ကောင်းကင်ရှိုက်သံ

ငါ့ကို ချစ်ခဲ့သော..ငါ့ကိုပစ်ခဲ့သော...
ငါ့ကိုအပြုံးချွေခဲ့သော..ငါ့ကိုအမုန်းဝေခဲ့သော...
ငါ့ကိုအကြင်နာပေးဝေခဲ့သော..ငါ့ကိုနာကျင်ဆွေးစေခဲ့သော...
ငါ့ကိုအပျောက်မခံခဲ့သော..ငါ့ကိုကြောက်ကန်ခဲ့သော...
ငါ့ကိုတမ်းတခဲ့သော..ငါ့ကိုနန်းချခဲ့သော...
ငါ့ကိုဖန်ဆင်းခဲ့သော..ငါ့ကိုခံပြင်းခဲ့သော...
ငါ့ကိုငဲ့ကွက်ခဲ့သော..ငါ့ကိုကဲ့ရဲ့ခဲ့သော...
ငါ့ကိုမြတ်နိုးခဲ့သော..ငါ့ကိုအထပ်ထပ်ဆိုးခဲ့သော...
ရင်ဘတ်ထဲက အနာရွတ်လေးရေ...
ငါပေးခဲ့တဲ့"ကြင်နာမှု" တွေအတွက် နင်ပြန်ပေးခဲ့တဲ့..
"နာကျင်မှု" တွေက ...ရက်စက်လွန်းပါတယ်...
ငါဒီလိုကြေကွဲနေတာ ..နင်သိခဲ့ရင်..
...................
ပြည့်ဝချင်တဲ့ နင့် ရဲ့ညတွေအတွက်
ငါ့သောကမိုးတိမ်တွေ ဖြိုချခဲ့တယ်....
ရွှေရံများစွာနဲ့ ကခုန်ချင်တဲ့ နင့်ရဲ့တေးသွားတွေအတွက်
ငါ့မျက်ရည်တွေ ကြယ်တွေအဖြစ်ရံပေးခဲ့တယ်..
ကြဲဖြန့် ချင်တဲ့ နင့် ပန်းကုံးတွေအတွက်
ငါ့သက်ပြင်းတွေ နဂါးငွေ့ တန်းအဖြစ်ဖန်ဆင်းခဲ့တယ်..
အနှောက်ယှက်ကင်းကင်း နင်အလှစီးချင်းထိုးဖို့ 
ငါ့ကတ္တီပါညနေခင်းတွေ ရုပ်သိမ်းခဲ့တယ်..
ပူပန်တတ်တဲ့ နင့်အတ္တတွေအတွက်
ငါ့မာနမိုးကြိုးတွေ အနင်ခံပြီးမျိုချခဲ့တယ်..
အပျင်းပြေသက်သက် နင့်အပြုံးလေးတခုအတွက်
ငါ့ရင်ဘတ်ကိုခွဲပြီး ဥက္ကာပျံတွေကျဲခဲ့တယ်..
လူတွေအားလုံး နင့်ကိုတောင့်တနေဖို့ 
ငါ့ကိုငါ အမှောင်တွေ ချချနေခဲ့ရတယ်..
နင်ဖြိုဖျက်သမျှ ပြိုပျက်ခဲ့ရတဲ့ဘဝ..
နင်ဖျက်ဆီးသမျှ ပျက်ဆီးရတဲ့ဘဝ..
နင်ဖျောက်ဖျက်သမျှ ပျောက်ပျက်ခဲ့ရတဲ့ဘဝ..
နင်ရက်စက်ခဲ့သမျှ အရာရာ လက်မဲ့ ခဲ့ရတဲ့ဘဝ...
အဲဒီညညတွေမှာ......
နင့် ရဲ့အနာဂတ်တွေ ကမ်းကပ်နိုင်ဖို့ 
ငါ့ရဲ့ ပစ္စုပ္ပန်တွေ ဆုတ်ဖြဲပြီး တောင်ပံတွေတပ်ပေးခဲ့တာ
ငါ့ရဲ့ ပျံသန်းမူ့ လွဲချော်ခဲ့တာလား..
နင့်ကမ်းပါးတွေပြိုမကျအောင် ငါ့စွမ်အားတွေမြိုချလိုချ
နင့်လမ်းတွေဖြောင့်စင်းဖို့ ငါ့အလွမ်းတွေဆောင့်နင်းခံလိုခံ
နင်ကလေ....
ငါ့ကောင်းကင် အိုဇုန်းလွှာအထက်က
တရွဲရွဲ တစက်စက်လင်းနေတဲ့ လမင်းပါ..
နင် တဝင်းဝင်းလင်းလက်နေသမျှ....
ငါ..လေ...တစ်စ..တစ်စ...မှောင် ..ကျ...နေ..ရ..တယ်...။

14 comments:

NangNyi said...

