သူတို့အတွေးအခေါ် မှတ်စုများ (၁)

(၁) လွတ်လပ်မှုနှစ်မျိုး

လွတ်လပ်မှုနှစ်မျိုး ရှိသည်။ မှားသော လွတ်လပ်မှုမှာမူ
လူတစ်ယောက်သည် သူလုပ်ချင်ရာ လုပ်ဖို့ လွတ်လပ်သည်။
မှန်သော လွတ်လပ်မှုမှာမူ လူတစ်ယောက်သည် သူလုပ်သင့်ရာကို
လုပ်ဖို့ လွတ်လပ်သည်။
ဗြိတိသျှ ၀တ္ထုရေးဆရာကြီး ချားလ်စ်-ကင်းစလီ

(၂) ယောက်ျားများ ၊ မိန်းမများနှင့် အချစ်

ယောက်ျားတို့သည် မိန်းမတစ်ဦး၏ အချစ်ဦး ဖြစ်လိုကျသည်။
ယင်းသည် သူတို့၏ မသပ်ရပ်သော မာနပင် ဖြစ်သည်။
မိန်းမတို၌မူ အရာရာ၌ ပိုမိုသိမ်မွေ့သော ပင်ရင်းစိတ်ရှိ၏ ။
သူတို့သည် ယောက်ျားတစ်ယောက်၏ နောက်ဆုံးအချစ် ဖြစ်ချင်ကြသည်။
အော်စကာဝိုင်းလ်ဒ်ရေးသော“အရေးမပါ အရာမရောက်
သော မိန်းမတစ်ဦး” ပြဇာတ်မှ

(၃) အကောင်းမြင်နှင့် အဆိုးမြင်

အကောင်းမြင်သမားရော ၊ အဆိုးမြင်သမားတို့ပါ လူ့အဖွဲ့အစည်းကို
အကျိုးပြုကြ၏ ။ အကောင်းမြင်သမားက လေယာဉ်ကို တီထွင်သည်။
အဆိုးမြင်သမားက လေထီးကို တီထွင်သည်။
ဂစ်လ်-စာတန်း
(ဂစ်စာတန်းသည် မျက်မှောက်ခေတ် စာရေးဆရာ တစ်ဦးဖြစ်သည်။
အကောင်းမြင်သမားအဖြစ် လေယာဉ်ကို တီထွင်ပြီးလျှင် လူတို့၏
သွားလာရေး၊ သယ်ယူပို့ဆောင်ရေးကို ဖြစ်ထွန်းစေသည်ဆိုလျှင်
အပျက်မြင်သမားကလည်း မတောတဆ လေယာဉ်ပျက်ကျသော်
မသေကြေ မပျက်စီးနိုင်ရန် ကြိုတင် ပူပန်သည့်အလျောက် လေထီးကို
တီထွင်ပေးလိုက်သည်။ ဆိုလိုသည်မှာ အဖြစ်ကိုချည်း စဉ်းစား၍
လုပ်ဆောင်နေရုံဖြင့် မပြီးသေး။ အပျက်ကိုလည်း ထည့်သွင်းစဉ်းစား၍
လိုအပ်သော ကြိုတင်ကာကွယ်မှုတို့ကို ပြုနိုင်ရန် စီစဉ်ထားရမည်ဟူ၏)

(၄) ရောင့်ရဲခြင်း

ကျွန်ုပ်တို့မှာ ရှိသမျှနှင့် ရောင့်ရဲခြင်းသည် မှန်ကန်၏ ။
ဖြစ်သမျှဖြင့် ရောင့်ရဲခြင်းသည် ဘယ်သောအခါမျှ မမှန်ကန်ချေ ။
အင်္ဂလိပ်ပညာရှိ ဆာ၊ ဂျိမ်းစ်မက္ကင်းတော့

(၅) မိန်းမတွေ

ကျုပ်ခြေတစ်ဖက် သင်္ချိုင်းထဲ ရောက်တဲ့အခါ မိန်းမတွေအကြောင်းကို
ကျုပ်ပြောပြမယ်။ ပြောပြီး ကျုပ်ရဲ့ခေါင်းထဲကို ခုန်ချလိုက်ပြီး အဖုံးကို
ဆွဲဖုံးလိုက်မယ်။ ပြီးတော့ ကျုပ်က ဆိုမယ်။“ကဲ.... မင်းတို့ ငါ့ကို
ကြိုက်သလို လုပ်ပေတော့လို့”
ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း

(၆) အရွယ်တင် တကယ်အို

လူတွေက အရွယ်တင်တယ် ပြောတဲ့အခါမှာ အိုပြီလို့ ပြောကြတာပါပဲ။
ရုပ်ရှင်မင်းသားကြီး ကေရီဂရန့်

12 comments:

sait phay yar said...

မှန်တာတွေဘာလို့ရေးတာလည်း
အော်ခက်ပြီ

su wai said...

