ချစ်သူ့ ပုံရိပ်

ချစ်သူ ...
အိပ်မရတဲ့ နိုးတ၀က်ညမှာ
အမြင်အာရုံတွေထဲ ,
သန်းခေါင်ယံကျော် ပြိုးပြက်နေတဲ့
မိုးထက်က ကြယ်စင်တွေလို
မှိတ်တုတ်မှိတ်တုတ် လင်းလက်နေလို့
ငါ့စိတ်တွေလည်း တိတ်တဆိတ်နဲ့
တွေ့ချင်ဇောကို မျိုသိပ်ပြီး
ကြိတ်မှိတ်လို့ သတိရနေတဲ့
ချစ်သူ့ ပုံရိပ်တွေဆီ ..

ချစ်သူ ...
ပြဇာတ်ထဲက အလွမ်းခန်းလို
တရစ်ရစ်နဲ့ ,
တိုးလာခဲ့တဲ့ အလွမ်းရှိန်ကို
တလွင့်လွင့်နဲ့ ပျောက်ပျက်မသွားဖို့ ..
သိုသိပ်မိတဲ့ ငါ့အသိစိတ်မှာ
ဒိတ်အောက်နေတဲ့ အလွမ်းတွေက
တရစ်ပြီးတရစ် ထပ်နေတဲ့အထဲ
ကပ်ပါနေတဲ့ ချစ်သူ့ပုံရိပ်တွေ ..

ချစ်သူ ...
အနာဂတ်ကို စိတ်ချ
ဘ၀အမောကို ခ၀ါချလို့
ကြောက်စိတ်တွေ ပယ်ဖျက်ထားရင်း
အိပ်ပျော်နေဆဲ အသိမှာတောင်
မင်းပုံရိပ်တွေ နိုးကြားနေတာ
ငါ့ဝိဥာဉ်လည်း ခုန်ပေါက်မြူးနေတယ်
ချစ်သူ့ပုံရိပ်တွေနဲ့ အတူ ..

ချစ်သူ ...
အခန်းပြတင်းက ထွက်ကျလာတဲ့
မှုန်ပြပြ လမင်းအလင်းကြောင့်
တိုးထွက်နေတဲ့ ငါ့အရိပ်တောင်
ကြည့်နေရင်းနဲ့ ပြောင်းလဲသွားတယ်
ချစ်သူ့ပုံရိပ် ဖြစ်တည်ခြင်းနဲ့ ..

ချစ်သူ ...
တစ်ခါတစ်ရံ
မိုးနံ့သင်းပြီး ရွာသွန်းဖြိုးတဲ့
မိုးစက်တွေအောက်
အေးမြခြင်းနဲ့ မိုးရေတစက်
အသားလွှာပေါ် ကျရောက်သည့်တိုင်
ထိုမိုးရေစက် တစက်မှတည်
ချစ်သူ့ ပုံရိပ်တွေဆီ ..

12 comments:

su wai said...

ကဗျာလေး လာဖတ်သွားပါတယ်။

ချစ်သူ့ပုံရိပ်
တမ်းတစိတ်နဲ့
လွမ်းရတဲ့ညတွေ
လွန်မြောက်ပါစေ…။

ခေါင်ခေါင် said...

ချစ်သူပုံရိပ်လေးကို မျက်လုံးထဲ မှာ မြင်ယောင်မိပါတယ်..
ကဗျာကောင်းလေးပါပဲ

WWKM said...

ချစ်သူ ...
အနာဂတ်ကို စိတ်ချ
ဘ၀အမောကို ခ၀ါချလို့
ကြောက်စိတ်တွေ ပယ်ဖျက်ထားရင်း
အိပ်ပျော်နေဆဲ အသိမှာတောင်
မင်းပုံရိပ်တွေ နိုးကြားနေတာ
ငါ့ဝိဥာဉ်လည်း ခုန်ပေါက်မြူးနေတယ်
ချစ်သူ့ပုံရိပ်တွေနဲ့ အတူ ..

ကဗျာလေးကောင်းတယ် မောင်လေး ရေ...
ဒီအပိုဒ်လေး အကြိုက်ဆုံးပဲ.. ဒါပေမယ့် အားလုံးကောင်းပါတယ်။

sait phay yar said...

