“ကိုယ်စားဒဏ်ရာ”

မွေးညှင်းစိမ်းတွေ အရိတ်ခံရလို့
ကန္တာရ သမင်ဖြူကွက်တွေနဲ့
အရေပြားကင်ဆာဖြစ်ပြီး
ကမ္ဘာကြီး ပူနွေးလာတာလား….

သွေးကြောတွေ အဖေါက်ခံရလို့
ချဉ်ဆီခမ်း အနာရွတ်တွေနဲ့
ခုခံအားကျဆင်းပြီး
ကမ္ဘာကြီး ပူနွေးလာတာလား….

မဟုတ်ဘူး…
ငါတို့
သက်ပျင်းငွေ့ငွေ့လေး ချလိုက်တာနဲ့
ကမ္ဘာကြီး တစ်ရက်ထက်တစ်ရက်ပူနွေးလာတာ…။

အဖြူရောင်ကိုယ်ကျပ် အလုခံလိုက်ရလို့
ရေခဲတောင်တွေ ရှက်ရှက်နဲ့
မြစ်တွေထဲ ဆင်းပုန်းပြီး
သမုဒ္ဒရာတွေ မြင့်တက်လာတာလား….

ညစ်ပေနေတဲ့ လေတွေရှုရှိုက်နေရလို့
ကောင်းကင်က အဆုတ်ရောဂါနဲ့
ချွဲကပ် မုန်တိုင်းဆင်ပြီး
သမုဒ္ဒရာတွေ မြင့်တက်လာတာလား….

မဟုတ်ဘူး…
ငါတို့
မျက်ရည်သေးသေးလေး ပဲ့ကျသွားတာနဲ့
သမုဒ္ဒရာတွေ တစ်ဆထက်တစ်ဆမြင့်တက်လာတာ…။

မြိုပြရဲ့ ဖနောင့်ပေါက်ခံရလို့
ဆက်ထားတဲ့နံရိုးနှစ်ချောင်းကျိုးတာနဲ့
အကြောတွေဆတ်ကနဲ ရုန်းပြီး
ငလျင်တွေ လိမ့်လာတာလား….

ကုတ်ခြစ်ပြီး ဆွဲလှန်ခံထားရလို့
ချွေးပေါက်တွေပိတ်နေတာနဲ့
ပြည်တည်နေတဲ့အနာဖုနေရာက ချော်ရည်ပူတွေထွက်ပြီး
ငလျင်တွေ လိမ့်လာတာလား….

မဟုတ်ဘူး…
ငါတို့
နှစ်လုံးခုန်သံနှေးနှေးလေး ဆောင့်ရုန်းလိုက်တာနဲ့
ငလျင်တွေ တစ်ခါထက်တစ်ခါ လိမ့်လာတာ….။

အခုလေ
ကမ္ဘာကြီးက……
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲပဲ အရှက်သည်းနေချိန်မှာ
ငါတို့က…
ကိုယ့်မနက်စာ ကိုယ်လှန်မကြည့်ရဲပဲ ကျပ်တည်းနေလိုက်တာ….။

12 comments:

ဇောင်း said...

ပမာနှိုင်းပုံ နဲ့ ဖွင့်ဟ ခံစားချက် နဲ့ ဖွဲ့နွဲ့မှုစာသားတွေ
တော်တော်ကောင်း၏ တိုတိုရုပ် ...

Unknown said...

Share ပေးလို့ ကျေးဇူးတင်ပါတယ် မောင်လေးရေ..
ကိုမင်းသုခ ကဗျာတွေက အရမ်းကိုကောင်းတယ်..

အားပေးလျှက်..

lovelessguiter said...

ကဗျာလေး မိုက်တယ် သယ်ရင်းရေ... စဉ်းစားစရာပဲ...

Anonymous said...

ဖတ်တော့ ဖတ်သွားတယ်ဗျ ဒါပေမဲ့ သိပ်နားမလည်ဘူးဗျာ... ကျနော်ကိုက တုံးတာပါ ဟီး

desertraindrops said...

ကဗျာလေးက ကောင်းလှချည်းလာ။ ရှင်းပြီး ကမ္ဘာကြီးဖြစ်ပျက်နေတာကို ပေါ်အောင်ရေးထားတယ်။

Anonymous said...

ငါတို့ရဲ့ မျက်ရည်စက်သေးသေးလေးတွေကြောင့် သမုဒ္ဒရာကြီး မြင့်တက်လာတာလား
ဒါဆို ရှိုက်သံတစ်ချက်ပွင့်သွားလို့ ဆူနာမီရိုက်သွားတာဖြစ်မယ်နော် :(

ပုံ့မေ said...

နှိုင်းယှဉ်မှုတွေက တယ်လဲမိုက်ပါလားးးး.... ကိုအရုပ်ကလေး......ဂွတ်တယ်

နေ့အိပ်မက် said...

အား... ဒီကဗျာလေးတော့ တကယ်ကို ခိုက်သွားပြီ... ဒါမျိုးထပ်ရေးပေး လူတွေကြောင့် ပျက်စီးနေတာ....

ပန်းခင်းလေး said...

ကဗျာလေးဖတ်သွားတယ်
နက်မကောင်းလို့  အရောက်နောက်ကျတာ
ဆောတီး!

ညီမလေး

ပန်းခင်း

ညလင်းအိမ် said...

ဖွဲ့နွဲ့ပုံက ပြည့်စုံလှပါ၏...

Cameron said...

ကမ္ဘာကြီးပူနွေးလာမှုကို ခိုင်းနှိုင်းပုံဖော်သွားတာ စိတ်ကူးစိတ်သန်း သိပ်ကောင်းပါတယ်....။

အားပေးလျက်
မိုးငွေ့

မျှော်လင့်ချက် said...

အရမ်းကောင်းတဲ့ကဗျာတပုဒ်ပါဘဲ...လက်ရှိကို အဓိပ္ပါယ်ရှိရှိနဲ့ ပေါ်လွင်အောင်ရေးတတ်တယ်...