ပြန်လည်ွှTag ခြင်း ၂

ပထမဆုံးကျောင်းတက်တဲ့နေ့ ... မသိတော့ဘူး.. ကလေးပဲရှိသေးတာကိုး ...
ပထမဆုံး ကျောင်းပြေးတဲ့နေ့ ... ချိန်းပွဲရှိတုန်းကပေါ့ (ငယ်သေးတော့ သွေးထတာလေ..)
ကြီးတော့လည်း မဆိုးတော့ပါဘူး ..ရန်ဖြစ်တာကလွဲလို့ပေါ့..ဟဟ
ပထမဆုံး ရေးတဲ့ကဗျာ ... ငယ်ငယ်ကတော့ အများကြီးပဲ မမှတ်မိတော့ဘူး
(ဦးနှောက်က မမှတ်နိုင်အောင် တွေးနေရလို့ဗျ ..) မထင်နဲ့နော်
သိပ်ကိုမတွေးတာ ..
blog မှာတော့ ' သိစေ ' ဆိုတဲ့ ကဗျာလေးကို ပထမဆုံးရေးခဲ့တာပါ ...
ပထမဆုံး ရင်ခုန်ဖူးခြင်း ... သရဲခြောက်တဲ့ နေရာကို စလေ့လာတဲ့နေ့ ပေါ့ ..ရင်ခုန်လိုက်တာ
ပြောမနေနဲ့ .. မတွေ့ရလို့လေ (သရဲဆိုတာကို)
ပထမဆုံး နေခဲ့တဲ့မြို့ ... ရန်ကုန်မှာမွေးဆိုတော့ ရန်ကုန်မှာပဲပေါ့ ..
ပထမဆုံး သူငယ်ချင်း ... ငယ်ငယ် ကလေးထဲက စိတ်နေသဘောထား အားလုံးနီးပါးတူတဲ့
ဒီထွန်းဆိုတဲ့ သူငယ်ချင်းပါ
ပထမဆုံး တီးဖူးတဲ့ဂစ်တာ ... အစ်ကို့ ဂစ်တာ .. အခုတော့ မေ့ကုန်ပြီ .. အစကတည်းကလည်း တီးမှ
မတီးတတ်တာ ..
ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် ... ပိတောက်ကြွင်း (စာရေးဆရာတော့ မမှတ်မိပါ )
ပထမဆုံး ရောက်ခဲ့တဲ့ နိုင်ငံခြား ... စုံနေတာပဲ လေ့လာရင်းပေါ့ (အိပ်မက်ထဲမှာ)
ပထမဆုံးရတဲ့ဆု ... ၂တန်းနှစ်ကစပြီးရတာ.. ဆုတွေကစုံနေတာပဲ
အဖက်ဖက်ကထူးချွန်လို့လေ (ကြွားတာ)
ပထမဆုံးသွားဖူးတဲ့ ခရီး ... ရွှေစက်တော် ဘုရားဖူး
ပထမဆုံး စီးဖူးတဲ့ကား ... ကားက စုံနေအောင်ကို စီးဖူးတာဆိုတော့ မမှတ်မိဘူးဗျ ..
(ကိုယ်ပိုင်ကားတစ်စီးမှမပါ )
ပထမဆုံး ဆိုတဲ့သီချင်း ... သန်းထွန်းလေး သီချင်းပါ (မွေးဌာနီ )
ပထမဆုံး ၀ယ်တဲ့သီချင်းခွေ ... 99 လက်ဆောင်
ပထမဆုံးရဖူးတဲ့ လက်ဆောင် ... သူငယ်ချင်းတစ်ယောက် ပေးတဲ့ အနွေးထည်လေးပါ
ပထမဆုံး အလုပ် ... ဆိုင်ကယ် ကယ်ရီ အလုပ်ပါ ..ကျောင်းတက်ရင်းလုပ်တာ.. ၀ါသနာပါလို့
လွင့်နေရတာကို က စိတ်အားသန်နေတာ .. အဲဒါကြောင့် ..ဟဲဟဲ
ပထမဆုံး တစ်ယောက်ထဲ ခရီးသွားခြင်း ... မိတ်္ထီလာမြို့သို့ သွားခြင်း ...
ပထမဆုံးသောက်ဖူးသော ဆေးလိပ်/အရက် ... ရွှေနှင်းဆီ ဆေးလိပ် .. Tiger ဘီယာပါ ..
အခုတော့ မသောက်တော့ပါ ....
ပထမဆုံးခင်တဲ့ ဘလော့ဂါမိတ်ဆွေ ... ကိုမျက်လုံးပါ .. သူနဲ့ နေရင်းနဲ့ပဲ blog ထဲကို စမ်းလျှောက်ခဲ့တာပါ
ပထမဆုံး ရေးတဲ့ ရည်းစားစာ ... “မင်းကတော့ ရုပ်ဆိုးတယ် ဒါပေမယ့် မင်းကိုချစ်တယ်”
ဆိုတဲ့စာသားလေးပါ ကောင်မလေးက
ချစ်စရာကောင်းတယ်ဗျ သူများတွေက မြှောက်ပြောကြတာလေ ..
အဖြေမရတော့ ကိုယ့်အလှည့်ရောက်တော့ ကြွေမလားပေါ့လေ..
ပြောင်းပြောကြည့်တာ ..အတူတူပါပဲ .. မရဘူး ..ဟိဟိ
ပထမဆုံးအရက်သောက်ခြင်း ... ဒုတိယနှစ်မှာဗျ .. အောင်ပွဲခံတဲ့နေ့လေ..
ဆိုးတကာ့ အဆိုးတွေပေါ့..သိပ်မဆိုးပါဘူး .. တစ်ခါတည်းပါ (ယုံလား )
ပထမဆုံး ချစ်မိခြင်း ... မိန်းကလေး တစ်ယောက်ကိုပါ ..
ကြွေမွသွားတဲ့ ရွက်ခြောက်လေးတစ်ရွက်လို
ကွယ်ပျောက်ခဲ့ပါပြီ .. ( တစ်ခါတုန်းကပေါ့ )

