အပျိုကြီးမမ

နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာလ

အရွယ်တော် တစ်ဆိတ်ဟိုင်းပြီမို့

စိတ်တိုင်းကျ တွေ့မယ်မထင်။

မတန်မှ ရွေးလှချည်ရဲ့

ကံပေးလျှင် လိုရာရောက်လိမ့်မပေါ့

ဖောက်စရာ မာန်ကိုယုံလို့

ကြောင်းမဆုံ နှောင်းပုံအလုပ်ကယ်နှင့်

ခေါင်းသုံးလျှင် ရောင်းကုန်ပုပ်မှဖြင့်

(ခင်ရယ်) ကောင်းကောင်း မဟုတ်ချင်…။

ရမလို လိုတာမရတာနှင့်

မအပျို ကိုယ်မှာ သ,တော့မဟဲ့လို့

အိုကာမှ တန်ဆာဆင်

သြော်… ဇရာအသွင်ဟာမို့ မြင်သူမုန်း။

ဈေးမကွဲခင်

ကြေးနည်းတာ မမြော်မြင်နဲ့တော့

ခေါ်ငင်ကာ တွင်အောင်ရောင်းပါမှ

ကုန်ကောင်းဆို အမြန်မနှင်လို့

အမှန်ပင် ရက်ကြာလို့ နှေးတော့ကမ

လျှော့ဈေးလေလံဆိုင်၌

ဈေးမကိုင် အနိုင်ထုတ်ရတော့

ရေးမသာ ဆွေးကာစုတ်တယ်

အိုကွယ်… ကြေးယုတ်လို့ရှုံး။

မဟာဂီတ ဦးပြုံးချို

သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ ဆရာဦးပြုံးချိုရေးတဲ့ ကဗျာလေးပါ ..။

9 comments:

zue said...

ကဗျာက စောင်းရေးထားသလားတောင် မှတ်ရတယ်... ဟီးးးးးးးး

su wai said...

နှစ်ဆယ်ကျော် အစိတ်ပိုင်းတောင် အရွယ်တော် တစ်ဆိတ်ဟိုင်းပြီဆိုရင် မမတို့တော့ အော်ဆွေးဖြစ်ပြီ :)

(အော်ဆွေးဆိုတာ ဘာလဲ သိချင်လား.. မုန့်ကျွေးရင် ပြောပြမယ်လေ :P)

poemflower said...

ကိုအရုပ်ကလေး ကဗျာက Heart ကိုထိတယ် ဗျို့

Anonymous said...

ဟားဟားဟားဟား.... မိန်းကလေးတွေ အရွယမလွန်ခင် အိမ်ထောင်ကျအောင် လုပ်နေပြန်ပါပြီဗျာ။ ဒါနဲ့ သူတို့က ပုပ်တတ်လို့လားဗျ အဟိ မသိလို့ နေမေးတာ

မသက်ဇင် said...

အရုပ်လေးရေ
ဝေငှပေးတာကျေးဇူးပါ
ခင်မင်လျက်

ကြယ်စင်နတ်သမီး said...
This comment has been removed by the author.
ကြယ်စင်နတ်သမီး said...

မောင်လေးရေ... အပျိုကြီးမမတွေဆိုတော့ ကျောတောင် ချမ်းသွားတယ်... ကဗျာကြီးက စောင်းရေးထားတယ်လို့တောင် ထင်ရတယ်နော်...း)

Unknown said...

အကိုရေ မိန်းခလေးတွေ အရွယ်မလွန်ခင် အိမ်ထောင်ကျအောင်တင်ပေးထားတာလားမသိဘူးနော်။ ဝေငှာပေးတာကျေးဇူးပါပဲအကိုရေ

ခင်မင်လျက်

ကိုတိုးလေး

puluque said...

ဟဟ ဖတ်လို့ကောင်းတယ်..ဒီလို ခေတ်ဟောင်းကဗျာလေးတွေ ဖတ်ချင်နေတာဗျ