ငါ့ ... ကဗျာရုပ်ကြွင်း

အသွေးအသား တောင့်တချက်တိုင်း
အလေးထားကာ နိုးကြားစေမယ့်
လက်အရှိန်ရဲ့ ဆွဲချက်အောက်က
သီကာကုံးမယ့် ကဗျာတွေရယ် ..

နှလုံးသားက အခစားဝင်
စိတ်ဓါတ်တွေ ပုံအပ်ထားလို့
အတွေးသံစဉ် တစ်ပတ်နွမ်းတောင်
လန်းဆန်းနေမယ့် ကဗျာတွေရယ် ..

ညအလင်းရဲ့ လမင်းသခင်ဆီ
လိုလားမှုတစ်ခု တောင်းဆိုပြုရင်
ဘယ်ညာနှစ်စုံ ဦးနှောက်တွေမှာ
ထွန်းလင်းပေးပါ ကဗျာဥာဏ်ကို ..

နွမ်းနယ်သမျှ အိပ်စက်ရတဲ့
တစ်နေ့တာရဲ့ အချိန်မှာတောင်
အိပ်မက်တစ်ခု ၀င်ကာလုလို့
စိုးမိုးလွန်းတဲ့ ကဗျာတွေရယ် ..

နိုးကြားစိတ်နဲ့ အိပ်မက်စိတ်တို့
ယှဉ်ပြိုင်တိုက်ခိုက် ထိုးစစ်ဆင်ရင်း
ထွက်ပေါ်လာတဲ့ ပေါက်ကွဲမှုတိုင်း
မြည်ဟည်းနေတဲ့ ကဗျာသံတွေ ..

စက္ကန့်တိုင်းရဲ့ ပင့်သက်ရှိုက်မှာ
ရှူသွင်းမှုကို ရပ်တန့်လောက်အောင်
လေပြွန်အ၀ စလယ်အဆုံး
တစ်ဆို့နေတဲ့ ကဗျာတွေရယ် ..

နားစည်အ၀ တဖျပ်ဖျပ်နဲ့
ကြားနေရတဲ့ အသံတွေဆီ
ရုတ်တရက်မို့ ကြည့်ကာမိတဲ့
ခဏတာမှာ မှင်သက်မိစဉ်
လေအတိုက်မို့ လူးလွန့်နေတဲ့
တံခါးရွက်က ကဗျာတွေရယ် ..

ကဗျာခင်းတဲ့ အိပ်ယာထက်ဝယ်
အညောင်းပြေရုံ မှေးစက်ခြင်းဖြင့်
မျက်နှာမူရာ မျက်နှာကြတ်မှာ
တန်ပြန်မှုကြောင့် ထင်ဟပ်နေလို့
အုပ်ကာမိုးတဲ့ ကဗျာတွေရယ် ..

ခန္ဓာရုပ်လုံး နိဂုံးချုပ်လည်း
ပျက်သည့်ခန္ဓာ ဆွေးရသော်မှ
မယွင်းမပျက် ကျန်ရှိခြင်းနဲ့
တည်မြဲနေမယ့် ငါ့ .. ကဗျာရုပ်ကြွင်း ...

17 comments:

su wai said...

ကဗျာဝိညာဉ် ပူးကပ်နေတဲ့ နှလုံးသားနဲ့ ခံစားရေးဖွဲ့ထားတဲ့ ကဗျာလေးက အရမ်းကောင်းပါတယ်။

နွမ်းနယ်သမျှ အိပ်စက်ရတဲ့
တစ်နေ့တာရဲ့ အချိန်မှာတောင်
အိပ်မက်တစ်ခု ၀င်ကာလုလို့
စိုးမိုးလွန်းတဲ့ ကဗျာတွေရယ် ..

အိပ်မက်ထဲမှာတောင် ကဗျာတွေ စပ်နေတယ်ပေါ့နော်။

တစ်ပုဒ်လုံးကို ကြိုက်တယ်။ နောက်ဆုံးနှစ်ပိုဒ်ကိုတော့ အကြိုက်ဆုံးပဲ။

ကဗျာခင်းတဲ့ အိပ်ယာထက်ဝယ်
အညောင်းပြေရုံ မှေးစက်ခြင်းဖြင့်
မျက်နှာမူရာ မျက်နှာကြတ်မှာ
တန်ပြန်မှုကြောင့် ထင်ဟပ်နေလို့
အုပ်ကာမိုးတဲ့ ကဗျာတွေရယ် ..

ခန္ဓာရုပ်လုံး နိဂုံးချုပ်လည်း
ပျက်သည့်ခန္ဓာ ဆွေးရသော်မှ
မယွင်းမပျက် ကျန်ရှိခြင်းနဲ့
တည်မြဲနေမယ့် ငါ့ .. ကဗျာရုပ်ကြွင်း ...

ကဗျာဥာဏ်တွေ ဒီထက်မက ကွန့်မြူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

flowerworld said...

ကိုနောင်ရေးတဲ့ကဗျာတွေအားလုံးကအရမ်းကိုကောင်းတယ်.....
အကိုကျန်ခဲ့တယ်နော်....ထမင်းစားတာတောင်ကဗျာတွေလို့မြင်မက်ပြီးစားတယ်လို့လေ....ဟီးးးးးးးးး
မီးမီးစတာ.....
ပျော်ရွှင်ပါစေနော်

Anonymous said...

ကဗျာဆရာရေ.. ရေးတတ်ပါပေ့နော်..
အရမ်းကောင်းပဲ

WWKM said...