Tag ထားတဲ့ သူငယ်ချင်းတွေက ကြာနေပြီ .. အခုမှ အချိန်လေး ရလို့ ပါ ... နားလည်ပေးပါလို့ ပြောပါရစေ

ပထမဆုံးကို Tag ထားတဲ့ ညီလေး ညီသွေး (ကြယ်ဇင်သွေး) ၊ ညီမ မီးလေး (ခိုင်သင်ဇာ) တို့ရဲ့ နှစ်ယောက်
tag ထားတာကို ဖြေပေးရခြင်းပါ .. သူငယ်ချင်း ညီ ၊ ညီမ ကို အားနာပါတယ်.. နောက်ကျနေလို့

3 comments:

Anonymous said...

အကိုရေ နားလည်ပါတယ်ဗျာ။ ကျွန်တော်ကိုမအားသေးဘူးပြောထားတာပဲကို။ အခုလိုရေးပေးတာလဲကျေးဇူးပါ။ တခါထဲပြောခဲ့မယ်။ ထပ် tag မယ်နော်။ အချစ်ဆိုသည်မှာတဲ့။ ဒန့် ဒန့် .....

flowerworld said...

ကိုနောင်မမေ့ပဲရေးပေးတာကိုကျေးဇူးပဲနော် မီးလေးရဲ့အကိုမအားမှန်းသိပါတယ် ကိုနောင်ရေချိန်းပွဲဆိုရင်မီးလေးလဲမမေ့နဲ့ ဆေးအိပ်ဆွဲပြီးလိုက်မှာနော်...ဟီးးး.. ပျော်ရွှင်ပါစေနော်

kiim said...

“မင်းကတော့ ရုပ်ဆိုးတယ် ဒါပေမယ့် မင်းကိုချစ်တယ်”
ဆိုတဲ့စာသားလေးပါ ကောင်မလေးက
ချစ်စရာကောင်းတယ်ဗျ သူများတွေက မြှောက်ပြောကြတာလေ ..
အဖြေမရတော့ ကိုယ့်အလှည့်ရောက်တော့ ကြွေမလားပေါ့လေ..
ပြောင်းပြောကြည့်တာ ..အတူတူပါပဲ .. မရဘူး ..ဟိဟိ
အဲဒါလေးကိုတော်တော်သဘောကျတယ်.. :P :P