မိုးနံ့သင်းပြီး ရွာသွန်းဖြိုးတဲ့
မိုးစက်တွေအောက်
အေးမြခြင်းနဲ့ မိုးရေတစက်
အသားလွှာပေါ် ကျရောက်သည့်တိုင်
ထိုမိုးရေစက် တစက်မှတည်
ချစ်သူ့ ပုံရိပ်တွေဆီ ..

အဲဒါအချစ်စစ်ပေါ့နော်
ပျော်ရွင်ပါစေနော်

Anonymous said...

ကဗျာလေး ကောင်းတယ်ဗျ

ဘယ်လို များ ခံစားရေးစပ်ပါလဲ

ကဗျာတွေကတော့ တော်တော်အရေးကောင်းပါပေတယ်

ချစ်သူ
မှုန်ပြပြ လမင်းအလင်းကြောင့်
တိုးထွက်နေတဲ့ ငါ့အရိပ်တောင်
ကြည့်နေရင်းနဲ့ ပြောင်းလဲသွားတယ်
ချစ်သူ့ပုံရိပ် ဖြစ်တည်ခြင်းနဲ့  ဒါလေးကတော့မိုက်တယ်
ကိုယ်အရိပ်ကိုတောင် ချစ်သူပုရိပ်အဖြစ်ပြောင်းလဲ
စေချင်တဲ ချစ်ခြင်းတွေဗျာ
မိုက်တယ်..တကယ်

thinzar said...

စာသားတွေ လှတယ် ...။
ဒီကဗျာလေးကို ဖတ်လိုက်ရတာ စိတ်ထဲမှာ တစ်မျိုးလေးခံစားရတယ်။

ကောင်းတယ်အကိုရေ...။
ဒါမျိုးလေးတွေဆက်ရေး.....။

flowerworld said...

ချစ်သူ့ပုံရိပ်ပေါ့လေ....မီးလေးကတော့ ချစ်သူ..အီးရှူ...
အဟဲ........ကဗျာလေးကောင်းပါတယ်ရှင်
(ဒိတ်အောက်နေတဲ့ အလွမ်းတွေက)တဲ့....
သတိထားနော်....ဒိတ်အောက်ရင်လွှတ်ပြစ်လိုက်...
ဆက်မသုံးနဲ့တော့..........ဟီးးးးးးးး

Anonymous said...

တပုဒ်လုံးကိုကြိုက်တယ်ဗျာ

ချစ်သူဆိုတာလေးကိုဖတ်ပြီး မမြင်ရသေးတဲ့ချစ်သူကို အကြောင်းပြချက်မရှိပဲ လွမ်းသွားတယ်ဗျာ..........

kiim said...

မိုးထက်က ကြယ်စင်တွေလို
မှိတ်တုတ်မှိတ်တုတ် လင်းလက်နေလို့
ငါ့စိတ်တွေလည်း တိတ်တဆိတ်နဲ့
တွေ့ချင်ဇောကို မျိုသိပ်ပြီး
ကြိတ်မှိတ်လို့ သတိရနေတဲ့
ချစ်သူ့ ပုံရိပ်တွေဆီ ..
အဲဒါလေးကိုသဘောကျတယ်..ဟီး..
ကဗျာလေးကကောင်းတယ်.. :)

tartar said...
This comment has been removed by the author.
s said...

အစ်ကို အရုပ်ကလေး ဒီကဗျာလေးက အရမ်းကောင်းတယ်ရှင်။

မြတ်သွယ် said...

တွေ့ချင်ဇောကို မျိုသိပ်ပြီး - ခံရခက်မှာပေါ့
ဒိတ်အောက်နေတဲ့ အလွမ်းတွေက - ဒီအရေးအသားလေးကတော့ တော်တော်လေးမိုက်တယ် ကြိုက်လည်းကြိုက်တယ်
အိပ်ပျော်နေဆဲ အသိမှာတောင်
မင်းပုံရိပ်တွေ နိုးကြားနေတာ
ငါ့ဝိဥာဉ်လည်း ခုန်ပေါက်မြူးနေတယ်
ချစ်သူ့ပုံရိပ်တွေနဲ့ အတူ - လှတယ် ယဉ်တယ်
ကဗျာအပိုဒ်၎ကတော့ စာသားတိုင်းကြိုက်တယ်
၅ကတော့ပြောစရာမရှိ
တကယ်ကောင်းတယ် ကိုအရုပ်ကလေး
အားပေးသွားပါတယ်နော်