လမင်းသခင်နှင့် အလွမ်း ..ငါ



အလွမ်းပျိုးတဲ့ လက်တစ်စုံနဲ့
အလွမ်းမျိုးကို ခူးဆွတ်နေရင်း
အိပ်မပျော်လို့ ဖိတ်ခေါ်ခဲ့တယ်
အမြင်ထဲက လတစ်စင်းကို ...

ငေးမောကြည့်စဉ် လှအချင်းမို့
မရိုးမရွ ငါ့စိတ်တွေက
ဟာတာတာနဲ့ နိုးကြားနေတယ်
အမြင်ထဲက လတစ်စင်းကြောင့် ...

သာယာအလင်း ဖြန့်ကျက်ရင်းက
ရွက်ကြွေတစ်စင်း သက်ဆင်းခြွေလို့
လေယူရာတိမ်း လွင့်ပါနေတယ်
အမြင်ထဲက လတစ်စင်းအောက် ...


ပင်ယံထက်က ကြွေဆင်းကျတဲ့
တစ်ခက်တစ်ပွင့် ငုံအဆင့်မို့
ရနံ့အဆင်း ပျံ့သင်းရင်းက
လွမ်းဝံ့ပါတဲ့ လအဆင်းနှင့် ...

အလွမ်းတွေကို ရေတွက်ရင်းနဲ့
လရောင်ဆမ်းတဲ့ လွမ်းလွင်ပြင်မှာ
မင်းအရိပ်ကို ရှာဖွေမိတယ်
အမြင်ထဲက လတစ်စင်းနှင့် ...

လမင်းအဖြာ ညတစ်ညမှာ
သေချာခြင်းနဲ့ လွမ်းရွက်တစ်ခု
ငါကိုယ်တိုင်ပဲ လွှင့်တင်နေပြီ
လရောင်နမ်းတဲ့ လွမ်းပင်လယ်မှာ ...


ဆေး၏သဘော ရောယှက်ရင်းက
စုတ်ချက်ဆွဲမှ ထင်ကျန်သလို
င့ါရင်ခွင်မှာ လွမ်းနေရအောင်
ခြယ်မှုန်းသလား မသိတော့ပါ
စိတ်ပြတင်းရဲ့ လအလင်းမှာ ...

နှုတ်မဆက်ပဲ ကွယ်ပျောက်တော့မယ့်
လမင်းငယ်ရေ ..
လွမ်းရလွန်းလို့ ထွက်ကျမိတဲ့
မျက်ရည်တစ်စက် ဆောင်ကျဉ်းသွားရင်း
ချစ်ရသူကို ပြောပေးလှည့်ပါ
လွမ်းနေရတဲ့ အကြောင်းတွေကို ...

မတွေ့ရတဲ့ အချိန်တွေမှာ
လွမ်းဆွတ်ခြင်းတွေ ငါ့မှာပြည့်လို့
ချစ်သူတစ်ယောက် အနားရောက်အောင်
တောင်းဆိုပြု၏ လမင်းသခင် ...

18 comments:

flowerworld said...

အလွမ်းပျိုးတဲ့ လက်တစ်စုံနဲ့
အလွမ်းမျိုးကို ခူးဆွတ်နေရင်း
အိပ်မပျော်လို့ ဖိတ်ခေါ်ခဲ့တယ်
အမြင်ထဲက လတစ်စင်းကို .............

မီးလေးလဲအလွမ်းတွေကိုဝယ်စားမိလို့..

အလွမ်းတွေကို ရေတွက်ရင်းနဲ့
လရောင်ဆမ်းတဲ့ လွမ်းလွင်ပြင်မှာ
မင်းအရိပ်ကို ရှာဖွေမိတယ်
အမြင်ထဲက လတစ်စင်းနှင့် ......

အဲ့လိုပဲမပိုင်ဆိုင်တဲ့လမင်းကိုရှာဖွေနေမိပြီးအကိုရေ..

kiim said...

