တစ်ယောက်သော .. သူ

ဟိုးဝေးဝေးမှာ မြင်ကြည့်လိုက်ချစ်သူ
အရောင်တွေများစွာကြား နစ်မြောနေမယ်ဆို
မင်း စုတ်ချက်က ... ဆေးသားလွင့်နေမလားပဲ ...

တစ်ခါတစ်ရံ ရောင်နီအလင်းစက်အောက်
ခပ်နောက်နောက် အတွေးတွေကိုပယ်ဖျက်
ချစ်သူ့အတွက် အလွမ်းစက်လက်နဲ့
ရှင်သန်ခဲ့တဲ့နေ့ ..
မင်းအတွက်ခါးသီးမှုဆို
ငါဟာ .. ပြယ်လွင့်မှု တိမ်တိုက်ပေါ့ ...

ဒဏ်ရာ ရထားဖူးတယ် ချစ်သူ .....
မင်းအတွက် စတေးခြင်း ယစ်မူးမှုက
မင်းဘ၀အတွက် သာမာန်သရုပ်ဆိုရင်တောင်
င့ါအတွက် တစ်ခါပြန်လွမ်းနေရမဲ့
တမ်းချင်း ကဗျာတစ်ပုဒ်ပါ ....

အလွမ်းချင်ဘူး .. မဆွေးချင်ဘူး
မင်းအလိုကျ အယူခံအတိုင်းဖြစ်တည်နေမဲ့
ဝတ်ရုံလွှာလေးတစ်ခုဆိုတာ
ယုံထားချစ်သူ ..

အဝေးမှာ ခေါ်သံကြားလား
အနီးမှာလား ...
အဲဒီခေါ်သံနှစ်ခု ရပ်တန့်မသွားဘူးဆို
မင်းနဲ့ငါ့ရဲ့ ကမ္ဘာငယ်တစ်ခုပေါ့ ...
သို့တည်း ...
ပိုင်ဆိုင်မှုပေါ့ .. ချစ်သူ...

ကာရံတွေ မသိမ်းချင်ဘူး ..
အလွမ်းတွေ မမျိုသိပ်ချင်ဘူး ..
တွေ့ခွင့်ရမယ်ဆို မင်းနှုတ်ခမ်းတစ်စုံက
င့ါအတွက် ဆေးရေးပန်းချီလို
ကြာလာလို့ အရောင်ပြယ်လွင့်မယ်ဆိုရင်တောင်
တခမ်းတနားပေါ့ ...

လွမ်းနေဆဲ..
သတိရဆဲပါ .. ချစ်သူ
မင်းအတွက် စတေးခဲ့ရတဲ့ဖြစ်ရပ်တွေ
မျိုသိပ်မှုတွေ များခဲ့မယ်ဆို
င့ါအတွက် ခပ်လှပ်လှပ်မို့
မင်းကို ပမာပြု
သစ္စာတစ်ခုတိုင်တည်ပြုတယ်..
မင်းဟာ င့ါရဲ့ တစ်ယောက်သောသူ .....။



14 comments:

ကိုတိုး said...

အကိုရေ ညီလာလည်သွားတယ်နော် တစ်ယောက်သောသူအတွက်ရေးထားတာက ညီနဲ့က အဖြစ်ချင်းတူနေတယ်။လာပြီးတော့ခံစားသွားပါတယ်အကိုရေ ကောင်းသောညလေးဖြစ်ပါစေဗျာ။

khin oo may said...

ကာရံတွေ မသိမ်းချင်ဘူး ..
အလွမ်းတွေ မမျိုသိပ်ချင်ဘူး ..

မီးလေး said...

ကဗျာလာခံစားသွားပါတယ်...
:)

Anonymous said...

သြော်... သူများတွေများ လွမ်းတတ်လိုက်ကြတာ ကာရံလေးတွေနဲ့ လန်းပါ့ဗျာ...။

မယ့်ကိုး said...

ဒီကဗျာလေးကြိုက်တယ်။
ရိုးရှင်းလွန်းစွာ ရင်ထဲရောက်တယ်။
အားပေးလျက်...