ဒီတခါ ကဗျာမဟုတ်ဘဲ မှတ်သားစရာလေးတွေ ဝေမျှပေးထားတယ်ပေါ့ … အတွေးအခေါ်ပါတဲ့ စာစုလေးတွေက တိုတိုနဲ့ ထိရောက်ပါတယ် … မိန်းမနဲ့ ယောက်ျား အချစ်နဲ့ ပတ်သက်ရင် ခံယူထားတာ မတူဘူးနော် … ယောက်ျားတွေက ပထမဆုံးဆိုတာကို မက်မောကြတယ် … မိန်းမတွေက နံပါတ်ဘယ်လောက်ပဲ ဖြစ်ဖြစ် အချစ်ဆုံးဆိုတာကိုပဲ လိုချင်ကြတာ သဘာဝပဲ ထင်ပါတယ် … `မိန်းမတွေ´ ဆိုတာကိုတော့ သိပ်နားမလည်ဘူး … အမှန်အတိုင်း ပြောတာနော်…

ကိုရင်နော်ခင်လေးငယ် said...

မှတ်သားစရာလေးတွေ.. မှတ်သားသွားပါတယ်.. :)

kiim said...

ဟုတ်ပေ၏၊မှန်ပေ၏၊
မငြင်းလိုပ်...ဟီးဟီး.. :D :)

megumi said...

တော်တော်ကို ကောင်းတဲ့အတွေးအခေါ်တွေပဲ။

"လွတ်လပ်မှုနှစ်မျိုး ၊ယောက်ျားများ ၊ မိန်းမများနှင့် အချစ်၊ရောင့်ရဲခြင်း "အဲဒီ သုံးခုကြိုက်တယ်သိလား။

မျှဝေပေးလို့ ကျေးဇူးပါပဲနော်။
နောက်လည်း မျှဝေပါအုန်းနော်။

thinzar said...

လွတ်လပ်မှုနှစ်မျိုး နဲ့ရောင့်ရဲခြင်း တွေကို ရေးထားတာလေးကြိုက်တယ်
လူတွေ သတိလပ်လွတ် မှားတတ်တဲ့
အယူအဆလေးကို သတိပေးဖော်ပြထားတယ်။

မျက်လုံး said...

အိုပြီလို့ ပြောကြတဲ့သူတွေ တွေ့ရင်တော့ သူငယ်ချင်းကောင်းတွေ တွေ့တော့တာပဲ။

မြန်မာစာရေးဆရာကြီး **

:D

အားပေးတယ်။ ဆက်ရေးပါဦး။

Anonymous said...

အင်မတန်မှန်ကန်တဲ့အတွေးအခေါ်တွေကို
ရေးထားတယ်..ကောင်မလေးတွေကလဲ
ဟုတ်တာပဲ..ကောင်လေးတွေကလဲဟုတ်တာပဲ
အားလုံးဟုတ်နေတယ်
ဘာလို့ အမှန်တွေအကုန်ရေးထားတာလဲ

ခင်မင်လျက်
လမင်း

ငှက်ငယ်လေး said...

ဒါမျိုးလေးတွေဖတ်ချင်နေတာကြာပီ ကျေးဇူးပါပဲ အကို ကြီးရေ...။

WWKM said...

မှန်တာလေးတွေ ရေးထားတာပဲ.
ဖတ်ခွင့်ရတာကျေးဇူးပါ မောင်လေး။
လူတွေက အရွယ်တင်တယ် ပြောတဲ့အခါမှာ အိုပြီလို့ ပြောကြတာပါပဲ။

ဟုတ်ပါရဲ့နော်..း)

နှင်းဆီနက် said...

အချစ်

ယောက်ျား၏ အချစ်သည် သူ့ဘ၀နှင့် မသက်ဆိုင်သော သီးခြားအရာဖြစ်သည်။
မိန်းမအချစ်သည်ကား သူ့ဘ၀ တစ်ခုလုံးပင် ဖြစ်၏ ။
အင်္ဂလိပ် ကဗျာဆရာကြီး ဘိုင်ရွန်

မိန်းမ

ကောင်းသောမိန်းမသည် ယောက်ျားတစ်ယောက်ကို ဥာဏ်ကွန့်မြူးစေသည်။
ထက်မြက်သော မိန်းမသည် ထိုယောက်ျားကို စိတ်ဝင်စားစေသည်။
လှပသော မိန်းမသည် ထိုယောက်ျားကို မက်မောစေသည်။ စာနာစိတ်
ထားရှိသော မိန်းမကမူ ထိုယောက်ျားကို ရလေသည်။
ဟဲလင်းရောင်းလန်းဒ်

(၂) ယောက်ျားများ ၊ မိန်းမများနှင့် အချစ်

ယောက်ျားတို့သည် မိန်းမတစ်ဦး၏ အချစ်ဦး ဖြစ်လိုကျသည်။
ယင်းသည် သူတို့၏ မသပ်ရပ်သော မာနပင် ဖြစ်သည်။
မိန်းမတို၌မူ အရာရာ၌ ပိုမိုသိမ်မွေ့သော ပင်ရင်းစိတ်ရှိ၏ ။
သူတို့သည် ယောက်ျားတစ်ယောက်၏ နောက်ဆုံးအချစ် ဖြစ်ချင်ကြသည်။

ယောကျာ်းလေးတွေရဲ့အတ္တကိုမြင်သာတယ်နော် ကြိုက်တယ် စာသားလေးတွေက အဲ့လိုလေးတွေရေးပါဦးနော်

အလင်းစေတမန် said...

ဗဟုသုတတွေ လာရောက်ဖတ်ရှုပါတယ်ဗျာ