မိုက်တယ် ကြိုက်တယ်..
အဲ့ မိန်းမမျိုးဖြစ်ချင်စမ်းပါဘိ.. ...

ကောင်းကင်ပြာ said...

ရုပ်ရုပ် ကောင်းကင် အိုဇုန်းလွှာထက်က လမင်းလေးနဲ့ အတူ အမြဲ လင်းလက်နေပါစေ
အင်းးးးနင်နဲ့ ငါ...ငါနဲ့နင် အိုကေပါစေ၊

Unknown said...

ကောင်းလိုက်တဲ့ ကဗျာလေး
သေသေချာချာဖတ်သွားပြီနော်
နှင်းဟေမာ

Unknown said...

ဖတ်သွားတယ်နော် ...:)
အရမ်းကိုကောင်းတယ်...

khin oo may said...

အဲသလောက်မလျော့ပေးစမ်းပါနဲ့။

မီးလေး said...

နင်နဲ့ ငါနဲ့... ငါနဲ့ နင်နဲ့ အိုးဝိုးဝိုး
ဟီ ဟိ
ကဗျာဖတ်ရာက သီချင်းဆီ ရောက်သွားလို့... :P

မယ့်ကိုး said...

ကဗျာလေးက မိုက်တယ်။ နန်းညီလေး ပြောပုံလေးက ပိုမိုက်တယ် :P

Anonymous said...

ခံစားချက်တွေများလား.. နန်းကြီးသုပ်ကတော့ အဲလိုမိန်းမ ဖြစ်ချင်နေသတဲ့... ကိုယ့်ဆြာ သင်ပေးလိုက်ပါ...ဗျာ... သူ့ခမျာ သနားစရာ..အဟေဟေ

ပန်းခင်းလေး said...

ကဗျာလေးဖတ်သွားတယ်နော်
ပျော်ရွှင်ပါစေ!

ညီမလေး

ပန်းခင်း

ကိုတိုး said...

ခံစားချက်တွေများလားနော် အကိုရေ။ ကဗျာလေးကလည်းကောင်းလိုက်တာနော် သေသေချာချာလေးလာဖတ်သွားတယ် ကိုအရုပ်ရေ အဆင်ပြေပါစေနော်။

Chitpalonelay said...

ဟူး ခံစားချက်တွေက အမှန်အကန်ပဲ ဒါနဲ့အိုဇုံးလွှာပေါက်နေတယ်ဆို အဟိ ကဗျာတပုဒ်နဲ့ အစအဆုံး ဘယ်လောက်ပေးဆပ်ခဲ့လည်း ပေါ်လွင်တယ် ငါ့ကိုတမ်းတခဲ့သော ငါ့ကိုနန်းချခဲ့သော တဲ့ မိုက်တယ် အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

ပါးလုံးဘယ်ပျောက်နေလည်းဆိုပီး သတိတယရှိတာ ကျေးဇူးပါ ပါးလုံးကိုယ်တိုင်လည်း ပါးလုံး ဘယ်ပျောက်နေမှန်းမသိလို့ မနက်ဖြန်ရဲစခန်းသွားပြီး လူပျောက်တိုင်မလို့ပါ အဟိ

နေ့အိပ်မက် said...

လန်တယ်.. လန်းတယ်... အပေါ်ဆုံးတစ်ပိုဒ်.. ဆန့်ကျင်ဘက်အဓိပ္ပာယ်ကို ကာရန်ထပ်ထားတဲ့တစ်ပိုဒ်ကို အကြိုက်ဆုံးပဲ

emayarKhin said...

ကဗျာလေးကိုခံစားသွားပါတယ်..

နှင်းပွင့်ဖြူ said...

ငါ..လေ...တစ်စ..တစ်စ...မှောင် ..ကျ...နေ..ရ..တယ်...ဆိုပေမယ့် တစ်စ တစ်စ ပြန် ပြန် လင်းလာမှာပေါ့။ ကောင်းကင်က ၂၄နာရီမမှောင်ပါဘူး။