သူတို့အတွေးအခေါ် မှတ်စုများ (၄)

မဟုတ်တာတွေ

လူတွေ ခပ်များများမှာ ဖြစ်နေတာက သူတို့ရဲ့ မသိနားမလည်တာထက်
မဟုတ်တာတွေ အများကြီးကို သိတာက ခက်တာပဲ ။
အမေရိကန် ဟာသဆရာ ဂျော့ရှ်ဘစ်လင်း

ဘယ်သူ့အတွက် ခေါင်းလောင်းထိုးသလဲ

မည်သူပင်ဖြစ်စေ၊ လူသားတစ်ဦး သေဆုံးခြင်းသည် ကျွန်ုပ်အား ယုတ်လျော့စေသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် လူ့လောက၌ အကျုံးဝင်သောကြောင့်ပင်။
ထို့ကြောင့် ဈာပန ခေါင်းလောင်းသံကြားလျှင် မည်သူ့အတွက် ထိုးသော ခေါင်းလောင်းသံ
ဖြစ်သည်ကို သိရန် လွှတ်၍ မမေးမြန်းပါလင့်။ သင့်အတွက် ထိုးသော ခေါင်းလောင်းသံပင်
ဖြစ်သည်။
အင်္ဂလိပ် ကဗျာဆရာကြီး ဂျွန်းဒေါန်
( ဂျွန်ဒေါန်၏အဆိုသည် လေးနက်ပေသည်။ လူသားအားလုံးအဖို့ သေခြင်းတရားသည်
ကြီးမားသော အရေးကိစ္စဖြစ်သည်။ မိမိနှင့် သက်ဆိုင်သူ ကွယ်လွန်ခြင်းကို မဆိုထားဘိ၊
မည်သည့် လူသားတစ်ဦး ကွယ်လွန်ခြင်းပင်လျှင် မိမိနှင့် မသက်ဆိုင်ဟု မမှတ်ယူဘဲ
သတိ သံဝေဂရဖို့ လိုအပ်သည်။ ကရုဏာသက်ဖို့ လိုအပ်သည်။ သူကွယ်လွန်ခြင်းကြောင့်
မိမိမှာလည်း သေခြင်းတရားကိုမေ့၍ ကာမဂုဏ်၌ နစ်မွန်းနေသောအဖြစ်မှ တစ်စွန်းတစ်စ
လျော့ပါးသွားချေသည်။ မိမိသည်လည်း သေချေရဦးမည်ဟူသော အသိက လောဘ၊
ဒေါသ၊ မောဟ တို့ကို ယုတ်လျော့စေသည်။ ထို့ကြောင့် (ဘုရားရှိခိုးကျောင်းမှ ထွက်လာသော
ဈာပန ခေါင်းလောင်းသံကို ကြားရလျှင် သင့်ကို သတိပေးသော ခေါင်းလောင်းသံဟု
ယူမှတ်ပါဟု ဂျွန်ဒေါန်က ဆိုလိုဟန်ရှိသည်။)

သင်လိုချင်တာ

သင်လိုချင်တာကို မရဘူးဆိုလျှင် သင်တစ်ကယ်တမ်း မလိုချင်၍လည်း ဖြစ်နိုင်သည်။
ဈေးဆစ်ဖို့ ကြိုးစားခဲ့၍လည်း ဖြစ်နိုင်သည်။
ဗြိတိသျှ စာရေးဆရာကြီး ရုဒ်ယတ်ဒ်ကစ်ပလင်း

သင်ပေးပါ

လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် တစ်နေ့တည်းမှာ စားပစ်လိမ့်မယ်။
လူတစ်ယောက်ကို ငါးမျှားနည်း သင်ပေးရင် တစ်သက်လုံး စားရလိမ့်မယ်။
တရုတ်စကားပုံ

မ, သဘာဝ

ယောက်ျားတို့အဖို့ မ, သဘာဝသည် ခေတ်သစ် ပန်းချီနှင့် တူ၏။
သူတို့ ဘာကို ကြိုက်သည်၊ ဘာကို မကြိုက်သည် ဟူ၍ သိကြသည်။
သို့သော် နားလည်ဖို့ အလွန်ခက်သည်။ မိန်းမသည် ယောက်ျားအား
စိတ်လှုပ်ရှားစေသည်။ တိုးတက်မှုအတွက် အားမာန်တက်စေသည်။
နှစ်သိမ့်မှုကိုလည်း ပေးသည်။ မိန်းမသည် ယောက်ျား၏ ဘ၀အတွင်းသို့
အလှ၊ စည်းကမ်း၊ အဓိပ္ပါယ်၊ ရည်ရွယ်ချက်တို့ကို ယူလာသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဂုဏ်၊ မာနတို့ဖြင့် ယောက်ျားကို စိတ်အနှောက်အယှက်
ပေးသည်။ သူ့ ထူးဆန်းသော ကြောင်းကျိုးပြမှုဖြင့် နဝေတိမ်တောင်
ဖြစ်စေသည်။ ချက်ချင်း စိတ်ပြောင်းလဲမှုများ၊ အပြုအမူ ပြောင်းလဲမှုများဖြင့်
ဒေါသဖြစ်စေသည်။
ဆောင်းပါးရှင် ဂျွန်-ကော့ဒ်-လက်ဂမန်း

7 comments:

မြတ်သွယ် said...

အကုန်လုံးကိုဖတ်သွားပါတယ်
သင်လိုချင်တာ ဆိုတာတော့တော်တော်ကောင်းတယ်
ကျေးဇူးတင်ပါတယ်နော်
ဖတ်ခွင့်ရတဲ့အတွက်ပါ ... :D

ဟန်လင်းထွန်း said...

သင်ပေးပါ

လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် တစ်နေ့တည်းမှာ စားပစ်လိမ့်မယ်။
လူတစ်ယောက်ကို ငါးမျှားနည်း သင်ပေးရင် တစ်သက်လုံး စားရလိမ့်မယ်။
တရုတ်စကားပုံ


ဒီစာသားလေးကို ကြိုက်တယ်

su wai said...

ဘယ်သူ့အတွက် ခေါင်းလောင်းထိုးသလဲကို ဖတ်ပြီး သေခြင်းတရားကို ဆင်ခြင်တွေးတောမိပါတယ်။ လူတိုင်းအတွက် မနက်ဖြန်ဆိုတာ အဝေးကြီး၊ နောက်ဘ၀ဆိုတာကတော့ တကယ့်ကို နီးနီးကပ်ကပ်လေး ရှိနေတဲ့အရာတစ်ခုပါပဲ။

thinzar said...

သင်လိုချင်တာကို မရဘူးဆိုလျှင် သင်တစ်ကယ်တမ်း မလိုချင်၍လည်း ဖြစ်နိုင်သည်။
ဈေးဆစ်ဖို့ ကြိုးစားခဲ့၍လည်း ဖြစ်နိုင်သည်။

မှန်လိုက်တာနော်...။

Anonymous said...

အင်္ဂလိပ် ကဗျာဆရာကြီး ဂျွန်းဒေါန် ရဲ့ ခေါင်းလောင်းထိုးသံ အဆိုအမိန့်လေးကို သိပ်သဘောကျသွားတယ်။

အလင်းစေတမန် said...

ဒီ post ကို အမြဲသတိရဖြစ်မှာ သေချာတယ်အစ်ကို၊ ဒါမျိုးလေးတွေ ရေးပေးပါဦး၊

Anonymous said...

အဆိုအမိန့်အားလုံးဖတ်မှတ်သွားပါတယ်