ခန္ဓာရုပ်လုံး နိဂုံးချုပ်လည်း
ပျက်သည့်ခန္ဓာ ဆွေးရသော်မှ
မယွင်းမပျက် ကျန်ရှိခြင်းနဲ့
တည်မြဲနေမယ့် ငါ့ .. ကဗျာရုပ်ကြွင်း ...

အရမ်းကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ဝေလေး said...

မိုက်တယ်..
ရှယ်ပဲအစ်ကိုရေ...
ကဗျာရုပ်ကြွင်း တဲ့.... :D :D

thinzar said...

နုနုလေးခံစားထားပါလား....
ကောင်းတယ်အကိုရေ...။

Anonymous said...

ဘာပြောရင် ကောင်းမလဲ........ အင်းးးးး...
Nice ! ! ! ! !

ဟန်လင်းထွန်း said...

ကဗျာတွေက စိုးမိုးလွန်းတယ်ပေါ့ :)

Anonymous said...

ခန္ဓာရုပ်လုံး နိဂုံးချုပ်လည်း
ပျက်သည့်ခန္ဓာ ဆွေးရသော်မှ
မယွင်းမပျက် ကျန်ရှိခြင်းနဲ့
တည်မြဲနေမယ့် ငါ့ .. ကဗျာရုပ်ကြွင်း

ဒီအပုဒ်လေးကိုတော့ ခိုက်တယ်ဗျား

ကဗျာတွေကို သေဆုံးပျောက်ကွယ်သွားတောင်

ကျန်ရစ်စေမယ့်..တည်မြဲစေမယ်

ကောင်းတယ်ဗျာ... ဖြေးဖြေးလေးဖတ်လေ

ပို ပြီး ခံစားချက်ပေါ်လာလေပဲ

အားပေးလျက်

အလင်းစေတမန် said...

ကဗျာမချစ်တဲ့ ကျွန်တော်တောင် ကဗျာတွေ ဖတ်နေပြီဗျို.

ကိုရင်နော်ခင်လေးငယ် said...

အရမ်းကောင်တဲ့ ကဗျာလေး တစ်ပုဒ်ဆိုတာ
ဘယ်သူမှ ငြင်းမယ်မထင်မိဖူး....

စိုင်းစိုင်းလားရှိုး said...

ကဗျာဝိဥာဉ် ပူးကပ်မိသော်၊ ကဗျာရုပ်ကြွင်း သက်ဆင်းချန်ရစ်၊ ပျိုမြစ်ခြင်းလည်း ရုပ်ကြွင်းတစ်ဖန်၊ ဖြစ်ကျန်ရစ်မည် ငါ၏ကဗျာ ရုပ်ကြွင်းတည်း။

Chaos said...

အသွေးအသား တောင့်တချက်တိုင်း
အလေးထားကာ နိုးကြားစေမယ့်
လက်အရှိန်ရဲ့ ဆွဲချက်အောက်က
သီကာကုံးမယ့် ကဗျာတွေရယ်

မိုက်တယ် အရုပ်လေးရေ
ကဗျာလေးဖတ်ပြီး ကဗျာကို ဘယ်လောက်ထိ စွဲလန်းနေတယ် ဆိုတာ ခန့်မှန်လို့ရပါတယ်။ ဒီထက့်ဒီ ပိုမိုကောင်းမွန်တဲ့ ကဗျာပေါင်းများစွာကို ခြွေချနိုင်ပါစေနော်။

မြတ်သွယ် said...

ခေါင်းစဉ်လေးရော ကဗျာလေးပါ ကောင်းတယ်
“ နိုးကြားစိတ်နဲ့ အိပ်မက်စိတ်တို့
ယှဉ်ပြိုင်တိုက်ခိုက် ထိုးစစ်ဆင်ရင်း
ထွက်ပေါ်လာတဲ့ ပေါက်ကွဲမှုတိုင်း
မြည်ဟည်းနေတဲ့ ကဗျာသံတွေ ” ဒီအပိုဒ်ကိုတော့အကြိုက်ဆုံး လေးလုံးအရေးကောင်းတယ်နော်
အားပေးသွားပါတယ်

Agape said...

ကဗျာလေးကကောင်းလိုက်တာ ရေးတဲ့သူကလည်းတော်တယ်ဗျို့ ဒါနဲ့ စကားမစပ် အရုပ်ကလေး က မိန်းခရေးလား ယောက်ျားရေးလား

s said...

ကဗျာခင်းတဲ့ အိပ်ယာထက်ဝယ်
အညောင်းပြေရုံ မှေးစက်ခြင်းဖြင့်
မျက်နှာမူရာ မျက်နှာကြတ်မှာ
တန်ပြန်မှုကြောင့် ထင်ဟပ်နေလို့
အုပ်ကာမိုးတဲ့ ကဗျာတွေရယ်

ခန္ဓာရုပ်လုံး နိဂုံးချုပ်လည်း
ပျက်သည့်ခန္ဓာ ဆွေးရသော်မှ
မယွင်းမပျက် ကျန်ရှိခြင်းနဲ့
တည်မြဲနေမယ့် ငါ့ .. ကဗျာရုပ်ကြွင်း ..................

ခေါင်းစဉ်ရော ကဗျာလေးကို အရမ်းကို လိုက်ဖတ်ညီပြီး ကောင်းလွန်ပါတယ်။ အရမ်းကောင်းတယ့် ကဗျာလေးတစ်ပုဒ်ပါပဲရှင်။

s said...

ခေါင်းစဉ်ရော၊ကဗျာရော အရမ်းကိုလိုက်ဖတ်ညီပြီ ကောင်းလွန်းတဲ့ကဗျာလေးတစ်ပုဒ်ပါပဲရှင်။