ချစ်သောသူ တစ်ယောက်

ငါ့နှလုံးသားရဲ့ ဗဟိုစည်းကြောင်းမှာ
အနားသတ်မညီတဲ့ ချစ်ခြင်းတွေကို
စွန်းထွက်မနေ ၀န်းလျက်နေအောင်
ထပ်တူပြု ရေးဆွဲခဲ့တဲ့
မင်းနှလုံးသား ဆွဲချက်တွေကို
တန်ဘိုးထား မြတ်နိုးနေမယ့်
ချစ်သောသူ တစ်ယောက်ကိုလေ ...

သံသရာ ဘ၀တာမှာ
ပွဲတော်အလည် နွဲပျော်လည်း
ဆွဲခေါ်ကာ တွဲပျော်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ...

ဘ၀ကို တန်ဆာဆင်
အားမာန်ကို ပီတိအဟုန်လုပ်လို့
နှုတ်မရတဲ့ ဇွဲသတ္တိတွေနဲ့
ဘ၀တစ်သက်စာ ထာဝရအမြဲကို
ကိန်းအောင်းကာ စောင့်ရှောက်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ...

သစ္စာတရားတွေ ဆုပ်ကိုင်ထားရင်း
မာန်တိုင်ထူ ချစ်ခြင်းတွေနဲ့
တည်မြဲစွာ စိုက်ထူထားမယ့်
ငါ့အသိရဲ့ မှတ်ဥာဏ်အလွှာမှာ
ချစ်သောသူ တစ်ယောက်ကိုလေ ...

“ဘုရားဟောတော့ ငါလည်းအရူး
အမှားတော့ ပူးမှာပေါ့”...
ဆိုရိုးရှိခဲ့ ကမ္ဘာတစ်ခွင်မှာ
လုပ်ရပ်အမှား ရှိသည်ခါလည်း
အမှားမကင်း လူဖြစ်ခြင်းမို့
ဖေးမစာနာ နားလည်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ...

ကိုယ်ချစ်မရှာ သူချစ်ရှာလို့
ပြောနေကျတဲ့ စကားတွေကို
ပယ်ဖျက်ကာ သိစေလို့ရယ် ..
သူချစ်သလို ကိုယ်ချစ်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ...

14 comments:

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေး အရမ်းကောင်းတယ်..
ဒီအပိုဒ်လေး အရမ်းကြိုက်..

“ဘုရားဟောတော့ ငါလည်းအရူး
အမှားတော့ ပူးမှာပေါ့”...
ဆိုရိုးရှိခဲ့ ကမ္ဘာတစ်ခွင်မှာ
လုပ်ရပ်အမှား ရှိသည်ခါလည်း
အမှားမကင်း လူဖြစ်ခြင်းမို့
ဖေးမစာနာ နားလည်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ...

လူဆိုတာ အမှားမကင်းဘူး.. ဟုတ်တယ်.. ချစ်သူကတော့ ပျော်နေမှာနော် ဖေးမစာနာမယ်ဆိုလို့.. :P

ပျော်ရွှင်ပါစေ..

megumi said...

ချစ်တတ်လှပါလား ။ ကောင်မလေး ကံကောင်းတာပေါ့နော်။ အမြဲတမ်း ချစ်နိုင်ပါစေရှင်။ :P :P

su wai said...

သစ္စာတရားတွေ ဆုပ်ကိုင်ထားရင်း
မာန်တိုင်ထူ ချစ်ခြင်းတွေ
ဖေးမစာနာ နားလည်မှုတွေနဲ့
အပြန်အလှန်ချစ်တဲ့ ချစ်သူနှစ်ဦး
ထာဝရအမြဲ လက်တွဲသွားနိုင်ပါစေ။

ဒီကဗျာလေးကို ဖတ်ပြီးရင် ချစ်သောသူတစ်ယောက်
အရမ်းပျော်နေမယ် ထင်တယ်နော် :)

flowerworld said...

ကိုယ်ချစ်မရှာ သူချစ်ရှာလို့
ပြောနေကျတဲ့ စကားတွေကို
ပယ်ဖျက်ကာ သိစေလို့ရယ် ..
သူချစ်သလို ကိုယ်ချစ်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ... အဲ့ဒီစာပိုဒ်လေးသဘောကျတယ် ပြောရမယ်ဆိုရင်အကိုရေးတဲ့ကဗျာတွေအားလုံးကို ကြိုက်ပါတယ် ..ဟဲ..... ချစ်သောသူတစ်ယောက်ကိုလေတဲ့.. ဘယ်သူလဲမသိဘူးနော်....ဟီး

Unknown said...

ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျပြီး ချစ်တဲ့သူနဲ့အဆင်ပြေပါစေ။

စိုင်းစိုင်းလားရှိုး said...

သစ္စာ မေတ္တာ ဂရုဏာ တွေ များလှချည်လား
ကောင်းတယ်ဗျာ ကဗျာလေးတွေက

phoe thu taw said...

ချစ်သောသူတစ်ယောက် ကောင်းပါတယ် ကိုအောင်လေး အဲ့လိုချစ်တက်တဲ့ နှလုံးသားကို ချီးကျုးပါတယ်ဗျာ

ဝေလေး said...

ကောင်းတယ်အစ်ကိုရေ........
ချစ်သောသူတစ်ယောက်တော့ပျော်နေမှာနော်......

အဆင်ပြေကြပါစေနော်
:)

သက်တန့် said...

အကိုက တော်တော်ချစ်တတ်တာပဲ... :P
အကိုရဲ့ ချစ်သောသူလေး ကံကောင်းပါတယ်...
အကိုနဲ့ အကို့ချစ်သောသူ တစ်ယောက်တို့ ပျော်ရွှင်ချမ်းမြေ့ပါစေလို့... :)

tartar said...

ဘာပြောရမှန်းကိုသိဘူး.......ကို့အစ်ကိုကသိပ်ချစ်တတ်နေတော့..ကာယကံရှင်မလေးကတော့ ကံကောင်းတာပေါ့နော့် :)

Amon said...

အကိုပြောတော့ နှစ်ယောက်တောင်ရှိတယ်ဆို
ဒန်တန့်တန်

kiim said...

ကဗျာရဲ့ နောက်တွေမှာချစ်သောသူတယောက်ကိုလေ
လို့ ထည့်ထည့်ရေးတာလေးကိုသဘောကျတယ်..
ကဗျာလေးကတကယ်ကောင်းပါတယ်...
အရမ်းချစ်တတ်တဲ့ အကို.အရမ်းချစ်တတ်တဲ့ ကောင်မလေးနဲ့ ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းလိုက်
တယ်နော်... :D :)

sait phay yar said...

ကဗျာလေးကိုခံစားသွားပါတယ်..အရမ်းကောင်းတယ်နော်
မေရဲ့အိမ်ကကိုလည်း..လမ်းကြုံရင်..ဘုတ်ဆုံေ၇လို့အော်ပြီးလာခဲ့နော်

Chaos said...

ချစ်တတ်တယ်နော်
စာသားလေးထဲကအတိုင်း ချစ်သောသူကို ချစ်နိုင်ပါစေ အချစ်များစွာနဲ့လေ.....