အိန္ဒြာ said...

ကာရံတွေ မသိမ်းချင်ဘူး ..
အလွမ်းတွေ မမျိုသိပ်ချင်ဘူး ..
တွေ့ခွင့်ရမယ်ဆို မင်းနှုတ်ခမ်းတစ်စုံက
င့ါအတွက် ဆေးရေးပန်းချီလို
ကြာလာလို့ အရောင်ပြယ်လွင့်မယ်ဆိုရင်တောင်
တခမ်းတနားပေါ့ ...

အဲဒီ့တစ်ပိုဒ် တော်တော်လေးလှပါတယ်..။

ခင်ခင်မင်မင်

Unknown said...

ကာရံတွေ မသိမ်းချင်ဘူး ..
အလွမ်းတွေ မမျိုသိပ်ချင်ဘူး ..
တွေ့ခွင့်ရမယ်ဆို မင်းနှုတ်ခမ်းတစ်စုံက
င့ါအတွက် ဆေးရေးပန်းချီလို
ကြာလာလို့ အရောင်ပြယ်လွင့်မယ်ဆိုရင်တောင်
တခမ်းတနားပေါ့ ...

ကြိုက်တယ်မောင်လေး ...

:)

Unknown said...

ကဗျာလေး လာဖတ်တယ် အစ်ကို
တော်တော်ချစ်မယ့်ပုံပဲနော် .....
ကဗျာလေးကို ခံစားဖတ်ရှုသူတိုင်း
နားလည်နိုင်ပါသလို
တစ်ယောက်သောသူလဲ နားလည်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ်
နှင်းဟေမာ

ပန်းခင်းလေး said...

ဟိုးအဝေးကို မျှော်ကြည့်စရာမလိုဘဲ
အနီးစပ်ဆုံး နှလုံးသားတစ်စုံနဲ့ ပဲ
ခံစားကြည့်လိုက်ပါ …။
ရောင်စုံလိပ်ပြာတွေ အနားမှာ ပျံဝဲနေပေမယ့် 
ယုံကြည်မှုနဲ့  သစ္စာတရား အခိုင်အမာ တည်ရှိပြီးသားမို့ 
လိပ်ပြာတောင်ပံခပ်သံတွေက
သစ္စာတရားတွေ လွင့်ပျံအောင်မလုပ်နိုင်ဘူး ..
စုတ်ချက်တွေလည်း ဆေးသားမလွင့်နိုင်ဘူးလေ ….

ရောင်နီအလင်းစက်တွေအောက်
အလွမ်းဆက်လက်နဲ့ 
ချစ်သူအတွက် ရှင်သန်ရတဲ့ နေ့ တွေ အဆုံးသတ်ဖို့ 
ကြိုးစားနေရင်း
ခါးသီးမှု တစ်ခုမဟုတ်ခဲ့ တာ
အသိဆုံးပဲမလားချစ်သူ …
မင်းဟာခါးသီးမှု မဟုတ်မှတော့ 
ပြယ်လွင့်နေတဲ့  တိမ်တိုက်လည်း
မဟုတ်နိုင်ဘူးပေါ့  ..
ဒါကြောင့်  တိမ်ပြာတွေလည်း ငိုကြွေးစရာ အကြောင်းမရှိခဲ့ ဘူး …

ရထားဖူးတဲ့  ဒဏ်ရာတွေအတွက်
နားလည်စွာပေးဆပ်ရင်း
ငါက မင်းအတွက်
တမ်းချင်းကဗျာတစ်ပုဒ်တော့  မဖြစ်စေချင်ဘူး …

နှစ်ဦးသား မဆုံတွေ့ နိုင်ချိန်မှာ အလွမ်းတွေ ဖြစ်တည်လာနိုင်ပေမယ့် 
“အဆွေး”ဆိုတာကိုတော့  ဘယ်တော့ မှ မအပ်နှင်းဘူးဆိုတာ
ယုံကြည်ထား ချစ်သူ …
ငါ့ အလိုကျ အယူခံအတိုင်း
မဖြစ်တည်ခဲ့ ရင်တောင်
တန်ဖို့ ထားလို့  ချစ်နေဦးမှာပါ …

အဝေးကခေါ်သံတွေ နီးစပ်နိုင်ဖို့ 
ခေါ်သံနှစ်ခု ထပ်တူကျနိုင်ဖို့ 
နှစ်ယောက်ကမ္ဘာငယ်တစ်ခု
တည်ဆောက်နိုင်ဖို့ 
နှစ်ဦးသား ကြိုးပမ်းနေတယ်မဟုတ်လားချစ်သူ ….

