စိမ်းရောင်သန်းတဲ့ လွင်ပြင်ကျယ်နောက်

အစိမ်းရောင်တွေ သန်းနေတဲ့
ဟော .. ဟိုက လွင်ပြင်ကျယ်မှာ
မင်းရင်ခွင်တစ်စုံလုံးကို ပစ်သွင်းကြည့်လိုက်ပါ ...
လွင်ပြင်ကျယ်အစိမ်းက
မင်းခန္ဓာမှာ လာထင်ဟပ်မယ်ဆို
အဲဒီလို ရောယှက်နေတဲ့
ခပ်စိမ်းစိမ်း မျက်ဝန်းအစုံများစွာကြားမှာပဲ
မင်းဟာ ခပ်စိမ်းစိမ်း အကြည့်တွေနဲ့ပဲ ဖလှယ်တော့မှာလား ..
လောကကြီးအတွင်းမှာ ပျက်ရယ်ပြုနေကြတယ်
မင်းရော သူတို့လို ခပ်စိမ်းစိမ်းစကားတွေနဲ့ လှောင်ပြောင်မှုကို
ပြုနေဦးမှာလား ...
ဆေးသားလွင်နေတဲ့ အစိမ်းရောင်ပန်းချီကားတစ်ချပ်
မျက်ဝန်းအစုံကို အေးစေတယ်ဆို ..
ထိုအေးမြမှုတွေ နောက်
အစိမ်းဆိုတဲ့ သဏ္ဍာန်သရုပ်
မင်းစိတ်မှာ စွဲထင်နေမှဖြင့်
မြင်မြင်သမျှ အေးမြချင်တဲ့ မင်းစိတ်
အစိမ်းရောင်တွေကြားမှာပဲ ဖြစ်တည်နေတော့မယ်
ဘ၀ကိုစိမ်းရောင်သန်းနေမှာလား ..
ထွေပြားစေတာလား ..
ထိုထိုအတွေးကြားမှာပဲ
အစိမ်းရောင်ဆိုတာ ????
...........
........................
သက်ရွက်ကြွေတွေ လွင့်ဝဲနေတဲ့နောက်
မင်းစိတ်အနောက်တွေ လိုက်နေမယ်ဆို
စိမ်းရောင်သန်းတဲ့ လွင်ပြင်ကို ပမာပြု
ထင်ဟပ်နေတဲ့ စိမ်းရောင်ဟာ
အပေါ်ယံမှာပဲ ဖြစ်တည်နေတာမို့
ထိုအပေါ်ယံကို ခ၀ါချ
စိတ်အအိုက်ပြေပျောက်မဲ့ ရောင်နီအလင်းစက်အောက်
ပြေးထွက်ကြပါစို့ ..။


သူငယ်ချင်း ပြည့်စုံ ရေးတဲ့ စိမ်းသက်ခြင်း ကဗျာလေးကို ဖတ်ပြီး ရေးခဲ့မိတဲ့ ကဗျာတစ်ပုဒ်ပါ ..။

11 comments:

မြစ်ကျိုးအင်း said...

သူ့ဆီမှာလည်း ဖတ်ခဲ့ပြီးပြီ

ဒီရက်ပိုင်း အစိမ်းရောင်တွေ အားကောင်းနေတယ်

စိမ်းပြီးရင်း စိမ်းပါပဲလား

မြစ်ကျိုးအင်း said...

အလဲ့

ငါပထမဆုံး ပါပဲလား

khin oo may said...

အစိမ်းရောင်ကန့်လန့်ကာ ကိုခဝါချလို့ လောကထဲက ပြေးထွက်ကြပါစို့။ လန်းဆန်းတဲ့ပန်းပျိုးခင်းဆီ............

khin oo may said...

တို့ဒုတိယ

နေ့အိပ်မက် said...

စိမ်းလွန်းလို့ မျက်လုံးတွေရော ဘလော့တစ်ခုလုံးပါ စိမ်းသွားလို့ ပြန်ပြီ. (စိမ်းစိမ်းကားကားပဲ)

အရုပ်ကလေး said...

ပထမနဲ့ ဒုတိယကို ဆုအသီးသီး ချီးမြှင့်ပြီးပါကြောင်း ။။

ဆုရတဲ့ အနေနဲ့ မုန့်ဖိုး ပြန်ပေးပါရန် လေးစားစွာ
စင်မြင့်ပေါ် ဖိတ်ပါတယ် ..။

khin oo may said...

မုန့်ဘိုးကို စာအိတ်ထဲထည့်ပြီးပေးခဲ့ပါကြောင်း
စာရွက်ပေါ်တွင် amount ကိုရေးထားသည်။

desertraindrops said...

စိမ်းကားခြင်းတွေကို ခ၀ါချလိုက်ပေမဲ့ အစိမ်းရောင်လွင်ပြင်လေးမှ စိမ်းလန်းခြင်းတွေကိုလဲ ခံစားပေးပါလား။ :)) အစိမ်းရောင် ကြိုက်တဲ့သူမို့ စိမ်းကို အားပေးသွားတယ်

ကိုတိုး said...

အကိုရေ အလည်လာသွားတယ်နော် စိမ်းစိမ်းကားကားပဲလုပ်လိုက်တော့မယ် မစိမ်းကားသူကြီးရယ်တဲ့ ညကျရင်တော့တောင်ပေါ်မှာကောက်ညှင်းအရက် အတူသောက်ရအောင်အကိုရေ။

Unknown said...

ကဗျာတွေကောင်းတယ်ရှင်

ပန်းခင်းလေး said...

စိတ်အအိုက်သက်သာအောင်
ယပ်ခပ်ပေးခဲ့ တယ်နော် ...
ယပ်ခပ်ပေးကောင်းလို့ 
ခေါင်းလည်းခေါက်ခံလိုက်ရတယ် ...

ခင်မင်စွာဖြင့်

ညီမလေး

ပန်းခင်း