောင် တိတော့ဝူး.....

အကို ဘဝတစ်လျှောက်လုံး ကောင်းသောလိုအင်ဆန္ဒတွေအားလုံးပြည့်စုံပြီး
အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေနော်......။

( ဆုတောင်းပေးပြီးပြီ မုန့်ကျွေးတော့.....)

Anonymous said...

မွေးနေ့တောင် ရောက်ပါလားဗျ။ ဟတ်ပီးဘတ်ဒေးပါဗျား။ လက်ဆောင်တော့ ပြန်လာမှ ပေးမယ်ဗျို့ အဟီးး ဆရာသမားကိုလဲ
ပေးရင်း ကျနော်လဲ ကဲရင်းပေါ့ဗျာ နော....

Prizewai said...

idulize
ပျော်စရာမွေးနေ့ ဖြစ်ပါစေနော်။
ဖြစ်ချင်တာ၊ လိုချင်တာ၊ ရပါစေ။

Anonymous said...

Happy Birthday for LittleToy!!!
မမြင်မတွေ့မကြားရပေမယ့်
ရင်မှာအစဉ်ခင်မင်လျက်ပါမို့
သေချာတာတခုဟာ
အရုပ်လေးဆက်ရှင်သန်နေသလို
ခင်မင်ရင်းစွဲဆထက်တပိုးတိုးတက်ချင်တယ်......
အရုပ်ကလေးရင်ထဲမှာရောအပြင်လက်တွေ့မှာပါ
ပိုင်ဆိုင်ချင်တဲ့ဆန္ဒတွေ၊ မျှော်လင့်ချက်တွေအားလုံးအားလုံး... .... ...
အရုပ်ကလေးမွေးနေ့ကိတ်လို လှလှပပအားကျချင်လောက်အောင် ပိုင်ဆိုင်ပျော်ရွှင်နိုင်ပေါစေလို့...........ဆုတောင်းပေးလိုက်ပါတယ်။

ဖိုးဂျယ် said...

၂၆ နှစ်ပြည့် မွေးနေ့မှာ ပျော်ရွှင်ပါစေ
အကိုရေ

kiim said...

Happy Birthday ပါ အကိုရေ...
26နှစ်ပြည့်ပြီဆိုတော့..အဟမ်းအဟမ်း..
ဘာကျွေးမှာလဲ..ပြော.. :P

MoeThwayNge said...

ညီငယ်..မွေးနေ့ မှ သည် နောင်နှစ်ပေါင်းများစွာ ထိ အဆင်ပြေ ပျော်ရွှင်ဖွယ်ရာကောင်းသော ငြိမ်းချမ်း သာယာတဲ့ ဘဝ ကို ရရှိပါစေ လို့ အကိုဆုတောင်းပေးပါတယ် ကွာ။
ခင်မင်မှု့ဖြင့်
အားလုံးကို ပျော်ရွှင်စေချင်သူ...။

ဝေလေး said...

Happy Birthday ပါအစ်ကိုရေ

မွေးနေ့မှစနှစ်ပေါင်းများစွာ ကဗျာထဲက လူတစ်ယောက်လို ဖြစ်နိုင်ပါစေ။ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့လည်း ပြည့်စုံနိုင်ပါစေနော်....

Ðaywalker[Soul] said...

မွေးနေ့အတွက် အမှတ်တရ လက်ဆောင်စကားလေးတစ်ခွန်း ရေးပေးချင်ပါတယ်။
"လူတိုင်းမှာ မွေးနေ့ နှစ်ခုရှိတယ်။ တစ်ခုက လောကကြီးထဲကို စ၀င်လာတဲ့နေ့ (အမေ မွေးလိုက်တဲ့နေ့) နဲ့ နောက်တစ်ခုက ကိုယ်ဖန်တီးထားတဲ့ လောကကို ဝင်တဲ့နေ့။"

ကိုယ်ဖန်တီးတဲ့ လောကထဲကို ဝင်ရောက်နိုင်တဲ့ နောက်မွေးနေ့တစ်ခုကိုလည်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ...