အလွမ်းတွေထပ်တူ
သတိရခြင်းတွေထပ်တူ
စတေးပေးခဲ့ ခြင်းတွေ ထပ်တူနဲ့ 
မျိုသိပ်မှုတွေကို ခ၀ါချ
ချစ်သူနှစ်ဦး အချစ်ကို ပမာပြုမယ်ဆိုရင်
ရှေ့ ဆက်မယ့်  မနက်ဖြန်တွေမှာ
တွဲလက်တွေမြဲနေဦးမှာ …. ။

****************************

ကိုကြီးရဲ့ ကဗျာလေးပေါ်မှာ
ပြန်ခံစားလိုက်တာ ...
မယုံနိုင်စရာပဲ
ကဗျာ၇ှည်တစ်ပုဒ်ထွက်လာတယ် .. :P

ကိုကြီးကဗျာလေးကို သေသေချာချာဖတ်ပြီး
ကဗျာလေးတစ်ပုဒ်လက်ဆောင်ပြန်ပေးခဲ့ တယ်နော် :)

မနက်ဖြန်ဆိုတဲ့  နေ့ သစ်တွေကို
သေချာတဲ့ ချစ်ခြင်းတရားတွေနဲ့ 
သစ္စာတရားကို ပမာပြုလို့ 
ချစ်ရသူနဲ့  အတူ ပျော်ရွှင်စွာ
ဖြတ်သန်းနိုင်မှာပါ ...

ပျော်ရွှင်ပါစေ !

ညီမလေး

NangNyi said...

တစ်ယောက်ထဲသောသူ.. တဲ့..

း)

အဲလက်စ်သီချင်းကို သွားသတိရတယ်..
“တကယ်ရှက်တတ်မယ်ဆိုရင် ရှင်တစ်ယောက်ထဲ ချစ်တယ် မပြောစမ်းပါနဲ့” တဲ့..

ဘာရယ်ဟုတ်ဖူး သွားသတိရတာပါ.. ကိုယ့်ညီလေးက ကဗျာမခံစားတတ်တာ သိသားနဲ့.. အဟီး

lovelessguiter said...

သူ သူ သူ သူ သူ.... တစ်ယောက်သော သူ.....ကောင်း၏။ ခံစားလိုက်တယ်.။

Anonymous said...

လွမ်းတယ်ဆိုတာ ပျော်ဖို့ကောင်းပါတယ် ချစ်တဲ့သူရှိလို့လေ.....အဆွေးက မကောင်းဘူးတစ်ဘက်သတ်ဆန်တယ်...
လွမ်းပဲလွမ်းချင်တယ် ဆွေးချင်ဘူးကွယ်....

ငွေကြယ်လေး

Welcome said...

ညီငယ်
ခရီးများနေလို့ ကဗျာလေးကို နှစ်သက်စွာနဲ့ အပြေးအလွှား ဖတ်သွားပါတယ် ..

အဆင်ပြေ ပျော်ရွှင်စေဖို့ မျှော်လင့်ပါတယ် ..

Unknown said...

မင်းဘ၀အတွက် သာမာန်သရုပ်ဆိုရင်တောင်
င့ါအတွက် တစ်ခါပြန်လွမ်းနေရမဲ့
တမ်းချင်း ကဗျာတစ်ပုဒ်ပါ ....
အဲ့ဒီနေရာလေးကို အကြိုက်ဆုံးပဲ
အရုပ်ကလေးဆီကို ယု ညွှန်းလို့ ရောက်လာခဲ့ပါတယ်
နောက်လဲ အမြဲ ကဗျာလေးတွေ လာဖတ်မယ်နော် :)