နှုတ်မဆက်ပဲ ကွယ်ပျောက်တော့မယ့်
လမင်းငယ်ရေ ..
လွမ်းရလွန်းလို့ ထွက်ကျမိတဲ့
မျက်ရည်တစ်စက် ဆောင်ကျဉ်းသွားရင်း
ချစ်ရသူကို ပြောပေးလှည့်ပါ
လွမ်းနေရတဲ့ အကြောင်းတွေကို ...

မတွေ့ရတဲ့ အချိန်တွေမှာ
လွမ်းဆွတ်ခြင်းတွေ ငါ့မှာပြည့်လို့
ချစ်သူတစ်ယောက် အနားရောက်အောင်
တောင်းဆိုပြု၏ လမင်းသခင် ...

အဟမ်းအဟမ်း..ကောင်းတယ်.. :)
ပြောပေးပါ့မယ်...
ဘယ်သူ့ ကိုပြောရမလဲသာပြောပါ..ဟီးဟီး.. :P :P

WWKM said...

Hello!! brother idulize

Its really nice poem.
I cann't type mm font now.But i wanna write
comment . :D

ခေါင်ခေါင် said...

ချစ်သူ လမင်း အနီးဆုံးကို
အမြန်ဆုံး ရောက်ရှိလာပါစေ...

Unknown said...
This comment has been removed by the author.
sait phay yar said...

စောတီးနောင်ရေ.. ကွန့်တာ မှားကွန့်လို့ပါ
တော်သေးအချိန်မှီလေးနော်
နှုတ်မဆက်ပဲ ကွယ်ပျောက်တော့မယ့် လမင်းငယ်ရေ .. လွမ်းရလွန်းလို့ ထွက်ကျမိတဲ့ မျက်ရည်တစ်စက် ဆောင်ကျဉ်းသွားရင်း ချစ်ရသူကို ပြောပေးလှည့်ပါ လွမ်းနေရတဲ့ အကြောင်းတွေကို ...
အဲဒါလေးကြိုက်တယ်
ဓါတ်ခံချင်းတူလို့နဲ့တူပါတယ်
ကျေးဇူးပါနော် ပုံလေးအတွက် အမကြိုက်တဲ့ပုံလေးတင်ပေးလို့

ဝေလေး said...

ကဗျာလေးလှတယ်အစ်ကို

" အလွမ်းပျိုးတဲ့ လက်တစ်စုံနဲ့
အလွမ်းမျိုးကို ခူးဆွတ်နေရင်း "

ဒီစာသားလေးအကြိုက်ဆုံးပဲ....

Anonymous said...

မတွေ့ရတဲ့ အချိန်တွေမှာ
လွမ်းဆွတ်ခြင်းတွေ ငါ့မှာပြည့်လို့
ချစ်သူတစ်ယောက် အနားရောက်အောင်
တောင်းဆိုပြု၏ လမင်းသခင်

တကယ်ပဲတောင်းဆုပြုချင်တယ်ဗျာ

ချစ်သူနဲ့ တွေ့ ချင်လှပီဟီးကဗျာလေးက

တိုက်ဆိုင်တယ် ..အားပေးနေပါတယ်

sandar said...

Awww awww , pretty good , wonderful of thinking and l really love the way of your presentation , i can feel what you are feeling and it can hit my heart too, your poem is saying what i want to say ,
keep it up.

thihanyein said...

ကဗျာကောင်းတယ်ဗျာ**
လွမ်းရလွန်းလို့ ထွက်ကျမိတဲ့
မျက်ရည်တစ်စက် ဆောင်ကျဉ်းသွားရင်း
ချစ်ရသူကို ပြောပေးလှည့်ပါ
လွမ်းနေရတဲ့ အကြောင်းတွေကို ...****
အဲဒီစာသားလေးကနင့်တယ်ဗျာ **မိုက်တယ်**
အားပေးနေမယ်ခင်ဗျာ****
အဆင်ပြေပါစေခင်ဗျာ***

su wai said...