ကဗျာဦး said...

မွေးနေ့မှသည် အသက် ၁၂၀ ရှည်ပါစေ
ကဗျာများစွာဆက်ရေးနိုင်ပါစေ

HAPPY CLOUD said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ ဆုတောင်းရင် တစ်ရက်တည်းအတွက် ဖြစ်မှာစိုးလို့။ အဲဒီတော့ တကယ်ဖြစ်သင့်တာက... နောင် ဖြတ်သန်းရမယ့် နေ့ရက်တွေမှာလည်း ဘ၀ရဲ့ထိုက်သင့်တဲ့ စိတ်ချမ်းသာမှုတွေနဲ့ နေပျော်တဲ့ဘ၀တစ်ခု တည်ဆောက်နိုင်ပါစေ။ ပြီးတော့ စာဖတ်သူတွေအတွက် တစ်ခုခုအကျိုးပြုနိုင်မယ့် စာကောင်းပေမွန်တွေကိုချည်း မွေးထုတ်နိုင်ပါစေလို့ ဆန္ဒပြုခဲ့တယ် ညီရေ...။

Anonymous said...

ကွန့်မန်တွေအများကြီးရလို့ မွေးနေ့ရှင် ကိုအရုပ်လေးပျော်ရွှင်မယ်လို့ ယုံကြည်ပါတယ်။
အစစပြည့်စုံ ၍ စိတ်ဧ။်ချမ်းသာခြင်း ကိုယ်ဧ။်ကျန်းမာ ခြင်းနဲ့ ပြည့်စုံပါစေ။

Unknown said...

ကျန်းမာပျော်ရွှင်အောင်မြင် အသက်ရှည် စော်ကြည် အကြွေးကြေပါစေဗျာ..

ကောင်းကင်ပြာ said...

၂၆ နှစ်မှ နောင်နှစ် ၁၀၀ တိုင် ကဗျာလှလှ လေးတွေ နဲ့ ဘလော့ဂင်းနိုင်ပါစေ မောင်လေးရေ

အရုပ်ကလေး said...

ကိုမိုးမြင့်တိမ်၊ပန်းခရေ၊သဉ္ဇာ၊ကိုအိမ်၊ prizewai၊မနီနီဝင်း၊ဖိုးဂျယ်၊ချင်းမလေး၊မိုးသွေးငယ်၊ဝေလေး၊
Daywalker၊၊ကဗျာဏဦး၊Happy Cloud ၊ညခင်းနှင့်လမင်း၊ဖိုးသူတော်၊ကောင်းကင်ပြာ ...စတဲ့ မောင်နှမများကိုလည်း ကျေးဇူးကမ္ဘာပါ ...။

နှင်းပွင့်ဖြူ said...

happy birthday to u
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ..

နှင်းဆီနက် said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ သားလိမ်မာလေးဖြစ်ပါစေ မွေးနေ့ရက်မှသည် ပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်ပါစေ

ခင်တဲ့

မလတ်

laminkhin said...

မွေးနေ့  မှ နောင်နှစ်ပေါင်းများစွာ ငြိမ်းချမ်းခြင်းအေးချမ်းခြင်းတွေ နဲ့ သောက ကင်းဝေးစွာ နေနိုင်ပြီး အတ္တနဲ့ပရ ညီမျှစွာ လောက ကို ဖြတ်ကျော်နိုင်ပါစေ...လောကီအောင်မြင်မှုအဆင့်ဆင့်
တွေကြားက လောကုတ္တရာ တရားထူးများရပြီး
ဘ၀ တန်ဖိုး လွန်မြတ်နိုးတဲ့သားကောင်း တစ်ယောက်
ဖြစ်ပါစေ ။ ဆုယူညီမျှလှူဒါန နဲ့  သီလမယိုင် သဒါ ပြိုင်
မဲ့  ပါရမီဖြည့်ဖက် မြဲမြန့်  နိုင်ပါစေ -- မောင်လေးရေ
မင်းရဲ့ လိုအင်ဆန္ဒဟူသမျှ ကောင်း တာ ဆို ရစေ --ဟုတ်ပြီလား -- သားကောင်းတစ်ဦးလူ့လောကထဲရောက်ခဲ့တဲ့ နေ့ ပေါ့ နော့

သက်တန့် said...

