လွမ်းခရီးသည်

ဒီကဗျာလေးက ပို့စ်အဟောင်းလေးပါ..
ကြိုက်လွန်းလို့ ပြန်တင်လိုက်တာပါ
သူငယ်ချင်းများအားလုံး မျှဝေခံစားနိုင်ပါစေ


မတွေ့ရတာ ကာလကြာပြီ
ဘယ်မှာသူရှိ မသိနိုင်ဘူး

ငေးငိုင်ငူငေး အဆွေအဖေါ်
အပျော်ဆိုတာ ဘာခေါ်တာလဲ

ရင်ထဲမသိ အဘိမာန်တွေ
လှန်ရှာဖွေလည်း လက်တွေညောင်းရုံ
မျက်စိမှုန်ရုံ စိတ်သာကုန်ရော

မတွေ့ရလျှင် မရွှင်ပြတဲ့
ရင်မှာဓလေ့ မပျော်မွေ့နိုင်

တ၀သောက တွက်ရေပြလျှင်
လက်တွေကညောင်း မျက်ရည်စက်ပေါင်း
ချောင်းလေးလိုစီး လွမ်းခရီးသည်

သူ မကယ်လျှင် အပူနယ်မှာ
နေ၀င်ချုပ်ငြိမ်း တစ်ဇတ်သိမ်းမည်

မတွေ့ရလျှင် သူလေလိုပဲ
စိမ်းပြီးနေမယ် စိတ်ထဲရွယ်လည်း
ရွယ်ရုံသာရှိ ပြန်ကြည့်သူ့စာ
လွမ်းလိုက်တာတွေ ဝေးလေဝေးလေ
ပိုချစ်နေမယ်...။

11 comments:

Anonymous said...

ကျတော်ကအလွမ်းဓါတ်ခံရှိတယ်ဗျ
ဒီလိုကဗျာတွေဖတ်ပြီး စိတ်မခိုင်ဘူး
ငိုချင်လာပြီ အီးးးးးးးးးးးးးးးးး

WWKM said...

မတွေ့ရလျှင် မရွှင်ပြတဲ့
ရင်မှာဓလေ့ မပျော်မွေ့နိုင်

တ၀သောက တွက်ရေပြလျှင်
လက်တွေကညောင်း မျက်ရည်စက်ပေါင်း
ချောင်းလေးလိုစီး လွမ်းခရီးသည်

သူ မကယ်လျှင် အပူနယ်မှာ
နေ၀င်ချုပ်ငြိမ်း တစ်ဇတ်သိမ်းမည်

မတွေ့ရလျှင် သူလေလိုပဲ
စိမ်းပြီးနေမယ် စိတ်ထဲရွယ်လည်း
ရွယ်ရုံသာရှိ ပြန်ကြည့်သူ့စာ
လွမ်းလိုက်တာတွေ ဝေးလေဝေးလေ
ပိုချစ်နေမယ်...။

မောင်လေးရေ.. ကဗျာလေးက ခံစားချက်
တွေ အပြည့်နဲ့ပါလား။
အရမ်းလွမ်းနေတယ်ပေါ့။ ငါ့မောင်လေးက
လည်းခံစားချက်တွေနဲ့ပဲ။း)
ကဗျာလေးကောင်းတယ် မောင်လေးရေ။

မမ၀ါ

ခေါင်ခေါင် said...

လွမ်းနေပါတယ် ဆိုမှ...
ပိုလွမ်းသွားပြီ ဗျာ

laminkhin said...

လွမ်းလိုက်တာလေ
ဘာဖြစ်နေလည်း
တကတည်းမှ ----
-----------------
---------------- လူကြီပီပီ ရပ်လိုက်ပြီနော် ကဗျာတွေအလွတ်ကိုကျက်ထားတာ

Anonymous said...

အလွမ်းကဗျာ
ဖတ်မိကာ ခံစား
မှန်းကြည့်ကာ ပြန်ထားလေတော့
ရှေးရှေးထက်များတဲ့
အလွမ်းတွေ
မှုန်မိုင်းကာ ဝေနေခဲ့ ...။

thinzar said...

နောက်ဆုံးအပိုဒ်က ထိတယ် အကိုရေ...

su wai said...

ကဗျာဖတ်ပြီး ဘာကိုမှန်းမသိ လွမ်းသွားတယ်… အလွမ်းကဗျာလေးက ကောင်းလွန်းလို့…။
ပို့စ်အဟောင်းထဲက ကြိုက်တာလေးတွေ အခုလိုမျိုး ပြန်တင်ပေးတော့ သေချာပြန်ဖတ်ဖြစ်တာပေါ့နော်… ။

စိုင်းစိုင်းလားရှိုး said...

အောင်မလေး ဖတ်လိုက်ရတာ ရင်ထဲကို နင့်သွားတာပဲ တော်တယ်ဗျာ ကောင်းတယ်ဗျာ

မြတ်သွယ် said...

မတွေ့ရလျှင် သူလေလိုပဲ
စိမ်းပြီးနေမယ် စိတ်ထဲရွယ်လည်း
ရွယ်ရုံသာရှိ ပြန်ကြည့်သူ့စာ
လွမ်းလိုက်တာတွေ ဝေးလေဝေးလေ
ပိုချစ်နေမယ်...
တော်တော်လေးထိတယ် ကိုအရုပ်ကလေး
ကြိုက်သွားပြီ ဟီးးးဟီးး
ကောင်းလိုက်ကဗျာလေး
စိတ်ထဲရွယ်လည်း ရွယ်ရုံသာရှိ အကြိုက်ဆုံးပဲ
အားပေးတယ်နော်
အောင်မြင်လို့ဆက်လက်ရေးသားနိုင်ပါစေ

ဝေလေး said...

လွမ်းဆွတ်တမ်းတသတိရ... ဟဟ
ကောင်းတယ်အစ်ကိုရဲ့ ကဗျာလေးက
စိတ်မခိုင်ပါဘူးဆိုမှ... အလွမ်းကဗျာနဲ့.. ဟင့်.. :P :P

Anonymous said...

လွမ်းတတ်သူအတွက် ခံစားရပါတယ်ဗျာ
ကဗျာလေးဖတ်ပြီးပြောတာနော