အရမ်းကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ.. ချစ်သူကို လွမ်းနေတဲ့အကြောင်း လမင်းကို တိုင်တည်ပြီုး စကားလုံးလှလှလေးတွေနဲ့ ဖွဲ့နွဲ့ပြထားနိုင်တယ်နော်…
လမင်းနဲ့ ပတ်သက်ပြီး အမှတ်ရနေတဲ့ ကဗျာအပိုင်းအစလေးတစ်ခု လက်ဆောင်ပေးခဲ့မယ်… ရေးတဲ့သူကိုတော့ မမှတ်မိတော့ဘူး…
ချစ်လျက်နဲ့ခွဲခွာ
ရင်ထဲကနာ
ညအခါ လသာလင်းမှ
မျက်နှာချင်း လမင်းမှာဆုံကြရင်
ပြောလိုက်ပါ ငွေလမင်းရယ်
လွမ်းလိုက်လေခြင်း…

Chaos said...

အလွမ်းတွေဝေနေတဲ့ ညတစ်ညမှာ လမင်းက တွန်းအားတစ်ခုပေါ့။
လွမ်းလွန်းလို့ မျက်ရည်တစ်စက်တောင် မြေခကုန်ပီပဲ အရုပ်လေးရ။
လွမ်းတယ်ဆိုတာလဲ မလွယ်တဲ့ ပြသနာပဲနော်။

tartar said...

လမင်းသခင်နှင့် အလွမ်း.ငါ ဆိုတဲ့ ကဗျာလာဖတ်တာပဲ...ဒါပေမယ့် ကဗျာနဲ့တသားတည်းခံစားပြီး လွမ်းချင်ချင်၊ ငိုချင်ချင် ဖြစ်သွားလို့မအီမလည်နဲ့ပြန်သွားတယ် အစ်ကိုရန်နောင်ရေ........

မြတ်သွယ် said...

အလွမ်းလှလှလေးကိုဖတ်သွားပါတယ်ရှင်
ကဗျာကောင်းလေးပဲ အပိုဒ်တိုင်းကကောင်းတယ်
လမင်းအဖြာ ညတစ်ညမှာ
သေချာခြင်းနဲ့ လွမ်းရွက်တစ်ခု
ငါကိုယ်တိုင်ပဲ လွှင့်တင်နေပြီ
လရောင်နမ်းတဲ့ လွမ်းပင်လယ်မှာ ... အကြိုက်ဆုံးပဲ
ဆေး၏သဘော ရောယှက်ရင်းက
စုတ်ချက်ဆွဲမှ ထင်ကျန်သလို
င့ါရင်ခွင်မှာ လွမ်းနေရအောင်
ခြယ်မှုန်းသလား မသိတော့ပါ
စိတ်ပြတင်းရဲ့ လအလင်းမှာ ... ဒါလေးကတော့မိုက်တယ်
လမင်းသခင်ကိုပြုတဲ့တောင်းဆိုမှုပြည့်ရင် ပုလဲကိုလက်တို့နော် ပုလဲလည်းတောင်းမလို့ :P :D
အားပေးလျက်ပါ

မီးတောက် said...

ကဗျာကောင်းလေး တစ်ပုဒ်ဖြစ်လို့ အငမ်းမရဖတ်ရှုသွား
ပါတယ်........
နှစ်လည်း နှစ်သက်ပါတယ်........
ဆက်လက်ရေးသားနိုင်ပါစေ

သက်တန့် said...

ဒီကဗျာလေး ဖတ်လိုက်တာ တော်တော်တောင် လွမ်းသွားပြီ... :(

ငှက်ငယ်လေး said...

ကဗျာလေး ခံစားသွားတယ်

Mhu Darye said...

အလွမ်းပျိုးတဲ့ လက်တစ်စုံနဲ့
အလွမ်းမျိုးကို ခူးဆွတ်နေရင်း
အိပ်မပျော်လို့ ဖိတ်ခေါ်ခဲ့တယ်
အမြင်ထဲက လတစ်စင်းကို ..........။

;)

အလွမ်းတွေကို ရေတွက်ရင်းနဲ့
လရောင်ဆမ်းတဲ့ လွမ်းလွင်ပြင်မှာ
မင်းအရိပ်ကို ရှာဖွေမိတယ်
အမြင်ထဲက လတစ်စင်းနှင့် ......။