ကိုအရုပ်လေးရေ...
ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ...
ယနေ့မှစပြီး ချစ်သောသူနဲ့ မခွဲမခွာ ခိုင်ခိုင်မြဲမြဲ လက်တွဲအတူ ပျော်ရွှင်စွာ ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့... ;)

အလုပ်နည်းနည်း ရှုပ်နေတာနဲ့ ခုမှရောက်ဖြစ်တာ အကိုရေ...
မွေးနေ့ထက် တစ်ရက်နောက်ကျသွားပြီ...
Belated Birthday Wishပေါ့... :)

Welcome said...

ညီ ..

ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပါစေ
အရောက်နောက်ကျပေမယ့် စိတ်ကထိပ်ဆုံးပါပဲ။
မွေးနေ့ကစလို့
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေ ..
ဘ၀နဲ့ဆန္ဒတစ်ထပ်တည်း ထာဝရကျနိုင်ပါစေ ..

ခင်မင်မှုများစွာနဲ့

Welcome said...

ညီ

အကျွေးအမွေးမပါလို့
နည်းနည်းတော့ ×× သွားတယ် ..

ဘာဖြစ်ဖြစ် ပျော်ရွှင်ပါစေ

အရုပ်ကလေး said...

နှင်းပွင့်ဖြူလေး ၊နှင်းဆီနက် ၊ အစ်မ မေအိခင် ၊ သက်တန့် ၊ ကိုဝင်းဇော် .. .. တို့ကိုလည်း ကျေးဇူးကမ္ဘာပါ ..။
ကိုဝင်းဇော်ရေ .. အရောက်နောက်ကျပေမယ့် ရပါတယ်ခင်ဗျာ ... အကျွေးအမွေးကတော့ အရောက်နောက်ကျတာ ဘာကျွေးလိုက်လဲ အစ်ကို ဘယ်သိတော့မလဲနော့ ...။

နေရီနွယ် said...

ပျော်စရာမွေးနေ့ ဖြစ်ပါစေ ငါ့အကို အရောက်နောက်ကျ သွားတဲ့အတွက်စိတ်မကောင်းပါဘူး အဟဲဟဲ ပျော်ရွှင်ပါစေရှင်...

emayarKhin said...

ံ့hApPy bIrThDaY !!!!!
မွေးနေ့ဆုတောင်းလာပေးတာ...
နောက်ကြသွားတယ်...လေယာဉ်
မီးပွိင့်မိနေလို့.......စောတီး........
နောက်နှစ်အတွက်ပါဆုတောင်းပေးခဲ့တယ်....

အရုပ်ကလေး said...

ဘွားလေး နေရီနွယ် ... အစ်မ အမရာ
တို့ကိုလည်း ဆုတောင်းပေးခြင်းနှင့်အတူ
ထပ်ဟပ်မှုတစ်ခုကို ပမာပြုလို့ ပြည့်ဝပါစေ,
လူ့စည်းစိမ် အဖြစ်နဲ့ ...

Shweyamin said...

သားသား မွေးနေ့မဖိတ်တဲ့အတွက် မလာတာသိပြီလား ဟွန်း...

Anonymous said...

ပျော်စရာ မွေးလေးနေ့လေးဖြစ်ပါစေဗျာ နောက်တောင်ကျနေပြီဗျာ မအားတာရော လာမဖိတ်လို့တာေ၊ကြာင့် အရောက်နောက်ကျသွားတယ်