သူတို့အတွေးအခေါ် မှတ်စုများ (၃)

အားနည်းချက်

အားနည်းချက်ကို ညွှန်းသော အကြောင်းနှစ်ရပ်ရှိသည်။ ပြောဆိုသင့်သည့်
အချိန်အခါ၌ ဆိတ်ဆိတ်နေခြင်းနှင့် ဆိတ်ဆိတ်နေသင့်သည့် အချိန်အခါတွင်
ပြောဆိုခြင်းပင် ဖြစ်သည်။
ပါးရှားလူမျိုးတို့၏ စကားပုံ

မိန်းမတွေရဲ့ ပြောစကားတွေ

မိန်းမတွေ ပြောတဲ့စကားဟာ ကြွေထည်ပစ္စည်းတွေ ထုပ်ပိုးတဲ့ အခါ
ညှပ်သိပ်ပေးတဲ့ ကောက်ရိုးခြောက်နဲ့ တူတယ်။ အဲဒီကောက်ရိုးခြောက်ဟာ
ဘာမျှတန်ဘိုး မရှိပါ။ ဒါပေမယ့် မဟုတ်သေးဘူး။ အဲဒါမှ မရှိရင် အားလုံးကွဲကုန်ကြလိမ့်မယ်။
ရေးသူ မသိ

စိတ်မဆိုးပါနဲ့

သူတစ်ပါးကို သင်က ဖြစ်စေချင်တိုင်း ဖြစ်အောင် လုပ်မပေးနိုင်တာကို
စိတ်မဆိုးပါနဲ့ ။ သင့်ကိုယ်သင်ပင် သင်ဖြစ်စေချင်တိုင်း လုပ်မှမပေးနိုင်ဘဲ။
ဂျာမန်ဘုန်းတော်ကြီး စာရေးဆရာ

နားနှစ်ဘက် လျှာတစ်ခု

ကျွန်ုပ်တို့မှာ နားနှစ်ဘက်နှင့်လျှာတစ်ခုသာ ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်
ပို၍ ကြားနာကာ လျှော့၍ ပြောဆိုရမည်ဖြစ်၏ ။
ရှေးဟောင်းဂရိဒဿနဆရာကြီး ဒိုင်အိုဂျီးနီးစ်

ယောက်ျားတွေကြားမှာ ရှားပါးသည်

ကိုယ်တိုင်လုပ်ချင်တာလုပ်ပြီး သူများတွေကို ကိုယ်လုပ်တဲ့ အတိုင်းကိုပဲ
သူတို့လုပ်ချင်တာလုပ်တယ်လို့ ထင်အောင် စည်းရုံးဆွဲဆောင်နိုင်တဲ့ သတ္တိဟာ
ယောက်ျားတွေကြားမှာ ရှားပါတယ်။ မိန်းမတွေကြားမှာတော့ ဒီသတ္တိဟာ
မျက်ခုံးမွှေးဆွဲသလိုပဲ ရိုးနေပါပြီ။
သောမတ်စ်-ဗေးလီ-အောလ်ဒရစ်ခ်ျ

7 comments:

su wai said...

ဒီတစ်ခါလဲ အတွေးအခေါ်လေးတွေ တင်ပေးထားတယ်ပေါ့…

စိတ်မဆိုးပါနဲ့

သူတစ်ပါးကို သင်က ဖြစ်စေချင်တိုင်း ဖြစ်အောင် လုပ်မပေးနိုင်တာကို
စိတ်မဆိုးပါနဲ့ ။ သင့်ကိုယ်သင်ပင် သင်ဖြစ်စေချင်တိုင်း လုပ်မှမပေးနိုင်ဘဲ။
ဂျာမန်ဘုန်းတော်ကြီး စာရေးဆရာ

နားနှစ်ဘက် လျှာတစ်ခု

ကျွန်ုပ်တို့မှာ နားနှစ်ဘက်နှင့်လျှာတစ်ခုသာ ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်
ပို၍ ကြားနာကာ လျှော့၍ ပြောဆိုရမည်ဖြစ်၏ ။
ရှေးဟောင်းဂရိဒဿနဆရာကြီး ဒိုင်အိုဂျီးနီးစ်

အဲဒီနှစ်ခုကို သဘောကျတယ်… ရေးသူ မသိတဲ့ တစ်ယောက် ပြောတဲ့အတိုင်းဆို မိန်းမတွေရဲ့ ပြောစကားက တန်ဖိုးတော့ မရှိဘူး… ဒါပေမယ့် လိုအပ်တယ်ဆိုတဲ့ သဘောပေါ့… လိုအပ်မှုတိုင်းမှာတော့ သူ့တန်ဖိုးနဲ့သူ ရှိကြတယ်လို့ ထင်တာပဲ… လိုအပ်တယ်ဆိုတာကိုက တန်ဖိုးတစ်ခုပဲလေ… တွေးမိတဲ့အတိုင်း ပြောပြတာပါ အရုပ်ကလေးရေ…

မြတ်သွယ် said...

စိတ်မဆိုးပါနဲ့
နားနှစ်ဘက် လျှာတစ်ခု
အဲဒီနှစ်ခုကိုသေချာမှတ်သွားပါတယ်
ဖတ်သွားပါတယ်နော်

tartar said...

"သူတစ်ပါးကို သင်က ဖြစ်စေချင်တိုင်း ဖြစ်အောင် လုပ်မပေးနိုင်တာကို
စိတ်မဆိုးပါနဲ့ ။ သင့်ကိုယ်သင်ပင် သင်ဖြစ်စေချင်တိုင်း လုပ်မှမပေးနိုင်ဘဲ။"
ဟုတ်တယ်နော်။ တာကိုယ်တိုင် တစ်ခါတစ်လေ လောဘတကြီး ကိုယ်နဲ့ထပ်တူ ဖြစ်စေချင်တာတွေ အများကြီးရှိဘူးတယ်။ ဒီသဘောတရားလေးတွေကို စုစည်းတင်ပြပေးတဲ့အတွက် ကျေးဇူးပါ။

Anonymous said...

အားလုံးကြိုက်တယ်ဗျာ ... အဲအထဲမှာ

ရှေးဟောင်းဂရိဒဿနဆရာကြီး ဒိုင်အိုဂျီးနီးစ် ရဲ့

ကျွန်ုပ်တို့မှာ နားနှစ်ဘက်နှင့်လျှာတစ်ခုသာ ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်
ပို၍ ကြားနာကာ လျှော့၍ ပြောဆိုရမည်ဖြစ်၏ ။

အဆိုကို ပိုလို့ ကြိုက်မိတယ်၊ အကြိုက်ဆုံးပေါ့။

ခင်မင်လေးစားစွာဖြင့်

အလင်းစေတမန် said...

သူတစ်ပါးကို သင်က ဖြစ်စေချင်တိုင်း ဖြစ်အောင် လုပ်မပေးနိုင်တာကိုစိတ်မဆိုးပါနဲ့ ။ သင့်ကိုယ်သင်ပင် သင်ဖြစ်စေချင်တိုင်း လုပ်မှမပေးနိုင်ဘဲ။ အစ်ကိုရေ ဒီစာလေး ကူးယူလိုက်ပြီဗျာ

Welcome said...

မှတ်သားစရာတွေချည်းပါပဲ၊ နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။
အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

Anonymous said...

အတွေးအခေါ်လေးတွေကို
ရှာတင်ပေးတဲအတွက် များစွာဗဟုသုတရပါပေတယ်
မှတ်သားစရာတွေချည်းပါပဲဗျာ

အားပေးလျက်